Sunday, March 11, 2012

ကိုကိုကြီး၏ မှတ်ချက်


ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ်
ကိုကိုကြီး ( ၈၈ မျိုးဆက်ကျောင်းသား ) ၏ မှတ်ချက်

အဓိကကသေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်ကတော့ အမှန်အတိုင်းပေါ်ပေါက်စေချင်တယ်။ဒါကျနော်တို့ အားလုံးရဲ့ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက မြေပေါ်မှာ ရှိစဉ်ကတည်းက လက်တွဲခဲ့ဘူးတဲ့သူတွေ၊သူတို့ကကျောင်းသားလှုပ်ရှားမှုမှာ တကယ် ဦးဆောင် ပါဝင်ခဲ့ သူတွေ၊ အဓိက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ကာလတစ်ခုမှာ သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့ သံသရတွေနဲ့ အလုပ်တူလုပ်နေချင်းတူတာတောင် ဘယ်သူကထောက် လှမ်းရေးဖြစ်နိုင် တယ်လို့။ ဘယ်သူ ကသတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲ မှုတွေဖြစ်ခဲ့ကြတယ်။ တောတွင်းမှာ လက်နှက်ကိုင်တဲ့အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့၊ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေ ဖြစ်သွားတယ် ။ ပိတ်ဆို့ထားတဲ့ စနစ်ဆိုးကြီးတစ်ခု ကြောင့်မို့လို့  စတေးခံ လိုက်ကြရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျနော်တို့ မြင်တယ် ။

                   ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရ မှာအမှန်ဘဲ ။ ဒါသူတို့တာဝန်ယူရမှာ ။ ကျနော်တို့မြင်တာတော့ သူတို့က ကျောင်းသားတွေဘဲလေ။ လူတွေ ပါဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ ။ နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေး မို့ လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့် ဘူးလို့မြင်တယ် ။ အဓိက ကတော့ ဒီလောက်အကျယ်တ၀င့်ဖြစ်ဘို့တောင်မလိုဘူး ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်နင့်နဲနဲခံစားခဲ့ကြရတဲ့ လူတွေက ၊ ဒီလူတွေကထောက်လှမ်းရေးမဟုတ်ဘူး ၊ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့ တယ်။  အဲဒီအတွက် သူတို့တွေဟာ စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ ရင်တောင်မှ သူနဲ့ ရင်းနှီး တဲ့ သူတွေအားလုံးက နည်းနည်းသက်သာမဲ့ ၊ စိတ်ခံစားမှု ဖြေလျှော့ မယ့်သဘော ရှိတယ် ။ ဒီအပေါ်မှာ ကျနော်တို့ဟာဘယ်သူ့ဘက်ကဘဲဖြစ်ဖြစ်ဒီကိစ္စဟာမှန်မှန်ကန်ကန်တော့ဖေါ်ထုတ်ဘို့လိုတယ်။ ဒီလူတွေဟာခတ်ဆိုးစံနစ်ဆိုးတစ်ခုတည်းမှာသူတို့ဓါးစာခံဖြစ်ခဲ့ကြရတယ်။အဲဒါကိုပေါ်လွင်ဘို့လိုတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင် ငံရေး လည်းအသတ်ခံ ရတဲ့ဟာမျိုးက အသတ် ခံရ တာထက်ပိုဆိုးတယ် ။ အဲဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်တယ် ။

                   ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို မလိုလားဘူး ။ အဓိက ကအဖြစ်မှန်ပေါ်ပေါက်ဘို့ဘဲ။ ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျနော်တို့က တစ်ချို့ကျူးလွန်ခဲ့ တဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်ဒါတွေက မေ့ပစ်ဖို့တော့မဟုတ်ဘူး ဆိုတဲ့ Forgive လုပ်နိုင်တယ် ၊ Forget လုပ်လို့မရဘူး၊ ဒါတွေက သမိုင်းမှာ ဒါတွေဖြစ်ခဲ့တယ်ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဘို့ ကြိုးစားနေတယ်။ အားလုံးကဆန္ဒရှိတယ်။ ကိုယ့်ဘက်မှာဖြစ်နေတဲ့ ဟာ ကျမှဒါကြီးကိုဖုံးကွယ်ပစ်လိုက်ဘို့ မဖြစ်သင့်ဘူး။ကိုယ်တွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးရဲရဲရင့်ရင့် ဖေါ်ထုတ်တာ မျိုး ၊ တာဝန်ယူတာမျိုးတော့ ကိုယ်ကနမူနာ ဖြစ်သင့်တယ်လို့မြင်တယ် ။    ။

          The Messenger ဂျာနယ် Volume 2 , No. 43 ( 12.03.2012 ) မှ ကူးယူဖေါ်ပြပါသည်။

No comments: