Sunday, February 5, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)

by Aung Moe Win on Saturday, 4 February 2012 at 21:23
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်း ရဲ့အဓိက အကြောင်းရင်းကတော့  ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင် နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေ ချင်ပါ တယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။
စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။

ရှေ့ဆက်ရမဲ့ခရီး

ကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။  ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ် တယ်။ မြောက် ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲ ပုံစံအသွင် ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘော ထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါ တယ်။ ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။   မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ် ပြနေတဲ့စာဟာ  မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက် အသက် ရှုပေါက် ရမဲ့ စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာ စိတ်မဲ့တဲ့ စကားတွေပြောနေ သလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကိုချစ် သယောင်ယောင်၊နစ်နာနေသူတွေ ဘက်ကပဲပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင်နှမ်းဖြူး ဟန်ဆောင်နေမှာစိုးလို့ပါ။

မြောက်ပိုင်းကိစ္စအပေါ်မှာ
၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊ ဒီကနေ့လက် ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ  ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင် ရဲ့စာတွေအပြင်၊ ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါ ချင်တာတပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့ တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ် ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း
၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့ ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခို တဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်းတယ်။ ဒီ မြောက်ပိုင်း ကိစ္စ ကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စုရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ ( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသန ဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ် ခံခဲ့ရတယ်ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။ ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊ ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ် ထုတ်ဖွင့်ချပြီး ကိုနိုင်အောင်တို့ကို ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။ ဒီလို အာဘောင်အာရင်း သန်သန်ပြော ခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက သွေး ရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေ ထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။” “ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့ က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါ တယ်။

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည် တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။

ကာယကံရှင် ဆိုတာဘယ်သူလဲ
ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။ မျက်နှာလွှဲ ခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။ ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်း ခဲ့တဲ့ လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွား တဲ့ တောင်ပိုင်းက ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။ ထပ်ပြီးပြောလိုက်ပါ မယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

အောင်ပွဲကို ရပြီဆိုပဲ
ကိုမိုးသီးဇွန်ရဲ့နီးစပ်တဲ့သူတယောက်ကဆိုပါတယ်။ “ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်းပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။ လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော် မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။ ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြော ပြီး မေ့ပျောက်လွယ်၊ ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထား
တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေး သူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။  ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။  ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့ပြော တဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထား ကို ကြေငြာချက်ကို ဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။ ဗဟိုကော်မတီရဲ့သဘော ထားကတော့ ထားလိုက်ပါတော့။ ဘာမှ မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။    ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက် နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။ ဘာလို့ အဖြစ် မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေ တာကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့လို့ ဆိုကြပါတယ်။ ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

ဒေါက်တာနိုင်အောင်ရဲ့စာ
တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထား ပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊ ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။
ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ် ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့ သလိုရေး ထားပါတယ်။  
“အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာ တမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”
Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents.
ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။  ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ်ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါ တယ်။ မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်း စကား စတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ် ပါတယ်။ ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြ ပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။  

--- On Wed, 2/10/10, Naing Aung <dna_freeburma> wrote:</dna_freeburma>
From: Naing Aung dna_freeburma@yahoo.com
Subject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]
To: "Aung Moe Win" <aung_m_win>, "Than Win" <thanwin.yakatha></thanwin.yakatha></aung_m_win>
Date: Wednesday, February 10, 2010, 10:34 PM
Dear Ko Than Win,
If it is true that you are writing letters attacking Ko Moe Thee and me and started to involve in non-sense and time wasting wrangling, here is my first and last response.
 First of all, I don't usually reply those letters written by those based on their self claimed status and out of frustration. But I don't want the ordinary people to hate more and more of 88 generation over your furious over you are wrong and I am right, clean and clever.
If Moe Thee claimed the social event as political one, please talk to Ko Moe Thee. I criticized him face to face, I don't attack in front of the people who don't need to know.
Secondly, if you want to talk about history of ABSDF, please remember what you have done to ABSDF. Don't you know that there are thousand of ABSDF will point the fingers on you during your administration.
Thirdly, most of decisions of ABSDF were made by committee, I never acted alone like you did. But I take the responsibility as chair of ABSDF whether I agreed the decision or not. I still do.
 Fourthly, I am not saying I am right all the time, people has rights and wrongs. It is important to learn and correct. Whether you like it or not, I am still working for the movement.
People like you who left ABSDF cannot tell that I have destroyed ABSDF. How many members left when I assumed Chairmanship?
You are the one who supported ko Moe Thee after the split even knowing what ko Moe Thee's behavior as you mentioned.
Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents. In one day, those will be explained to family but during the movement time, I have only one enemy.
So i want you to get matured. Please swallow your personal guilty feeling and support in best way you can.
If you don't satisfy on what the people in the movement doing, please do some constructive and positive works. Nobody can stop you if you are doing good.
Please don't make the ordinary people to hate your revolution more than you did.
 Please don't post this email without my authority.
best,
DNA
Aung Moe Win facebook မှကူးယူဖော်ပြသည်။

5 comments:

လင်္ကာ said...

Aung Khin Myint
လောလောဆယ်တော့ စာဖတ်သူတွေ မျက်စိလည်နေပြီ၊ အော့ဖ်လိုက်မက်ဆေ့ခ်ျတွေ ပို့နေတယ် အကို ကိုအောင်မိုးဝင်း ခင်ဗျာ ... ၁၂.၂.၉၂ မတိုင်ခင် ဒေါက်တာနိုင်အောင် ပါဂျောင်ကို ကိုယ်တိုင် လာခဲ့ကြောင်းနဲ့ ဆေးမှူး ကိုသိန်းထွန်းကို စစ်ဆေးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း၊ ကိုထိန်းလင်းနဲ့ ကိုသိုက် စကားပြောဖိုင်မှာလည်း ကိုနိုင်အောင် ပါဂျောင် ရောက်ခဲ့ကြောင်း သိထားရပြီး၊ ဗဟို ကွဲပြီတဲ့ နောက် မြောက်ပိုင်းတစ်ခုလုံး ဒေါက်တာနိုင်အောင်ဖက်မှာ ရပ်တည်ခဲ့ကြောင်း၊ မြောက်ပိုင်းကို ကိုမိုးသီး တစ်ခါမှ မရောက်ခဲ့ဖူးကြောင်း၊ ဗဟို ကွဲခဲ့တဲ့ နောက်ပိုင်းမှာလည်း ဒီအမှုကို ကိုင်တွယ်ပုံမှာလည်း မတရား စွပ်စွဲထားသလို နည်းနည်းမှ မလျှော့ခဲ့ကြောင်း ကျနော့်ထံ (ရေးသူ- ဖတ်သူ) နှစ်ဦးသာ သိနိုင်တဲ့ မက်ဆေ့ခ်ျတွေ ပို့ပြီး မေးနေပါတယ်၊ မေးနေသူတွေကလည်း ပြောပါတယ်၊ သူတို့က ကိုနိုင်အောင်ကို မှန်းပြီး ကိုမိုးသီးကို ချစ်နေသူ တွေ မဟုတ်ပါဘူး၊ မျက်စိ လည်နေလို့ပါတဲ့ ... အကိုရေ ...

လင်္ကာ said...

Ko Baloi
AB ကို အဓိကဖြိုခွင်းခဲ့တဲ့ ဇတ်ကောင်နှစ်ကောင်က.....ပထမ- မိုးသီး....ဒုတိယ...နိုင်အောင်ပါပဲ..။ AB အောက်ခြေတပ်ရင်းတွေမှာ....ခေါင်းဆောင်ရှူး- ရှူးတဲ့ ပြဿတွကြောင့်- ခေါင်းဆောင်တွေဟာ အုပ်စုဖွဲ့ကာ...အပြစ်အတင်း နှောကြရာမှ... တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံထင်- ကြောင်ထင်ကာ တပ်ရင်းများတွင်...အာဏာသိမ်းခြင်းများဖြစ်ပေါ်လာခြင်း....တပ်ရင်းအစည်းဝေးများတွင်- တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရန်သူတဖွယ် ဆွေးနွေးခြင်းကအစပြုပြီး....ဒီပြဿတွေဟာ ကြီးမားလာပြီး ထိမ်းမနိုင်သိမ်းမရ ဖြစ်လာရပါတယ်..။ မိုးသီးဟာ ပထမ....ဖြိုခွင်းသူ တရားခံ- ဒုတိယက- ဒေါက်တာ နိုင်အောင်ပါပဲ..။ မိုးသီးဟာ...ဘုရားသုံးဆူဒေသ (၁၀၁) တပ်ရင်းကို အရင်ထိုးခွဲလိုက်တဲ့....တရားခံပါ..။ ဒေါက်တာ နိုင်အောင်က တပြည့်မွေး အတွင်းကောက် စိတ်ရှိတဲ့လူ..။ နိုင်အောင်တပြည့်ဆို နိုင်အောင်ရဲ့ ဘောပဲ ရက်ရ- ရက်ရ...ကိုင်ပဲကိုင်ရ ကြေနပ်နေသူတွေကြောင့်....ဟိုကောင်က အရှူးဘုံမြောက်ပြီး ထင်တိုင်း ကြဲခဲ့တာပဲ..။ ဒီကောင်တွေကို ကာဘာပေးတဲ့ ဆရာမွေးသူတွေကိုပါ တခါထဲ နှိပ့်ကွပ်ထားရမယ်..။

လင်္ကာ said...

ရွှေသွေး said...

ကိုဇော်ထွန်း ဘယ်လိုသေတာလဲ သိချင်ပါတယ်။ သူ့ညီးကတော့ တောထဲကပြန်ရောက်ထဲက ရူးသွားပါတယ်။
5 February 2012 16:51

လင်္ကာ said...

ABSDF မြောက်ပိုင်းအကြောင်းရေးကြပြောကြတာတွေ အပိုင်း၈ရောက်လာပြီ။ကျောင်းသားတပ်မတော်ကို ဂုဏ်ပျက်စေလို လို့  ဖြတ်ထုတ်သတ်ပွဲ ကျင်းပတဲ့လူတွေရယ်။ဝင်ရောက်ကျူးလွန်သူတွေကိုဖော်ထုတ်ဘို့လိုတယ်။ကျနော်လည်းတတ်နိုင်သလောက်ဝင်ရောက်ဖော်ထုတ်နေတာ အထူးပြောဘို့ မလို တော့ပါ။ဒါပေမဲ့အပိုင်း၈ ကို အောင်မိုးဝင်းဆိုသူရေးလိုက်တာ ရာဇဝတ်ကောင်တွေဖော်ထုတ်ရေးက နေလမ်းချော်ပြီး တော်လှန်ရေးတလျှောက်လုံး ဘိနပ်ကြားက ခဲလုံးဝင်နေသလို လုပ်နေကြတဲ့ မိုးသီး၊နိုင်အောင်တို့ ချီးထုပ်ပြသနာဆီဦးတည်သွားတယ်လို့ ထင်တယ်။မြောက်ပိုင်းကကျောင်းသား ရဲဘော်တွေကို မိုးသီးသတ်မိန့် ပေးလိုက်တယ်ဆိုရင်၊ဒါဟာ တော်လှန်ရေးတခုလုံးနဲ့ ဆိုင်တယ်။ နိုင်အောင်က သန်းဝင်းနဲ့ အောင်မိုးဝင်းတို့ ဆီ ခိုးကြောင်ခိုးဝှက်စာရေးစရာမလိုပါ။ လူအများကို တရားဝင်ချပြရပါမယ်။နောက်တခုက မိုးသီး အမေရိကမှာ သူ့ ကိုကိုယ်စားလည် အဖြစ်လုပ်ပေးကြဘို့ လိုက်စည်းရုံးနေတယ်လို့ သဘောပေါက်အောင် အောင်မိုးဝင်း ရေးတယ်။ ဒါဟာ မိုးသီး၊အောင်မိုးဝင်း နှစ်ယောက်ကြားက ပြသနာဘဲ။ကျောင်းသားတပ်မတော်(မပ)မှာ ယုတ်မာခဲ့တဲ့ ကောင်တွေဖော်ထုတ်ရေးနဲ့ လမ်းချော်နေပြီး။ရေးသူရောဖတ်သူတွေပါသတိပြုကြပါ။ ကျနော်ဇော်နိုင်ပါ။မမှန်တာမြင်ရင် ငယ်သူငယ်ချင်းရော တခြားသူရောမခွဲခြားဘူး။ရိုးရိုးဘဲ ထောက်ပြတယ်။
Like · 17 hours ago ·

3 people like this.
1 share
Aung Moe Win ဆက်ရေးမှာပါ မပူပါနဲ့။ ကိုမိုးသီးရော၊ ကိုနိုင်အောင် ရော တရားဝင်ရှင်းကြဖို့ လျှို့ဝှက်ရေးတဲ့စာတွေကို ဗြောင်ချပေးလိုက်တာလေ။ လမ်းမချော်ပါဘူးကွာ။ အင်ဂျင်နီယာ ဆိုတာ System Dynamics ကိုသိပါတယ်။ မြောက်ပိုင်းလူသတ်ကောင်တွေကို ဖေါ်ထုတ်နေတုံးမှာ ဆန့်ကျင်ရှုတ်ချနေတဲ့ ကိုယ့်လူတို့ရဲ့ မိုးသီးဇွန်က၊ ပြည်တွင်းကို လှမ်းဆက်သွယ် ပနာယူပြော နေလို့ သူ့ အကျင့်စရိုက်ကို ဖေါ်ထုတ်ပေးလိုက်တာ။ ခင်ဗျားလိုပါပဲ။ ကျနော်ကလည်း မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ပါဘူး။ သွေးကောင်းလို့ ပွဲတောင်းတာလေ။ ကိုယ်မှားရင် ကိုယ်ခံသွားလိုက်မယ်။ ထောက်ပြတာကို ကျေးဇူးတင်တယ်။ တခုတော့ ရှိတယ်။ မြောက်ပိုင်း လူသတ်မှုအကြောင်းဖေါ်ထုတ်တဲ့အခါ ဘယ်အုပ်စုဘက်မှ မပါဘူး၊ စာရွက်စာတမ်းတွေ ဆုံးအောင်ဖတ်ပါအုံးလေ။ ခင်ဗျားလည်း တတ်နိုင်သလောက်ဖေါ်ထုတ်တာကို ကျေးဇူးတင်ပါတယ်။ ကိုဋ္ဌေးနိုင် ဘယ်လိုအသတ်ခံရတယ် ဆိုတာလေးကိုလည်း ဖေါ်ထုတ်ပေးပါအုံးဗျာ။
17 hours ago · Like · 3
Zaw Naing ဒီလိုလုပ်ပါ။အောင်မိုးဝင်း ။မိုးသီးပြည်တွင်းကိုလှန်းပနာယူတာရှိရင်လည်းသီးသန့် ရေးပါ။မြောက်ပိုင်းကိစ္စနဲ့ မရောပါနဲ့ ။သူမကောင်းတာရှိတာကို ငါ့ လို ဘယ်သူမှပြောင် မပြောကြသေးပါ။ငါ လူသိရှင်းကြားဘဲပြောချတာတွေ လူအများမှန်မိနေဦးမှာပါ။ဌေးနိုင်ကိစ္စကို ငါလိုဘယ်သူမှထုတ်မပြောဘူး။
17 hours ago · Like · 1
Zaw Naing တခါတလေတော့တွေးမိတယ်။ငခြောက်သည်က အိပ်နေပြီး ဆားသည်က ခွေးမောင်းနေသလားလို့ ။ ဒီကောင်တွေကို အရေးယူဘို့ အဆင့်ထိငါပြောနေတာဘဲ.သန်းဝင်း၊ဌေးတင့်တို့  အာချောင်တာလောက်ဘဲရှိတယ်လို့ တောင်ထင်လာတယ်
17 hours ago · Like · 1
Aung Moe Win မိုးသီးပြည်တွင်းပြန်တာ မပြန်တာကို ဂရုမစိုက်ပါဘူး။ သူက ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စတွေ ရေးနေတုံးက နည်းပေါင်းစုံလိုက်ဖျက်တယ်။ အဖြစ်မှန်တွေကို အားလုံးသိကုန်ပြီဆိုမှ သူကပဲ အမှန်တရားချစ်တာ လိုလို ပြည်တွင်းက လူတွေကို လျှောက် ဖုံးဆက်ပြောနေလို့ ရေးလိုက်တာ ။ စိတ်ချပါ။ ခင်ဗျား ဖြစ်ချင်တာတွေ မကြာခင် ဖြစ်လာမှာပါ။ လူလည်ကျတဲ့သူတွေ ကို ရင်ဆိုင်ဖို့ ဆိုတာ တခါတလေ နည်းပေါင်းစုံသုံးရပါလိမ့်မယ်။ ကာယကံရှင်တွေမှာလည်း ဝှက်ဖဲတွေရှိပါတယ်။ သူတို့က ဒီအမှုကို လျော့တွက်တာကိုး။

လင်္ကာ said...

Sai Win Kyaw ကဲ ရဲဘော်မိုးသီး နဲ့  ရဲဘော်နိုင်အောင် ရဲဘော်အောင်နိုင် တို့ ခင်ဗျား အားလုံးရှင်းသွားအောင် မေးနေသူတွေအတွက် အဖြေ တခုပေးလိုက်ပါ။ မငယ် ၁၉၈၉ အစောပိုင်းကာလကတည်းက မကဒတ မြောက်ပိုင်း နဲ့  မကဒတ ဗဟိုကြားမှာ ကြေးနန်းဆက်သွယ်မှု ရှိနေပြီဖြစ်ပါတယ်။ ၁၉၈၉ ခုဒုတိယအကြိမ်ညီလာခံ မတိုင်မီကတည်းက ကိုလှဌေး(ဗန်းမော်) ကိုကျော်ကျော်(မြစ်ကြီးနား)ကိုတက်ထွန်း(မိုးညင်း)နှင့်အခြားရဲဘော်နှစ်ဦးကျနော်တို့ ဆီကတဆင့် ဗဟိုရောက်ပြီး နိုဝင်ဘာမှာ မင်သမီးမှာလုပ်တဲ့ဒုတိယအကြိမ်ညီလာခံကိုတောင်တက်ခဲ့ပါတယ်။ကြေးနန်းဆက်သွယ်ရေးအတွက်လောကွားလူမကဒတ(ဗဟို)နဲ့ မြောက်ပိုင်း မကဒတဆက်သွယ်မှုအတွက် ကေအိုင်အို ဆက်သွယ်ရေးစက်ကိုတဆင့်ခံသုံးပါတယ်။ ပထမဦးဆုံး(၁၄)ယောက်သတ်တဲ့ကိစ္စမှာမကဒတဗဟိုအမိန့် မပေးပါဘူး။ သတ်ဖို့ အမိန့် တောင်းခံတဲ့ကြေးနန်းရတော့ကိုမိုးသီးဥက္ကဌလက်ထက်ပါ ကေအိုင်အို(မယ်နာပလော)မှာမကဒတဗဟိုတာဝန်ရှိသူတွေတွေ့ နေစဉ် (၁၄)ယောက် ကိုသတ်လိုက်ပြီဆိုတဲ့ကြေးနန်းမကဒတဗဟိုကကေအိုင်အိုကနေတဆင့်လက်ခံရရှိပါတယ်။ ကျနော်တို့ ဒီိကိစ္စပေါ်မှာအလေးအနက်ထားပါတယ်။ ခုသတ်မိန်ပေးသူ သတ်သူ တွေသိရင်ကော ခင်ဗျားတို့ ဘယ်ဥပဒေ နဲ့ သွားမှာလည်း နိုင်ငံတကာခုံရုံး ကိုသွားမှာလား စဉ်းစားကြစေချင်ပါတယ်။ ကျနော်တို့ ရဲဘော်တွေအသက်ပေးခဲ့တာမနည်းပါ။ ကရင်ပြည်နယ်အတွင်းမှာလည်းအသတ်ခံရတွေမနည်းပါ။ အခုလိုပြောနေရတာကိုက ကျနော်တို့ အဖွဲ့အစည်း ကျနော်တို့ ဂုဏ်သိက္ခာကျနေပါပြီ။မြောက်ပိုင်းကအသတ်ခံရတဲ့ရဲဘော်တွေအတွက်ကျနော်တို့  ကြေကွဲဝမ်းနည်းရပါတယ်။ အမှန်ပေါ်ဖို့ ကျနော်တို့ အချက်အလက်တွေစုဆာင်းနေပါတယ်။ မကဒတ ရဲ့ သမိုင်းကောင်းစေချင်ပါတယ်။ လက်ရှိမကဒတမှာခင်ဗျားစွတ်စွဲနေသူတွေမရှိကြတော့သလောက်ရှိနေပါပြီ။ လက်ရှိမကဒတရေရှည်ပန်းတိုင်ရောက်တဲ့အထိတိုက်ပွဲဝင်နိုင်ရေးကိုဝိုင်းဝန်းပံ့ပိုးစေချင်ပါတယ်။ဒါဟာအသက်ပေးသွားခဲ့ကြတဲ့ကျနော်တို့ ရဲဘော်အာဇာနည်တွေအလိုချင်ဆုံးအတောင့်တဆုံးအရာပါ။ အားလုံးကိုလေးစားပါတယ်။
44 seconds ago · Like