Sunday, March 18, 2012

ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း(၅)

နောက်ထပ်ဖော်ထုတ်ရအုံးမယ့်အမှုတွေ
ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)   
အခန်း ၄ မှာတုန်းက ဆေးဆရာမတွေအကြောင်းကိုရေးခဲ့ပါတယ်။သူတို.နဲ.ပက်သက်ပြီးနဲနဲ ပြောစရာ ရှိပါသေးတယ်။ သူတို.ထဲကဆေးဆရာမ သိန်းဆွေ(တိန်.ဆွေ)နဲ.တင်စန်းဦးတို. နှစ်ယောက်ဟာ ပြည့်စိုး ခိုင်သေသွားတော့အဲဒီသေတဲ့ I ရုံးထဲမှာ ခင်ချိုဦး(အသတ်ခံကျောင်းသူ)ကိုသေနေတဲ့ပြည်စိုးခိုင် ရဲ. မတော် ရာကို ( Oral Sex ) လုပ်ခိုင်းတဲ့အထဲမှာပါခဲ့တဲ့သူတွေ ပါ။(ဝမ်းနည်းစရာကောင်းတာကအဲဒီနှစ်ဦးဟာ အခု ရန်ကုန်ရောက်နေပြီးကျနော်တို.ရဲဘော် ရဲဘက်ထဲကတဦး(အနှိပ်စက်ခံလွတ်မြောက်) ရဲ.အီမ်မှာဝင်ထွက်သွားလာနေကြတဲ့အထိရင်းနှီးနေ ကြတာပါ။ဒါကဘာကိုပြသလဲဆိုတော့ကျနော်တို. အထဲမှာကိုကခင်မင်မှု အရဒီအမှုကြီးတကယ်ပြန်ပေါ်လာမှာကိုအားတက်သရောမရှိကြသူတွေ ရှိနေသေးတယ်ဆိုတာပြနေတာပါ ပဲ။ 
တချို.ကြတော့လဲကိုယ်တိုင်အဖမ်းမခံရခင်ကကျုးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေပြန်ပေါ်လာမှာ ကြောက်လို. လဲဖြစ်နိုင်ပါတယ်။အပေါ်မှာနာမည်ပါတဲ့ဆေးဆရာမနှစ်ဦးကတော့တရားစွဲခံရ မဲ့တရားခံစာရင်း ထဲမှာသေ ချာပေါက်ပါမှာဖြစ်ပြီးအမှုအကြီးအသေးကတော့သူတို.ရဲ.ထွက်ဆို ချက်နဲ.ဘယ်လောက်ထိပူးပေါင်းဆောင် ရွက်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ 

ဒါတွေက တော့တက်ကျွမ်းနားလည်တဲ့ဥပဒေပညာရှင်များနဲ.နိုင်ငံတကာတရားသူကြီးတွေရဲ.အလုပ်ပါ။
ကွန်မန်ဒို(တိုက်ခိုက်ရေး)များနဲ.ပက်သက်ပြီး စစ်ကိုင်းတိုင်း ABSDF ဖြစ်မြောက်ရေးကိုဦးဆောင်ကြိုးပမ်း ခဲ့တဲ့ကိုကျော်ကျော်အုန်း တို.ကိုလိုက်သတ်တဲ့ကိစ္စကိုနောက်ပိုင်းမှာဆက်လက်ရေးသားပေးပါမယ်။
နောက်ထပ်ရေးချင်တာကကွန်မန်ဒိုထဲကအပြစ်လုပ်မထားတဲ့သူတွေအနေနဲ. မျိုးဝင်း နောက်ကျည် နဲ.သေ တဲ့ပွဲမှာဘယ်သူတွေပါသွားသလဲ?အသက်ခံခဲ့ရတဲ့ဦးဝင်းကို ကိုလိုက်ပို.ခဲ့ တာဘယ်သူတွေလဲ? မျိုးဝင်း နောင်တောင်း ကိုဘာသွားလုပ်သလဲ၊?ရွှေလီမှာ ယွမ် ၁၁၀ တန် အခန်းမှာတည်းပြီးဘယ်သူတွေနဲ.တွေ.သလဲ?ဒါတွေကိုသိတဲ့လူတွေပြောကြပါ။နောက်တခါ အန်တီဒေါ်သောင်းလှအသတ်ခံရတဲ့ကိစ္စမှာ တာဝန်ရှိသူတွေ၊နောက်ပိုင်းအမှုတွေဖြစ်တဲ့ ရင်ကျန်းဘေးကရှမ်းရွာမှာ ABSDF ကလက်နက်တွေအသီမ်းခံ ရတော့ ကျော်မြင့်ကထောင် အနှစ် ၂၀ ကျသွားတဲ့ကိစ္စမှာတာဝန်ရှိတယ်ဆိုပြီးတော့စွတ်စွဲပြီး နောင်ရော်ပါ မှာခုတ်သတ်ခံခဲ့ ရတာဘယ်သူလဲ?သူ.ကိုခုတ်တဲ့ထဲမှာ အောင်ဆွေဦး ပါလား၊ ရင်ကျန်း က ခါဂျာမုန်.ရောင်း တဲ့ သူကိုခေါ်ခုတ်တာ ကျော်ကျော် လို.ပြောနေတာဟုတ်လား?မဟုတ်ရင်ဘယ်သူတွေ လဲဆိုတာ ပြောရ ပါမယ်။ခင်ဗျားတို.သုံးနေတဲ့စကားပြန်သုံးရရင် “ နိဂုံးချုပ် “ ပါတော့မယ်။နောက်ကျတဲ့ သူက ကျနော်တို.ကို ပြည်သူတွေကိုပြောပြရတာမဟုတ်ပဲ တရားရုံးမှာတရားခံတွေအဖြစ် ထွက်ဆိုနေရတာဖြစ်နေပါလီမ့်မယ်။ 


သံချောင်း ကငြီမ်းချမ်းရေးလုပ်ဖို.ကြီုးစားချိန်မှာ သိုက်ထွန်းဦးဟာ ငြီမ်းချမ်းရေးကိုဖျက်ဖို.ကြီုးစား ခဲ့ပါတယ်။သူက ၅၀၁ ရင်းမှုးဆိုတော့ ၅၀၁ က မောင်ဦးကိုသုံးပြီး ဗန်းမော်ဗျုဟာက တပ်မတော် ဗျုဟာမှုး ကိုလုပ်ကြံဖို. မောင်ဦးကို ခိုင်းရာမှာ KIA ကဖော်ထုတ်ဟန်.တားနိုင်ခဲ့ပါတယ်။သိုက်ထွန်းဦးဟာဒီလိုတက်ကြွ တဲ့အလုပ် တွေကိုလုပ်ခဲ့သူပါ။
သူနောက်ထပ်ဘာပြစ်မှုတွေလုပ်ခဲ့သေးလဲ?သိသူများဖော်ထုတ်ပေးကြပါ။ 

လွိုင်ဇာ ကအေးချမ်းမေ  ခေါက်ဆွဲဆိုင်မှာ သိုက်ထွန်းဦး၊အောင်ဆွေဦး၊သန်းဇော်တို.နဲ.တွေ တော့ ဘီယာ တိုက်ခိုင်းလို.တိုက်ရင်း ကျနော်ဟာထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းနဲ.၊ထွန်းအောင်ကျော် နဲ.ကိုချိုကြီး တို.လဲထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းဖွင့်ပြောခဲ့ဘူး ပါတယ်။အဲဒီလိုပဲ ပထမ အခေါက် အဖမ်းခံရအပြီး KIA ကပြန်အရောက် ဒုတိယအခေါက် အဖမ်းမခံရခင် သံချောင်းနဲ.စကားပြောရင်း “ဖမ်းမိတဲ့တရားခံတွေကို ဗီဒီယိုရိုက်၊စစ်ချက်ယူပြီး မီဒီယာတွေနဲ.တွေဆုံပြီးသတင်းစာရှင်းလင်းပွဲလုပ် နိုင်ငံရေးအမြတ်ထုတ်ပြီး ဖမ်း ထားတဲ့သူတွေ ကိုပြန်လွတ်ဖို. အကြံပေးခဲ့ပါတယ်။(အဲဒီနေ.ညက ညီညီကျော် တယောက်ထဲ ထွက်ပြေး တဲ့ညပါ ထောက်လှမ်းရေးတွေကိုသတ်ရင်ကျောင်းသားလက်တွေသွေးစွန်းမယ်။် ၊သွေးမစွန်းစေပဲ နိုင်ငံရေး အမြတ်ထုတ်ဖို.ပြောရာမှာ သံချောင်းက လက်ခံပါတယ်။ဒါပေမဲ့နောက်တရက်မှာ ပယ်ချခံခဲ့ရပါတယ်။နောက် တခါ ကျနော်တို.ထဲက ၅၅ ယောက်ထွက်ပြေးအပြီး ကျနော်တို. အကျယ်ချုပ် ဖြစ်နေချိန်မှာ သံချောင်း ကိုဖျောင်းဖြပြီး ဒီထဲမှာအမှားပါခဲ့တယ်ဆိုတာ ၀န်ခံခိုင်းဖို. လုပ်ခဲ့ပါတယ်။
 “C S ကျနော်ကတော့ထောက်လှမ်းရေးက ဗိုလ်အစစ်ပါ။ဒါပေမဲ့ လူတွေ ၁၀၀ ကျော်မှာ တချို.များမှားနေ မလားလို.ကျနော်အရာရှိတဦးအနေနဲ.သံသယ ရှိမိပါတယ်။အနာဂတ် နိုင်ငံရေးမှာ CS နဲ. ဥက္ကဌ က ကျနော်တို. ကို ဦးဆောင်ရမှာ၊အဲဒိအမှားတွေရှိခဲ့ရင် ဒီဂယက်တွေကိုခင်ဗျားတို. ၂ ယောက်ပဲခံရမှာ၊ဒီတော့ ဒီဖမ်းဆီးမှုတွေ မှာအမှားအယွင်းတွေရှိခဲ့ တယ် အဲဒါတွေကို VCS လုပ်ခဲ့တာပါဆိုပြီးပုံချလိုက်ပါ” ဆိုတော့သံချောင်းကလက် ခံပါတယ်။ ဒါပေမဲ့နောက်ရက်မှာအောင်နိုင်ရောက်လာပြီးABSDFဘယ်တော့မှမ မှားဘူးဖမ်းတဲ့အထဲမှာမှားတာတယောက်ပါရင်ကိုယ့်သာသာကိုယ်ကြိုးစင်တက်မယ်လို.ပြောပါတယ်။ ။ပြီးတော့ကျနော်.ကို မင်းဒီ စကားပြောတာထောက်လှမ်းရေးအလုပ်လုပ်တာပဲ၊သွေးခွဲတာပဲ၊နောက်တခါ   ပြောရင်မင်းကို တခါတည်း သတ်ပြစ်မယ်လို.ကြီမ်းပါတယ်။
ရေးသားသူ ညီညီ
(မြောက်ပိုင်းရဲဘော်ဟောင်း)
ဆက်လက်ရေးသားတင်ဆက်ပေးပါမည်

No comments: