Wednesday, February 15, 2012

t o m o r r o w အားခံစားခြင်း(စစ်ငြိမ်းဒီရေ)

Wednesday, 15 February 2012 

Tomorrow ပါဖောင်းမန့် (ရုပ်သံ)အား ခံစားခြင်း

(၁၂.၂.၂၀၁၂)နေ့ကမန္တလေးမြို့တွင်ကျင်းပပြီးစီးခဲ့သော`မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်း သားများ အမှတ်တရ´ နေ့ အခမ်းအနား အစီအစဉ်အတွင်း ပန်းချီဆရာကိုဆူးမြင့်သိန်း၏ `Tomorrow´ အမည်ရှိ ပါဖောင်းမန့် အနုပညာပြကွက်မြင်ကွင်း ဖြစ်ပါတယ်၊ ဒီပြကွက်ကို Burma VJ Media နှင့်DVB ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အနည်းငယ် ထည့်သွင်းပြသခဲ့ပါတယ်၊ ကိုဆူးမြင့်သိန်း အစီအစဉ်ကို ကြည့်ရှုနေသောပရိတ်သတ်များ၏ငိုကြွေးသံများကြောင့်ဒီပြကွက်ဟာယခုအခါအင်တာနက်ပေါ်ရှိ မြန်မာ့နိုင် ငံရေးရုပ်သံဗွီဒီယိုလင့်များထဲတွင်ကြည့်ရှုသူ၊စိတ်ဝင်စားမှုအများဆုံးဗွီဒီယိုလင့်ခ်တစ်ခုအဖြစ်ကျော်ကြားနေ ပါတယ်။

ရဟန်းသံဃာများ …
အသက်အရွယ်ကြီးရင့်သူများ …
နှလုံးသား ရှိသူများပင် …
မျက်ရည်ကျစေနိုင်လောက်အောင် …
ပန်းချီဆရာ … ပါဖောင်းမန့် အနုပညာရှင် ကိုဆူးမြင့်သိန်းက …
ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ ….

ဘလော့ဂါတစ်ဦးဖြစ်တဲ့ ကျနော့်အမြင်ကတော့ …

ကိုဆူးမြင့်သိန်း တစ်ယောက်

နံဘေးက ၀ိုင်းအုံကြည့်ရှုနေသော ပရိတ်သတ်တချို့ရဲ့ ပါးစပ်ကို
ဟ'ခိုင်းပြီး … အမှန်တရားများ လိုက်ရှာ နေပါသလား … ???

နေ့ခင်းကြောင်တောင်ဓါတ်မီးထိုးပြီးဘယ်အရာကိုလိုက်ရှာနေပါသလဲ၊ နှစ်ပေါင်း၂၀တိတိ ပျောက်ဆုံးခဲ့သော … လူ့ဂုဏ်သိက္ခာ၊လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေး၊ တရား မျှတမှု၊ အဲဒါတွေအပြင် ဘာတွေ ရှိနိုင်ပါသေးသလဲ … ???

အ၀တ်အစားတွေအောက်မှာ စစ်မှန်တဲ့၊ လူသားဆန်တဲ့နှလုံးသား တစုံတရာကို လိုက်ရှာနေပါသလား …. ???

အနုပညာ မှုတ်သံများဖြင့် လူတွေဆီမှာ ကပ်နေသော …
အကြောက်တရား၊ မဖွင့်ဟရဲမှုတွေကို မောင်းထုတ်နေပါသလား၊
သို့မဟုတ် ကျောင်းသားသမိုင်းရဲ့ ခွပ်ဒေါင်း အော်သံများလား ...???

Tomorrow
အသံ ထပ်ကျယ်လာသော Tomorrow
ပြီးတော့ ဒီထက် အသံကျယ်လာသော Tomorrow ….

အဲဒီနောက် ကိုဆူးမြင့်သိန်း ပြောလိုက်တဲ့ စကားသံက …
`ခင်ဗျားတို့ ဒါ အကုန် ပဲလား … ´

အဲဒီစကားလုံး `ခင်ဗျားတို့ ဒါ အကုန်ပဲလား´ လို့ အနုပညာသမားက ပြောလိုက်တာပါ၊ တကယ်တော့ လူ (၃၀၀) လောက်ရှိတဲ့ လက်နက်ကိုင် စခန်းတစ်ခုမှာ လူ(၁၀၀)လောက်ကို စစ်ထောက်လှမ်းရေး သူလျှို
လို့ စွပ် စွဲပြီးဖမ်း၊ သေဒဏ်ပေး၊(၃၀) ကျော်ကိုရက်ရက်စက်စက်သတ်၊တစ်ရက်အတွင်းလူ(၁၅) ယောက်ကို လူမဆန်စွာ ခေါင်းဖြတ်ကြ၊
ဒီဖြစ်ရပ်ဆိုးတွေကို …
နှစ်ပေါင်း (၂၀) တိတိ နူတ်ပိတ်ရေငုံခဲ့သော လူ့အဖွဲ့အစည်းတစ်ခု၏
Tomorrow
လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တရား မျှတမှု ကင်းမဲ့ခဲ့သောဆုံးဖြတ်ချက်များ၏ … Tomorrow ….
အပြစ်ရှိသူများအား နှစ်ပေါင်း (၂၀) ကြာအောင် လျစ်လျူရှုခဲ့သောအဖွဲ့အစည်းတစ်ခု၊ လူ ပုဂ္ဂိုလ်တချို့၏ … Tomorrow

….............
…..
ဘလော့ဂါတစ်ဦးဖြစ်တဲ့ ကျနော် ခံစားကြည့်တာပါ …
ကိုဆူးမြင့်သိန်း ဆိုလိုချင်တာနဲ့ ကျနော့် ခံစားချက်တူချင်မှ တူပါလိမ့်မယ် …..

စာဖတ်သူ၊ ရုပ်သံ ဗွီဒီယိုကို ကြည့်မိသူရော ဘယ်လိုများခံစား မိပါသလဲ ခင်ဗျာ …..

စစ်ငြိမ်းဒီရေ
pyu state မှကူးယူဖော်ပြသည်။

No comments: