Tuesday, March 20, 2012

ဒေါ်စု ဘာလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခုလက်ခံပီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့ ကြိုးစားသလဲ.....

by James Mmt on Sunday, 18 March 2012 at 20:24 ·


၂၀၀၈ ဖွဲ့စည်းပုံကနေ ပထမဆုံး အကောင်အထည် ဖော်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့၊ အခုလာမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှစ်ခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပဲ အခြေပြုတာ ဖြစ်ပေမယ့် သဘောသဘာဝ ကွဲပြားပါတယ်....... ၂၀၁၀ မှာ NLD ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် တကယ် ကျုံးသွင်းခံရမှာ ဖြစ်ပါတယ်...... အခုလက်ရှိမှာ ၂၀၀၈ ရွေးကောက်ပွဲ ၀င်ခွင့် ဥပဒေက တစ်ချို့သော အချက်ကို ဒေါ်စု ရွေးကောက်ပွဲ ၀င်ရန် လိုက်လျောပေးတဲ့ အနေနဲ့ ဖယ်ထုတ်လိုက်တဲ့အတွက် NLD ရွေးကောက်ပွဲကို ရဲရဲဝံ့ဝံ့ ၀င်လိုက်တာ ဖြစ်ပါတယ်...... ဥပဒေတစ်ခုကို ပြင်တာနဲ့ အစိတ်အပိုင်း တစ်ခု ဖယ်ထုတ်တာနှစ်ခု မတူပါဘူး.... ဒေါ်စုတို့ ရွေးကောက်ပွဲ ၀င်ဖို့ ရွေးကောက်ပွဲ ဥပဒေက အချက်တစ်ခုကို ဖယ်ထုတ်လိုက်တယ် ဆိုကတည်းက ယခု လက်ရှိ အစိုးရထဲက Reformer တွေရဲ့ အားကို မှန်းဆလို့ ရပါတယ်...... ချံပီယံ ဆု လိုချင်ရင် ကြိုးဝိုင်းထဲကို ၀င်ထိုးရဲရမှာ ဖြစ်ပါတယ်..... ကြိုးဝိုင်းထဲ မ၀င်ပဲ ၀ိုင်းထဲကထိုးပွဲတွေကို လုပ်ဇတ်တွေလို့ ဘေးကဝေဖန်နေတာသည် တကယ်ယှဉ်ပြိုင်နေသူတွေကို မငဲ့ညှာရာ ကျပါတယ်.... ဥပမာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ဦးသိန်းညွန့်...... ထို့အတူပဲ အခုလက်ရအထိ ပြင်ဆင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုင်းအစလေးတွေကိုလည်း လျစ်လျူရှုရာ ကျပါတယ်..... ဒီနေရာမှာ သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ ကိုယ်တိုင် ၀န်ခံထားတဲ့ ပြင်ဆင်ဖို့ ဥပဒေတွေ ရှိသေးတယ် ဆိုတာကို မမေ့လျော့သင့်ပါဘူး......
--------------------------------------------------------------------------------------------------------
 .... ဒေါ်စုလည်း ပုထုဇဉ်ထဲက ပုထုဇဉ် လူသားတစ်ယောက် ဖြစ်တဲ့ အတွက် မှားနိုင်တာပဲ...... ကျွန်တော်တို့ဘာသာ အဆုံးအမရဲ့ ဗြဟ္မစိုရ် တရားအရ မှားသွားခဲ့ရင် ပြည်သူတွေရဲ့ အားတစ်ခု အနေနဲ့ ဖေးမ မှု ပြုပေးရမှာပဲ ဖြစ်ပါတယ်...... လက်ရှိ အနေအထားအရတော့ အဲ့လို မမြင်မိ ဘူး..... ဒေါ်စုမှားတာနဲ့ ဆော်မယ် နှက်မယ်ဆိုတဲ့ ကျားချောင်း   ချောင်းနေကြသူတွေကြီးပဲ...... အဲ့ဒီတော့ ကျွန်တော်တို့အနေနဲ့ ချံပီယံဆုနဲ့ ထိုက်တန်ကြောင်းကို အများလေနဲ့ ပြောနေသလို မဟုတ်ပဲ ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ၀င်ယူမယ် ဒေါ်စု ကို ဘာလို့ မပံ့ပိုးနိုင်ရမှာလဲ၊ ကိုယ်နိုင်တဲ့ အပိုင်းကနေ ၀န်းရံသင့်တယ် ဆိုတာ နိုင်ငံကို တိုးတက်ချင် စိတ် ရှိတဲ့သူတိုင်း သဘောပေါက်မယ် ဖြစ်ပါတယ်လို့ပဲ မြင်မိပါတယ်...
------------------------------------------------------------------------------------------------------------

နောက်တစ်ခုက ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှမ်းမိုးတဲ့ ပါဝါနဲ့ အခု ၂၀၁၂ ရွေးကောက်ပွဲက ပါဝါ အခြေတည်ရှိမှု ကွဲပြားနေပါတယ်...... ဘယ်လိုပဲ တပ်ချုပ်ကြီးရဲ့ လက်ရာခြေရာတွေ ကျန်သေး တယ်   ပြောပြော ၂၀၁၂ သည် လူတစ်ဦးထဲရဲ့ အမိန့်နဲ့ ကွန်ထရိုးအောက်က ဆင်းသက်လာတာ မဟုတ်တော့ ပါဘူး...... ပါဝါ Balance မျှတသည် ဖြစ်စေ မမျှတသည် ဖြစ်စေ လူအချို့ရဲ့ ခွဲဝေရရှိမှုအောက်မှာ ပါဝါ ရောက် သွားတဲ့အတွက် နိုင်ငံကို တိုးတက်ချင်စိတ် ရှိသူတွေ ပေါင်းစည်းမိသွားမှာပါ........ ကန့်လန့်တိုက်ချင်သူတွေ သူ့အလိုလို မြောင်းထဲ ရောက်သွားမှာပါ ဒါဟာ ထရန်စပေရန်စီ ခေါ်တဲ့ အနည်းငယ်လေး ပွင့်လင်းမြင်သာမှု ရှိတာကနေ ပြည်သူတွေ တစ တစ မြင်တွေ့လာတဲ့ ရလာဘ်တွေပါ.....

 ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ မ၀င်သည် ဖြစ်စေ၊ ပြည်သူတွေရဲ့ လေးစားချစ်ခင် မှု၊  နိုင်ငံတကာ အသိုင်း အ၀ိုင်းရဲ့ အသိအမှတ်ပြုမှုကို ရပီးသား ဖြစ်ပါတယ်.... ရွေးကောက်ပွဲ ၀င်ပီးလို့ လွှတ်တော်ထဲ ရောက်သွားကာမှ လူ့အကြိုက် နတ်မလိုက်နိုင်ဆိုတဲ့အတိုင်း ပြည်သူအချို့ရဲ့ ပြစ် တင် ဝေဖန်မှုကိုခံရမှာ ဖြစ်ပါတယ်.... ဒါပေမယ့် ဒေါ်စုဟာ လက်ရှိ အခြေအနေ၊ ပါဝါ Balanec အနေအထား၊ Transparency Level တွေကို တွက်ချက်ပီးမှ ဒီရွေးကောက်ပွဲကို ၀င်တာဖြစ်တဲ့အတွက် ဦးနှောက်မရှိ ဘူးလို့ ဝေဖန်လို့ မရပါဘူး....... ကိုယ့်ကို ထူးခတ်မယ့် ကျုံးလို့ ယူဆတာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတာ ၀င်ရဲတာသည် လူချွန်လူကောင်းတွေရဲ့ စိတ်ဓါတ်မျိုးဖြစ်ပါတယ်......

အချို့အချို့သော လူတွေဟာ ဖြစ်နိုင်ရင် ဒေါ်စုကို အကျယ်ချုပ် ပြန်ကျစေချင်နေကြတယ်..... ဒါမှလည်း သူတို့ အဆင်ပြေမယ်လို့ ထင်နေကြတယ်..... ဒီနေရာမှာ ကျောင်းသား ခေါင်းဆောင် သခင်အောင်ဆန်းကို အင်္ဂလိပ်အစိုးရက နိုင်ငံရေး လုပ်လို့ဆိုပီး ထောင်ချဖို့ ကြိုးစားခဲ့တယ်....... သခင်အောင်ဆန်းဟာ ထောင်ကိုရှောင်လိုတဲ့ စိတ်ဓါတ်ရှိခဲ့တယ်..... ဒါဟာ ကြောက်လို့ မဟုတ်ဘူး......   ထောင်ကျခြင်းသည် လုပ်ငန်းကို နှောင့်နှေးစေတယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်.... . သေခြာ ပြန်လေ့လာကြည့်ပါ သခင်အောင်ဆန်းရဲ့ နိုင်ငံရေး သက်တမ်းတလျှောက်မှာ ထောင်ဒဏ် (၁၅) ရက်ပဲ ကျဖူးခဲ့တယ်...... ခင်ဗျားတို့ အထင်သေးကောင်း သေးမယ်.... ဒါပေမယ့် အဲ့ဒိ ထောင် မကျချင်လို့ ထောင်ကိုရှောင်တဲ့ ကျောင်းသားခေါင်းဆောင် သခင်တစ်ယောက်ရဲ့ ကြိုးပန်းမှုကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာတယ်ဆိုတာ မမေ့အပ်ဘူးဗျ...... ကျွန်တော်တို့ဟာ Events တွေနဲ့ Events တွေမှာ ပါဝင်ကပြနေတဲ့ လူတွေရဲ့ အရည်အချင်းကိုပါ ပုဂ္ဂိုလ်ရေး အမြင်ကို ဖယ်ထားပြီး ကြည့်ရှု သုံးသပ်ရမှာ ဖြစ်ပါတယ်..... ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ရှေ့တန်းတင်လို့ အဲ့ဒိပေတံနဲ့ ချိန်ထိုးနေမယ်ဆိုရင် ကိုယ်တစ်ယောက်ထည်းက ကိုယ်ဖြစ်စေချင်သလို သုံးသပ်နေတဲ့ ငါမိုကရေစီ ဖြစ်သွားလိမ့်မယ်ဗျ......

လက်ရှိ လွှတ်တော်ထဲ ရောက်သွားရင် ဖြစ်ပေါ်လာမယ့် အနေအထားသည် လက်ရှိ အစိုးရဘက်က သဘောထား တင်းမာသူ၊ သဘောထား ပျော့ပြောင်းသူ၊ နိုင်ငံကို ပြုပြင်ပြောင်းလဲလိုသူတွေ သုံးပွင့်ဆိုင်အနေအထား ဖြစ်ပါတယ်.....

အချုပ်အနေနဲ့ ဒေါ်စု လွတ်လာကာစ ဘာမှမလုပ်တော့လည်း မလုပ်လို့၊ လူမှုရေး လုပ်တော့လည်း လုပ်လို့၊ ရွေးကောက်ပွဲ ၀င်တော့လည်း ၀င်လို့ဆိုပီး ဝေဖန်နေတဲ့ လူတွေအနေနဲ့ ကိုယ်ဝေဖန် တာ လေကန်တာ အနိုင်ရရေးသာ ရှေးရှုနေတယ်၊ ဒေါ်စု သုံးသပ်သွားတာ ကစားသွားတာတွေကို မမြင်ကြဘူး..... ချက်စ်ထိုးတာမှာ ဥာဏ်ရည် မမှီတဲ့ သူတွေဟာ ဟိုဘက်ဒီဘက် ပိုင်ဆိုင်မှု အကောင် အရည်အတွက်ကို ကြည့်ပီးတော့ အရှုံးအနိုင်ကို ဝေဖန်ကြတယ်...... ကျွမ်းကျင်တဲ့ သူတွေဟာ အကောင်အနည်းအများထက် အကွက်ခင်းပုံ ခင်းနည်းနဲ့ ရွှေ့သွားပုံကို ကြည့်ပီး ဆုံးဖြတ်ကြ တယ်..... ဒေါ်စုလည်း ပုထုဇဉ်ထဲက ပုထုဇဉ် လူသားတစ်ယောက် ဖြစ်တဲ့အတွက် မှားနိုင်တာပဲ...... ကျွန်တော်တို့ဘာသာ အဆုံးအမရဲ့ ဗြဟ္မစိုရ်တရားအရ မှားသွားခဲ့ရင် ပြည်သူတွေရဲ့ အားတစ်ခု အနေနဲ့ ဖေးမမှု ပြုပေးရမှာပဲ ဖြစ်ပါတယ်...... လက်ရှိ အနေအထားအရတော့ အဲ့လို မမြင်မိ ဘူး..... ဒေါ်စုမှားတာနဲ့ ဆော်မယ် နှက်မယ်ဆိုတဲ့ ကျားချောင်း ချောင်းနေကြသူတွေကြီးပဲ...... အဲ့ဒိတော့ ကျွန်တော်တို့အနေနဲ့ ချံပီယံဆုနဲ့ ထိုက်တန်ကြောင်းကို အများလေနဲ့ ပြောနေသလို မဟုတ်ပဲ ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ၀င်ယူမယ် ဒေါ်စု ကို ဘာလို့ မပံ့ပိုးနိုင်ရမှာလဲ၊ ကိုယ်နိုင်တဲ့ အပိုင်းကနေ ၀န်းရံသင့်တယ် ဆိုတာ နိုင်ငံကို တိုးတက်ချင်စိတ် ရှိတဲ့သူတိုင်း သဘောပေါက်မယ် ဖြစ်ပါတယ်လို့ပဲ မြင်မိပါတယ်.......

မှတ်ချက် ။       ။ ကျွန်တော့အနေနဲ့ ဒေါ်စုကို ၀န်းရံတယ်ဆိုတဲ့ နေရာမှာ ဒေါ်စုရဲ့ ပါတီဖြစ်တဲ့ NLD ရဲ့ စည်းကမ်း မရှိမှု အချို့တွေကို ထောက်ပြခဲ့ဘူးပါတယ်..... ဒါဟာသည်လည်း ကိုယ့်ခေါင်းဆောင် ကြိုးဝိုင်းထဲမှာ ရေကုန်ရေခန်း ပြိုင်ဘက်တွေ တစ်ယောက်ပီး တစ်ယောက်နဲ့ ထိုးရမယ့် အချိန်မှာ နောက်ကနေ ဖောက်နေတဲ့ လူတွေကို ထိမ်းသိမ်းဖို့ ကိုယ်နိုင်သလောက် ကြိုးပန်းခဲ့တာ ဖြစ်ပါတယ်...... ဒါပေမယ့်လည်း ထုံးစံအတိုင်း တံဆိပ်တတ်စွတ်စွဲမှုတွေ တစ်ပုံတစ်ပင် ကြုံခဲ့ရပါတယ်..... အခု ဒီစာရေးဖြစ်တာလည်း ကိုယ့်ကို ကျုံးသွင်းမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာလို့ ဒေါ်စုနဲ့ NLD လက်ခံပီးဝင်သလဲ ဆိုတဲ့ အပြစ်တင်နေသူတွေ၊ မရှင်းလင်းသူတွေ ဖတ်နိုင်ရန် ဖြစ်ပါတယ်.... ကျွန်တော် ဘယ်ဘက်ကမှ မဟုတ်ပါ.... ဒီလိုရေးတဲ့အတွက် ကြံ့ဖွံ့ကလူတွေ သောက်မြင် ကပ်ပါတယ်..... မုန်းပါတယ်..... ဒါပေမယ့် ဒီမိုတွေလို့တော့ ဆိတ်×စေ့လို့ မစွတ်စွဲဘူး၊ ကြမ်းကြမ်းတန်းတန်း ပုဂ္ဂိုလ်ရေး မဝေဖန်ကြဘူးဗျ........ ကျေးဇူးတင်ပါတယ်.......

James Mmt facebook မှကူးယူဖော်ပြသည်။

No comments: