Monday, February 20, 2012

ဦးဝင်းချို

ဟုတ်ကဲ့  ၀၉-၇၃၂၀၆၈၃၈ နံပါတ်မှန်ပါတယ်။ ကျနော် ဦးဝင်းချိုပါ။ ကျနော်တိုင်ရီ ရောက်နေပါတယ်။ ဘာလိုလဲ ။ဟုတ်လား။ ရေ လိုတာပေါ့  ဗျာ။ သောက်ရေ ၊သုံးရေ၊စားစရာအတွက်ရေ။ သူတို့ စားစရာကို စိတ်ပူပေးဘို့ လိုသလား ဆိုရင်လဲ လိုပါတယ်ဗျာ။သူတို့ ကို အလုပ်ရှင် က အလုပ် ထုတ်ထားပြီးပြီဗျ။ ကလေးတွေ မသိကြသေးရှာဘူး။သူတို့ တောင်းဆိုနေတယ်။ မပြီးသေးတာလို့ သဘောထားနေတာ။ ကျနော် ဒီနေ့ ရောက်ပြီး နားထောင်ကြည့် တော့  တရားစွဲဘို့  ရှေ့ နေ ကိုဖိုးဖြူ ကစီစဉ်နေတယ်။အဲဒိတော့  ညှိနှိုင်းတာ ပြီးသွားပြီ လို့  ဂျာနယ်တွေမှာ ရေးထားတာပေါ့ ။ကို ဟန် ၀င်းအောင်ဆီကို ဂျာနယ်တစ်စောင်က အင်တာဗျူး လုပ်တာနဲ့ လဲ ကြုံတယ်။ “တိုင်ရီကိစ္စ”ဟာ မပြီးသေးပါဘူး လို့  ကိုဟံဝင်းအောင် ကပြောတယ်။ ဟုတ်တယ်။တကယ်တော့ ကျနော်လဲအလုပ်ရှင် နဲ့  အလုပ်သမားညှိနှိုင်းတာ ပြီးသွားပြီလို့  ဂျာနယ်တွေမှာ သတင်းတက်လာလို့  ပြီးပြီ လို့ သဘောထားပြီးမရောက်တာ။ အလုပ်ရှင်က “သူဒါဘဲပေးနိုင်တယ်။ လုပ်ချင်ရင်လုပ်။မလုပ်ချင်ရင်ထွက်”ဆိုပြီး အမိန့် ချတဲ့ သဘောဗျ။အဲဒါကို အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေခမျာလဲ ဘာမှလုပ်မပေးနိုင်လောက်အောင် ဖြစ်နေသလားမသိပါဘူးဗျာ။အဲဒီတော့  ကျနော်နားလည်တာ“မှား”နေရင်လဲ ကျနော့် ကို ၀ိုင်းဝန်းထောက်ပြကြပါ။ “တိုင်ရီက အလုပ်သမားလေး”တွေကို တောင်းဆိုတာတွေ မလိုက်လျောနိုင်ဘူး။ “ပေးသလောက်ယူ၊ကျွေးတာစား၊ခိုင်းတာလုပ်၊မကျေနပ်ရင် ထွက်”လို့ အလုပ်ရှင်က အမိန့် ချထားပြီးပါပြီ။ “တိုင်ရီ ကအလုပ်သမားလေးတွေ (၁၈၄၅)ယောက် လုံးဟာ သူတို့ တောင်းဆိုတဲ့ မဖြစ်စလောက်ငွေလေးကို မလိုက်လျောတဲ့ အပြင် စက်ရုံရှေ့ မှာ ငုတ်တုတ်လေးတွေထိုင်ပြီး သောက်စရာ ရေတောင်မရှိတဲ့ ဘ၀ ရောက်နေပါပြီ။အဆောင်နေရတဲ့ ကလေး အယောက် (၈၀၀)ရှိပါတယ်။သူတို့ ဟာ နယ်က လာကြတာ။လကုန်ရင် အဆောင် လခ ပေးရတော့ မယ်။ မရှိဘူး။ စားစရာလဲ မရှိဘူး။ နေစရာလဲမရှိဘူး။သူတို့ ဘက်မှာလဲ လူနည်းနည်းလေးဘဲ ရှိပါတယ်။ ကူညီနိုင်ရင် ဘာဘဲ ကူညီ။ကူညီ။သူတို့ အတွက် အရမ်းလိုအပ်နေပါတယ် လို့ သူတို့ ကိုယ်စား အကူအညီ တောင်းခံပါတယ် ခင်ဗျား။
 win cho facebook မှကူးယူဖော်ပြသည်။

No comments: