Wednesday, February 15, 2012

ကိုသံဒုတ်

မြောက်ပိုင်း ကျောင်းသားတွေကိုသတ်တဲ့ ကိစ္စက ဒီကောင်တွေ တလျှောက်လုံးလိမ် လာခဲ့တာပဲ။ နှစ်ပေါင်း ၂၀ရှိပြီ။ သမိုင်းအမှားနဲ့ ဆက်သွားလို့ မသင့်ဘူး။ ဒီကောင်တွေ လူလိမ် တွေ ပက်ပက်ဆက်ဆက် လူသတ်ခဲ့တဲ့ကောင်တွေ နောက် လူသတ်ဖို့ လဲ ၀န်လေးမဲ့ကောင်တွေ မဟုတ်ဘူး။ သူတို့မှာ ဘာကျင်နာတရား ညှာတာထောက်ထားမှု မရှိဘူးဆိုတာ လက်တွေက သက်သေပြနေတာပဲ။

သတိထားကြ။ နောက်ဒါမျိုး သမိုင်းအဆက်ဆက် မဖြစ်ဘို့လိုတယ်။ တာဝန်ယူဘို့လိုတယ်။ အာမခံဘို့ လိုတယ်။ သဘောတရားအရ လူ့ကျင့်ဝတ်နဲ့ တော်လှန်ရေးကျင့်ဝတ်နဲ့ မညီဘူးဆိုတာ သဘောတရားအရ လူတဦးချင်းရော အဖွဲ့အစည်းသဘောရော လူအဖွဲ့အစည်းသဘောရော လက်မခံဖို့လိုတယ်။ လူတဦးချင်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတခု ပဲဖြစ်ဖြစ် အောင်မြင်မှု ဆုံးရှုံးမှုဆိုတာ အဓိကက ကာယကံရှင်သာ အဓိကဖြစ်တယ်။ အကြောင်းတရားဖြစ်တယ်။ ပြုသူဖြစ်တယ်။

ကိုယ်စိုက်ပျိုးသလောက် ကိုယ်ရမှာပဲ။ ဒါ ဘာဝမ်းနည်းစရာရှိသလဲ။ လောဘရမက်တက်ပြီး အပိုလိုချင်လို့မရဘူး။ နောက်တခုက ဘယ်အရာမှ မတည်မြဲဘူး။ အခြေအနေနဲ့ အချိန်အခါနဲ့အညီ ပြောင်းလဲနေတယ်။

ဘယ်သူ့သမိုင်းမှ ဖျက်လို့မရဘူး။ ဖန်တီးလို့လဲမရဘူး။ အပိုဆုလိုချင်လို့လဲ မရဘူး။

သံဒုတ်ဆိုတဲ့ ကောင်က ဘာကောင်မှကို မဟုတ်တာ။ အဲဒီဘာကောင်မှ မဟုတ်တဲ့ကောင်ရဲ့  ဘာမဟုတ်တဲ့သမိုင်းကို ဘယ်သူကမှ လာပြီးဖျက်လို့ မရဘူး။

ကြီးကြီးကျယ်ကျယ် လူထင်အကြီးခံချင်လို့လဲမရဘူး။ လုပ်တာက ၂ ပြားဖိုး။ လိုချင်တာက ၁ကျပ် ဖိုးလဲ မရနိုင်ဘူး။ အဲဒီလိုပဲ မြင်ပါတယ်။

သံဒုတ်ဆိုတဲ့ကောင်ကို ဝေဖန်ကြုတိုက်ခိုက်ကြဆိုပြီး အလကား ဘလိုင်းလုပ်လို့မရဘူး။ ဝေဖန် စရာ တိုက်ခိုက်စရာ ပြစ်တင်စရာ ရှုံချစရာရှိရင် ရှုံချခံရမှာပဲလို နားလည်ပါတယ်။
ဒါဟာလူအဖွဲ့အစည်းဖြစ်တယ်။ ဒီမိုကရေစီကို လိုချင်သူတွေဖြစ်တယ်။

ရုပ်ခန္ဖာကို သတ်လို့ရမယ်။ သမိုင်းကို သတ်လို့မရပါ။

No comments: