Saturday, February 4, 2012

မည်သူ့ကိုမှ မရည်ရွယ်ပါ

 တိုက်ဆိုင်မှုရှိသူကိုသာ ရည်ညွှန်းပါသည်။

by Maungmaung Skw on Friday, 3 February 2012 at 23:33
သစ္စာ မမဲ့ခဲ့ဘဲ - သစ္စာဖောက် ဖြစ်ခဲ့ရတဲ့  အေဘီ ဟောင်းများသို့
ကံကောင်းလို့    အသက်မသေ
ကံဆိုးလို့     ထောင်မကျ
အင်းစိန်ကိုလည်း     မရောက်ဖူး
မြောင်းမြဆိုတာ     ကြားယုံကြားဖူး
ရွှေဘိုဘက်လည်း     အပို့မခံခဲ့ရ
မန္တလေးကတော့     ဖြတ်သွားဖြတ်လာပဲရှိခဲ့
မုံရွာဆိုတာ     အဝေးကြီး
ဆိုးလိုက်တဲ့      ကုသိုလ်ကံ
ဘယ်တိုက်မှလည်း     မရောက်ခဲ့ရ
ဘယ်တန်းရဲ့     အတွေ့အ ကြုံမှလည်းမရှိ
သစ္စာရှိခွင့်      ရမလားလို့
မြန်မာနဲ့ကမ္ဘာမှာ စာရင်းမ၀င်တဲ့-        ကျောင်းသားထောင်မှာ
အသက်ကို       အပေါင်ထားခဲ့ပေမဲ့
သစ္စာဖောက်ဘ၀       အော်တိုရောက်ခဲ့ရ
ဒီအကြောင်းတွေ      ဘယ်သူမှမသိ
ပြောပြမဲ့သူလည်း      မရှိ
ကိုယ်စကားလည်း         ဘယ်သူမှမယုံ
အင်ဂျီအိုဖြစ်ဖို့         ဝေးစွ
လူသူကြားပြောလို့မှ       အရာမ၀င်
ကူညီထောက်ပံ့မှုအစုစု          ကိုယ်နဲ့ဘာမှမဆိုင်
သိုးမဲ    အေဘီဟောင်းတွေ    အတွက်
ကွက်လပ်ဖြည့်ပေးလိုက်တယ်
ဟုတ်တာမှန်တာတွေ          ပြောကြစေသတည်း။      ။
မောင်မောင်
ရွှေကရ၀ိက်
Maungmaung (skw) facebook မှကူးယူဖော်ပြသည်။

ဘာတဲ့-၁၂ ရက်နေ့ အစီအစဉ်မှာ တီးကြမှုတ်ကြတာ မသင့်ပါဘူး--တဲ့လား။

by Maungmaung Skw on Saturday, 4 February 2012 at 00:23
ထွန်းအောင်ကျော်ဟာ အနုပညာသမားပါ-သူတောမခိုခင်က မန္တလေးမှာ ညီညီတို့နဲ့ပေါင်းပြီး စီးရီးတွေ သွင်းခဲ့ဘူးပါတယ်။ ဘယ်သီချင်းကိုဘဲ ဖွင့်ပြ ဖွင့်ပြ နိုင်ငံတကာ နုတ်နဲ့ ချက်ချင်းချရေးနှိုင်ပါတယ်-အော်ဂင်တစ်လုံးနဲ့ အမြဲ သံစဉ်ရှာနေတတ်ပါတယ်။ဂစ်တာနဲ့အော်ဂင်ကို ကျွမ်းကျွမ်း ကျင်ကျင် တီးတတ်ပါတယ်။အောင်နိုင်တို့မျိုးဝင်းတို့အဖွဲ့ကလွဲရင် အားလုံးကချစ်ကြတဲ့သူပါ။ တောထဲက လာတဲ့သူတွေဟာ ကျောင်းသား လူငယ်တွေပါ။ခေတ်စနစ်တခုကြောင့် နိုင်ငံရေးတွေလုပ်ကြ လက်နက်ကိုင်တောခိုခဲ့ကြရပေမဲ့- လူငယ်တွေပါ။လူငယ်တွေ အားလုံး ကြိုက်တတ်ကြတဲ့ ဂီတ အနုပညာကိုလည်း ဝါသနာပါကြ ကြိုက်ကြပါတယ်။တောထဲမှာတုန်းကလည်း ဂီတနဲ့ မပြတ်ခဲ့ကြပါဘူး။ကျွန်တော် သူတို့စခန်းကို နှစ်ကြိမ်ရောက်ခဲ့တာ နှစ်ကြိမ်လုံး ဂီတဝိုင်းတွေ တီးနေခတ်နေတာ ကြုံခဲ့ပါတယ်။သူတို့ နေရာတကာမှာ သီချင်းတွေ ဆိုခဲ့ကြပါ တယ်။မျက်ရည်လည်ရွဲနဲ့ ဆိုခဲ့ကြတာတွေကို ကျွန်တော့် ကိုယ်တွေ့ပါ။ပန်းချီထိန်လင်းရဲ့ “လူ ကက်စက်” မှာလည်း ဘယ်သူတွေ ဘာသီချင်း တွေ ဘယ်လိုအခြေအနေမျိုးမှာ ဆိုခဲ့ကြတယ်-ဘယ်သူက ဘယ်သီချင်းကြောင့်သေခဲ့ရတယ်-ဘယ်သူက ဘယ်စာသား အရောက် မှာ မီးစနဲ့မျက်နှာအထိုးခံခဲ့ရတယ်-ဘယ်သူက အရိုက်ခံခဲ့ရတယ် ဆိုတာတွေ အပြည့် အစုံရေးထားပါတယ်။သူတို့မှာ ကိုယ်ပိုင်သီချင်းတွေလည်း ရှိကြပါတယ်။တော်လှန်ရေးအတွက် စပ်ဆိုထားတဲ့သီချင်း-ကျောင်းသားတပ်မတော်အတွက် စပ်ဆိုထားတဲ့သီချင်း- အမျိုးစုံရှိနေပါတယ်-နောက်ဆုံး ဘိုဘို ထံမှာဆိုရင် ထွန်းအောင်ကျော်နဲ့ အာဇာနည်များအတွက် သီးသန့် စပ်ထားတဲ့သီချင်းတောင် ရှိတယ်လို့ကြားတယ်။ အဲ့ဒီတော့ဗျာ---အပစ်တင်မစောကြပါနဲ့-ပြင်းပြင်းထန်ထန်ခံစားနေကြရတဲ့သူတွေကို ဂီတနဲ့ ရင်ဖွင့်နိုင်ဘို့ စီစဉ်ထားတာပါ-ဂီတနဲ့ငိုကြွေးပြနိုင်ဘို့ စီစဉ်ထားတာပါ-ဂီတနဲ့ ပေါက်ကွပြနိုင်အောင်လို့ စီစဉ်ထားတာပါ-လာနားထောင်ကြည့်လှဲ့ပါ-သေနတ် ကိုင်တဲလက်တွေရဲ့ ဂီတသံစဉ်တွေ-တော်လှန်တတ်တဲ့ နှလုံးသားတွေရဲ့ ငိုညည်းသံတွေကို-သေချာပါတယ်-မျက်ရည်စက်တွေနဲ့ ဆိုကြ တီးကြ နားထောင်ကြမှာပါဗျာ။
Maungmaung (skw) facebook မှကူးယူဖော်ပြသည်။

No comments: