Friday, March 9, 2012
ABSDF အဖွဲ့ဝင်များနှင့်မေးမြန်းချက်
ရေးသားချိန် 9 March 2012, 14:20 AEST 
၁၉၉၀ ​ဝန်းကျင်အတွင်း ​ABSDF ​ကျောင်းသားတပ်မတော် ​(မြောက်ပိုင်း) ​ထိန်းချုပ်ရာဒေသမှာ ​လူသတ် မူတွေဖြစ်ခဲ့တယ်ဆိုတဲ့ ​အကြောင်းတွေ ​ဖေ့စ်ဘွတ်စာမျက်နှာ၊ ​ဘလော့စာမျက်နှာ ​အစရှိတဲ့ ​အင်တာနက်စာ မျက်နှာမှာ ​ပွက်လောရိုက်နေပြီး ​စွပ်စွဲမူတွေ ​အပြန်အလှန်ငြင်းခုံနေကြတာကိုလည်း ​မြင်ခဲ့ရပါတယ်။ ​ပြီးတော့ ​ဒီ ရက်ပိုင်းအတွင်း ​ABSDF ​ကနေ ​အဖြစ်မှန်ပေါ်ပေါက်ရေးကော်မတီကို ​ဖွဲ့စည်းလိုက်ပြီး ​ဖွဲ့စည်း ရခြင်းရဲ့ ​ရည်ရွယ်ချက်တွေ ​ဘယ်သူတွေပါဝင်သလဲဆိုတာတွေ ​သိရအောင် ​ကိုမြတ်မင်းက ​ABSDF ​အဖွဲ့ ဝင်တွေနဲ့ ​ဆက်သွယ်မေးမြန်းထားတာတွေကို ​နားဆင်ရမှာဖြစ်ပါတယ်။
--------------------------------------------------------------------------------------------------------------------------------
--------------------------------------------------------------------------------
 ကိုကျော်ကျော်လင်း(အဖြစ်မှန်ပေါ်ပေါက်ရေး coordinator)
မေး။  ။ ဒီအဖွဲ့ ကိုဘာကြောင့်ဖွဲ့ ဖြစ်သလဲတချက်လောက်ရှင်းပြပေးပါခင်ဗျ။
ဖြေ။  ။ အဲဒီအဖွဲ့ ဖွဲ့ ဖြစ်တာတော့ကျနော်တို့ အခုမှဖွဲ့ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်ဒီကိစ္စနဲ့ ပတ် သက်ပြီးကျနော်တို့  ဒီညီလာခံအဆက်ဆက်မှာရော၊ဗဟိုကော်မတီအစည်းအဝေးအဆက်ဆက်မှာရော ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီကိစ္စအပေါ်မှာကျနော်တို့ ဘယ်လိုမျိုး တာဝန်ခံ မှုတွေဖော် ထုတ်သွားမလဲဆိုတာ ကျနော်တို့ ကြားမှာဆွေးနွေးခဲ့တာရှိပါတယ်။ ဒီကိစ္စကို တချိန်ချိန် အချိန် တခုရောက်လာ တဲ့အခါ မှာ ဖြေရှင်းဖို့ ဗဟိုကော်မတီကြားမှာ သဘောထားထုတ်ပြန်ထား တာရှိ ပါ တယ်။ ဒါပေမယ့်ကျနော်တို့  လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလ၊ ဗဟိုကော်မတီအစည်း ဝေး မှာတော့ကျနော်တို့ ဒီကိစ္စကို စတင်ကိုင်တွယ်သင့်တဲ့အချိန်ရောက်ပြီလို့  ကျနော်တို့ ဆုံးဖြတ်ပြီး ကျနော်တို့ ဒီ အလုပ်အဖွဲ့ ကိုစတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါတယ်။
အလုပ်အဖွဲ့ ပေါ်ပေါက်လာပုံနောက်ခံအကြောင်းအရာပါ။ ဘာကြောင့်ဖွဲ့ စည်းရလည်းအဓိကရည်ရွယ်ချက် က ကျနော်တို့ ဒီလိုရှိတယ်ခင်ဗျ။ ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ကိုထွန်းအောင်ကျော်အပါအ၀င် ကျနော်တို့ ဒီ မကဒတမြောက်ပိုင်းအဖွဲ့ ဝင် ၁၅ ဦး သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်။ အဲဒါနဲ့ ပတ်သက်တဲ့ ပြဿ နာတွေကျနော်တို့ အများကြီးစဖြစ်ခဲ့တာရှိတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ပုံစံမျိုးစုံ နဲ့ ကျနော်တို့ ပြော   နေ ဆိုနေကြတာတွေရှိပါတယ်။ ရှုဒေါင့်ပေါင်းစုံကပြောနေကြတာပေါ့။ ကာယကံရှင်ဖြစ်တဲ့ ကျနော်တို့    အေဘီအက်စ်ဒီအက်ဖ် အနေနဲ့ လည်း လက်တွေ့ အခြေအနေကိုထင်ဟပ်စေတဲ့ တိကျတဲ့ မှတ်တမ်းတခု ထွက်ဖို့ လို တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါက ကျနော်တို့ ကြားမှာမဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းတခုလို့ ခံယူပါတယ်။ ဒါက ကျနော်တို့ ပထမဦးဆုံးရည်ရွယ်ချက်ပါ။
နောက်တခု ကတော့ အမှန်တကယ်နစ်နာခဲ့ရတဲ့သူတွေရှိနိုင်ပါတယ်။ ကျနော်တို့ ဒီကိစ္စအပေါ်မှာ။ တကယ် တမ်း နစ်နာခဲ့တဲ့သူတွေကို ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ် ကနေတစုံတရာပြန်လုပ်ပေးရမယ့်တာဝန်  ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့ အတွက် ကျနော်တို့ အမှန်တရားတွေ၊တရားမျှတမှုတွေ    ဖော်ထုတ်ပေးရမယ့်တာဝန်ကျနော်တို့ မှာရှိပါတယ်။ဒါကအလုပ်အဖွဲ့ ဖွဲ့ စည်းရခြင်းရဲ့ ရည်ရွယ်ချက်တခုပါ။ 
မေး။ ။အချက်အလက်ကောက်ခံတဲ့နေရာမှာဘယ်လိုအခက်အခဲတွေ တွေ့ နိုင်တယ်လို့ ကြိုတင်တွက်ဆ မှုတွေ ရှိပါသလဲ။
ဖြေ။  ။ ပထမဦးဆုံးအခက်အခဲကတော့ ပထ၀ီအနေအထားအရ နေရာအနှံ့ အပြားမှာ တည်ရှိနေတာဟာ  ကျနော်တို့ အတွက်အကြီးမားဆုံးစိန်ခေါ်မှုပါ။ မြန်မာနိုင်ငံမှာရှိတယ်။ ထိုင်းနယ်စပ်မှာရှိတယ်။တရုတ်နယ်စပ် မှာရှိတယ်။သြစတြေးလျမှာရှိတယ်။ ကျနော်တို့ အများစုပေါ့နော်။ တချို့ ဆိုရင်ထောင်ထဲမှာ တောင်ရှိပါသေး တယ်။ဥပမာကျနော်တို့  ကိုသံချောင်းပေါ့။ ကိုသံချောင်းဆို ထောင်ထဲမှာ။ ကိုသံချောင်း ဟာဒီကိစ္စမှာ အဓိ ကကျတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တဲ့သူဖြစ်တယ်လို့ ကျနော်တို့ အပြင်မှာသုံးသပ်ထားတာရှိပါတယ်။ သူကိုယ် တိုင်က ထောင်ထဲမှာကျနေပါတယ်။ ကျနော်တို့  အားလုံးရဲ့ အသံကို အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရဖို့ ကကျနော်တို့ တော်တော်လေး ခက်ခဲပါတယ်။ ဆိုလိုတာက ကျနော်တို့ နေရာဒေသအခက်အခဲ ကြောင့်   ပြောတာပါ။ ဘယ်လိုမျိုးကျနော်တို့ ကျော်လွှားလို့ ရမလဲဆိုတာက အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ အပြည့်အ၀တောင်းဆိုချင်ပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ရမယ်ဆိုရင်တော့ အခက်အခဲကိုကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်။  ဥပမာအနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် ကျနော်တို့  အများစုက ဗမာပြည်ထဲမှာ ရှိကြပါတယ်။ အဲဒီလူတွေကိုကျနော်တို့ ဘယ်လိုမျိုးတွေ့ နိုင်အောင်လုပ်မလဲ ။ သူတို့ ဆီကကျနော်တို့ testimony သဘောမျိုးပေါ့။ကျနော်တို့ ဘယ်လိုမျိုးရအောင်ယူနိုင်မလဲဆိုတာ က  ကျနော်တို့ အတွက်တကယ့်ကို ကြီးမားတဲ့အခက်အခဲတွေပါ။ သို့ သော်လည်းအားလုံးက အမှန်တရားတခု   ပေါ်ထွန်းရေးဆိုတဲ့ ခုန ခေါင်းစဉ်အောက်က ယုံယုံကြည်ကြည်နဲ့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အဲဒီ  အခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ တနှစ်ဆိုတာက ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန် တခုဖြစ်ပါတယ်။ တနှစ်ပဲကျော်သွားမလား။ ဒါမှမဟုတ်တနှစ်အောက်ပဲ ဖြစ်မလား ဆိုတာတော့ ကျနော်တို့    သေသေချာချာမသိသေးပါဘူး။  
မေး။  ။ကျူးလွန်ခဲ့သူတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေရဲ့ ရဲဘော်ရဲဘက်တွေကရော သူတို့ မြင်ခဲ့သိခဲ့တာတွေ  ကိုပွင့်ပွင့်လင်းလင်းပြောပြပါ့မလား။  သူတို့ ရဲဘော်ရဲဘက်အပေါ်မှာသစ္စာစောင့်သိမလား။ဘယ်လိုအခက်  အခဲတွေရှိနိုင်သလဲ ။ အဲဒါကိုရောဘယ်လိုတွက်ဆထားသလဲခင်ဗျ။
ဖြေ။  ။ ကျနော့်အမြင်က တော့ ကော်မတီကဖွဲ့ စည်းလာရတဲ့ အကြောင်းရင်းခံ၊ဘယ်လိုဖွဲ့ စည်းသလဲဆိုတာ အဲဒါကိုကြည့်ရင်တော့ ဒီအပိုင်းက နည်းနည်းရှင်းသွားမယ်။ ကျနော်တို့ က အားလုံးပါတဲ့ ဗဟိုကော်မတီ ကနေဒီကိစ္စကိုဆုံးဖြတ်ခဲ့တာပါ။ ဒေသအသီးသီးမှာရှိတဲ့ကိုယ်စားလှယ်တွေကနေ ဒီဟာကတော့ ကျနော်တို့  လုပ်သင့်တယ်ဆိုပြီးဆုံးဖြတ်တခုချပြီးတော့ လုပ်ခဲ့တာပါ။ ဆိုလိုတာက ကျနော်တို့ အားလုံးရဲ့ ပူးပေါင်းဆောင် ရွက်မှုတော့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်ရင် လွန်ခဲ့တဲ့အနှစ်(၂၀)ကျနော်တို့ ဒီကိစ္စဖြစ်ခဲ့တယ်ပေါ့။ အခု ကျနော်တို့ က အနှစ်(၂၀) ပြည့်တဲ့အခါကျမှ ဒီကိစ္စကိုကိုင်တွယ်ဖို့  ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ အသက်အရွယ်  အားဖြင့်ရော၊တော်လှန်ရေးဖြတ်သန်းမှုအရရော၊နိုင်ငံရေးဖြတ်သန်းမှုအရရော အားလုံးကရင့်ကျက်နေတဲ့  သူတွေလို့ ကျနော်တို့ ကယုံကြည်တယ်။ ကျနော်တို့ ကြားမှာဘုံရည်မှန်းချက်တခုတော့ ရှိတယ်လို့ ယုံကြည် ထားတယ်။ အဲဒါကဘာလည်းဆိုတော့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ ဒီ ကျောင်းသားသမိုင်းမှာဖြစ်ခဲ့တဲ့ ဒီဟာကို  ကျနော်တို့ ပြန်လည်ပြီး   ဒီသမိုင်းကိုအကောင်းဆုံးဖြစ်အောင်ပြန်ပြီးတော့ လုပ်ချင်တယ်။ ဆိုလိုတာက ဒီလိုမျိုးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ်မှာကျနော်တို့ နောက်ထပ်ဒါမျိုးထပ်မဖြစ်အောင် ကျနော်တို့   ဘယ်လိုမျိုး လုပ်မလဲဆိုတဲ့ဟာအပေါ်မှာ ကျနော်တို့ တူညီတဲ့စိတ်ရှိကြတယ်။ နောက်တခုက ကျနော်တို့ နစ်  နာခံခဲ့ရတဲ့သူတွေအတွက် ကျနော်တို့ တစုံတရာပြန်လုပ်ပေးမယ်ဆိုတဲ့ ယုံကြည်မှုက ကျနော်တို့ ကြားမှာ ရှိနေကြတယ်။ အဲဒီယုံကြည်မှုတွေ၊အဲဒီခံယူချက်တွေက ခုနပြောတဲ့ အခက်အခဲကိုတော့ ကျော်လွှားနိုင်မယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်။ 
မေး။  ။ အဖွဲ့ သားတွေကဘယ်သူတွေလည်း၊ဘယ်နှစ်ယောက်ပါဝင်သလဲ၊ အဖွဲ့ သားတွေဘယ်လိုဦးစားပေး   ရွေးချယ်ခဲ့သလဲဆိုတာလေး နည်းနည်းပြောပြပေးပါဦး။
ဖြေ။  ။ အဓိက စံသတ်မှတ်ချက်ကတော့ အဲဒီကိစ္စဖြစ်ခဲ့တုန်းက တာဝန်မရှိခဲ့တဲ့ရဲဘော်တွေကို အဓိကဦးစား   ပေးရွေးပါတယ်။ ကျနော်ဆိုရင်အဲဒီအချိန်က သာမာန်ရိုးရိုးရဲဘော်တယောက်ပါ။ အဲဒီလိုမျိုးတာဝန်ပိုင်းအရ ရှင်းရှင်းလင်းလင်းရှိတဲ့သူတွေကိုဦးစားပေးရွေးပါတယ်။ ကော်မတီမှာ အဖွဲ့ ဝင်ငါးဦးရှိပါတယ်။  ဦးဆောင်မယ့်သူက အထွေထွေအတွင်းရေးမှူး(၁) ကိုမြင့်ဦးဖြစ်ပါတယ်။ ကျနော်က ကော်မတီရဲ့ coordinator သဘောမျိုးတာဝန်ယူပါတယ်။ အဖွဲ့ ဝင်နောက်ထပ်သုံးဦးရှိပါသေးတယ်။ ကျနော်တို့ အဖွဲ့ ဝင်ငါးဦးနဲ့ ဖွဲ့ ထားတာပါ။ အဲဒီအောက်မှာကျနော် တို့ လုပ်ငန်းကော်မတီအသေးစားလေးတွေထပ်ရှိပါဦးမယ်။ ဆိုလိုတာက ကျနော်တို့ မှတ်တမ်းတင်တဲ့လုပ် ငန်းတွေ ကျနော်တို့ ရှိလာမယ်။ သတင်းအဖွဲ့ တွေရှိလာမယ်။ လောလောဆယ်ကျနော်တို့ က ဒီဟာနဲ့ ပတ်  သက်ပြီး ပြင်ပမှာ ကျွမ်းကျင်တဲ့ပညာရှင်တချို့ နဲ့ ဆွေးနွေးနေတာရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့ ကိုဘယ်လိုမျိုး တိုးချဲ့ သင့်တယ်။ ဘယ်လိုမျိုးနည်းလမ်းတွေသုံးပြီးတော့ ဒီကိစ္စကို ကျနော်တို့ အကောင်အထည်ဖော်ရင်   တော့ကျနော်တို့ ထိရောက်မယ်။ပြင်ပထိစပ်မှုတွေကို ကျနော်တို့ ဘယ်လိုမျိုးလုပ်မယ်။ စသဖြင့်နည်းလမ်း   တွေကို ကျနော်တို့ ကြားမှာ ကျနော်တို့ လုပ်ငန်းကိုစိတ်ဝင်စားတဲ့ ပြင်ပပညာရှင်တွေ၊နဲ့ ဆွေးနွေးနေတာ   တွေရှိပါတယ်။ အဓိကချုပ်ကြည့်ရင်တော့ ကျနော်တို့ ငါးဦး ကဦးဆောင်ပါတယ်။ ဒါပေမယ့် အဲဒီအောက်မှာ   တော့လုပ်ငန်းအဖွဲ့ လေးတွေရှိလာဦးမှာပါ။
မေး။  ။ဒီရွေးချယ်မှုအပေါ်မှာ အပြည်ပြည်ဆိုင်ရာမှာရောက်နေတဲ့ အဖွဲ့ ဝင်တွေကကျေနပ်မှုရှိမယ်လို့  ယုံကြည်ပါသလားခင်ဗျ။
ဖြေ။  ။ စတိတ်မန့် ကမနေ့ ကမှထုတ်ထားတယ်ဆိုတော့သူတို့ ဆီက feed back တွေကို စောင့်ရဦးမှာ ခင်ဗျ။ အခုထိကျနော့်ကို ဖုန်းနဲ့ ဆက်ပြီး တော့ပြောတာတွေရှိတယ်။ နောက်အီးမေးလ်တွေနဲ့ အကြောင်းပြန် တာတွေရှိတယ်။ အဲဒီအထိကတော့ သူတို့ ဒီကိစ္စကိုကြိုဆိုတယ်ဆိုတဲ့အကြောင်း၊ကော်မတီအပေါ်မှာယုံ  ကြည်တယ်ဆိုတဲ့အကြောင်း အပြုသဘောဆောင်တဲ့ တုန့် ပြန်မှုတွေပေးလာတာရှိပါတယ်။ အခုအချိန်ထိက   တော့ ပြဿနာတစုံတရာမရှိသေးပါဘူးခင်ဗျ။
တဆက်ထည်း နိုင်ငံတကာကိုရောက်နေတဲ့အခုဒီအင်တာဗျူးကိုနားထောင်နေမယ့်တပ်ဖွဲ့ ဝင်ဟောင်းတွေရော
မြန်မာပြည်တွင်းမှာရှိတဲ့သက်ဆိုင်သူအားလုံးကိုရော ကျနော်တို့ ဒီလုပ်ငန်းအပေါ်မှာ ယုံကြည်မှုရှိရှိနဲ့  ပူးပေါင်း  ဆောင်ရွက်မှု လုပ်ပေးကြပါလို့ ထပ်ဆင့်မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။
No comments: