Thursday, January 26, 2012

In the name of the Democracy & Human Rights

by Hlaing Bwa on Thursday, 26 January 2012 at 14:39
Aung Kyaw Moe ကိုလှိုင်ဘွားရေ ... တာဝန်မရှိဘူးဆိုပါလား .....
-------------------------------
Hlaing Bwa

ညီလေး ..... မိုးသီး ရော နိုင်အောင် (ဒေါက်တာ) ရော မြောက်ပိုင်းကိစ္စ စစချင်း အစ်ကို့ ကို Block လုပ်သွားတာကွ(ဖေ့စ်ဘွတ်ခ်ကိစ္စမဟုတ်ပါဘူး)(၈၈ကိစ္စပါ) မိုးသီးနဲ့ ကိုယ် ခေါင်းအုံးတလုံးကို နှစ်ယောက် ခေါင်းချင်းပြောင်းပြန် ထားပြီး အိပ်ခဲ့ဖူးတယ်
နိုင်အောင်ဆိုတာက ဘုရားသုံးဆူမှာ အေဘီမဖွဲ့ ခင်ကတည်းက (မ.က.ဒ) ဇော်ဇော့်မိန်းမ ခင်ဥမ္မာနဲ့ ညားတဲ့အထိ (အူဘယ်နှစ်ခွေရှိသလဲဆိုတဲ့) အကြောင်းသိတွေ... ဒါပေမဲ့ ဘယ်သူ့ ဘယ်သူမှ ဆရာတပည့်မဟုတ်ခဲ့ဘူး..။ မိုးသီးနဲ့ လှိုင်ဘွား ဘယ်တုံးကမှ နိုင်ငံရေးအရမပတ်သက်ခဲ့ဖူးဘူး ... နိုင်အောင်နဲ့ လည်းသည်အတိုင်းပဲ .. မိုးသီးနဲ့ ကဗျာသမားချင်း ပတ်သက်ခဲ့ဖူးတယ် .... လှိုင်ဘွား လွန်ခဲ့တဲ့ နှစ်လကတည်းကပြောနေတာက ကိုမိုးသီး ကိုနိုင်အောင် (ဒေါက်တာ) တို့ ...  ကျောင်းသားသမိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ကို... ယောင်္ကျားတွေ မှန်ရင် ... Democracy & Human Rights ခေါင်းစဉ်အောက်မှာ ပြောင်ပြောပြောင်လုပ် ပြောင်တာဝန်ယူကြပေါ့ ကွာ.... မိမိ လုပ်တာကိုမိမိတာဝန်ယူရဲတာဟာ ဒီမိုကရက်တစ်တော်လှန်ရေး သမားတယောက်ရဲ့ သစ္စာနဲ့ သူ့ ရဲ့သမိုင်းကြောင်းပဲ ... ဆိုပြီး ပြောင်ရော တိုးတိုးရော ကျယ်ကျယ်ရော တပြိုင်  ထက် ပြော ခဲ့တယ်... 
ငါတို့ တော်လှန်ရေး က သောက်ညင်ကတ်တဲ့သူကိုပက်ပက်စက်စက် သတ်ပြီး မြေယာပြုပြင်ပြောင်းလဲရေး လူတန်းစားတော်လှန်ရေးဆိုတဲ့ စတာလင် မော်စီတုံး ပိုပေါ့ပ် တို့ ရဲ့ကွန်မြူနစ်တော်လှန်ရေး လူတန်းစားတော်လှန်ရေးမှမဟုတ်ပဲ ... (လူလိုနေဖို့ အတွက်တိုက်ခဲ့တဲ့ မူလလူသားဖြစ်ခွင့်ရဲ့ လူ့ အခွင့်အရေး တော်လှန်ရေး) လူတွေရဲ့အသက်အိုးအိမ်နဲ့ လူ့ ဂုဏ်သိက္ခာကို လေးစားတဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး...ကိုယ်စားပြု တော်လှန်ရေး ... သည် (၈၈) လူထုအုံကြွမူမှာ လက်နက်မဲ့ငါတို့ ကျောင်းသားနဲ့ ပြည်သူကို အာဏာရှင်အုပ်စုက လက်နက်နဲ့ သတ်လို့ သေနတ်ပြေး ဆွဲခဲ့ကြတာ ... သည်တော့ ငါ့တို့ ဟာ လက်နက်ကိုမကိုင်ချင်ပဲကိုင်ခဲ့ရတဲ့ကျောင်းသားတွေ (ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအမည်အောက်မှာ ယောင်္ကျားတွေ မှန်ရင် ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး ဘက်တော်သားမှန်ရင် ကိုယ်လုပ်ခဲ့တာ မှားရင်ကိုယ်တောင်းပန် ဖြစ်စဉ်အတိုင်း ခံရမှာပဲ .... ယဉ်ကျေးတဲ့လူသား အဖွဲ့ အစည်း ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးရဲ့အမည်အောက်မှာ ကာယကံရှင်တွေ အမိန့် ပေးခဲ့သူတွေ တာဝန်ရှိခဲ့သူတွေက ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးရဲ့ အမည်အောက်မှာ မားမားမတ်မတ်ရပ်ပြီးရင်ဆိုင်ဖို့ ပဲ) ... သည်ဖြစ်စဉ်တွေကြောင့် မတ်လ (၁၈) ရက်
၁၉၈၈ အာဏာထပ်သိမ်းပြီးချိန်မှာ ဆော်လ်မွန်ငါးတွေ ဥအုဖို့ မြစ်ချောင်းတွေကိုဆန်ပြီး အတ္တလန်တိတ်သမုဒ္ဒရာအထိ အကောင်တရာမှာ တကောင်ပဲအသက်ရှင်ခဲ့ပြီးနေုာင်မျိုးဆက်အတွက် ဥချဖို့ ဆန်တက်ခဲ့ကြတဲ့ ... ငါတို့ ရဲ့သမိုင်းကြောင်းကို.... အခုလို (အာဏာရှင်စရိုက်လိုက်ပြီး) နောက်ကြောင်းပြန်လှည့်ပြီး မြစ်ကိုစုန် ခေတ်ကိုစုန် နေတဲ့ကောင်တွေကြောင့် ငါတို့ သမိုင်းကြောင်းကို အပျက်မခံနိုင် အစတေးမခံနိုင်လို့ သည်နေ့ သည်လို ပြောနေရတာပဲ။

သည့်ထက်ပိုပြီးပွင့်လင်းဖို့ ဘာမှလှိုင်ဘွားမပြောခဲ့ဖူးဘူး.... မြောက်ပိုင်းကိစ္စတွေဖြစ်တဲ့အချိန်မှာ .. အောင်မိုး ၀င်း ကိုမောင်မောင်ဝမ်း ကိုလင်းထိန် နဲ့  ကာယကံရှင်တွေ ဖွင့်ဟချိန်မှာ ...  
သူတို့ နှစ်ယောက်( မိုးသီး နိုင်အောင် (ဒေါက်တာ) ) ကိုယ့်ပတ်ဝန်းကျင်ကိုခွာသွားတယ် ... (ဒါသူတို့ ကိစ္စပါ) ဒါပေမဲ့ (၈၈) အမာခံအချို့  သူတို့ နဲ့ တွဲပြီးဓါတ်ပုံရိုက်ခဲ့ဖူးသူတွေ သူတို့ ကိုအထင်ကြီးခဲ့သူတွေလည်း (အထူးသဖြင့် ၈၈ တွေ) Upset ဖြစ်ကုန်တယ်... ကိုယ်တို့ အတွင်း မှာလည်း သဘောထားတွေကွဲကုန်တယ် ... လှိုင်ဘွားသဘောထားက ... မူလ(၈၈) ရဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးရဲ့ အမည်အောက်မှာ ... တော်လှန်ရေးအမည်ခံပြီး ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးရဲ့ ဆန့် ကျင်ဘက် ကိစ္စမှန်သမျှကို (၈၈) တောခိုကျောင်းသားတွေအတွင်း မှာ ပြတ်သားစွာ ဖြေရှင်းဖို့ ပဲ ... လှိုင်ဘွားနဲ့  သေပေါင်းရှင်ပေါင်းလို ရင်နှီးပါတယ်ဆိုတဲ့ RIT (88) တယောက်ကတောင်  ... (လှိုင်ဘွားကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ... သူများပြောတာတွေ နားမယောင်ဖို့ ပြောခဲ့တယ်) ... နောက်တယောက်ကတော့ "ခင်ညွန့် နဲ့ သန်းရွှေတို့ လည်း သတ်ချင် တိုင်းသတ်ခဲ့တာ ... အခုခင်ညွန့် တောင်အကျယ်ချုပ်က လွတ်လာပြီ ... (လှိုင်ဘွား) က ဘာတွေကို မကျေနပ်ဦးမှာလဲ"... တဲ့။ သေချာတာက ကိုထွန်းအောင်ကျော် (မြောက်ပိုင်းမှာ အသတ်ခံ မန္တလေး ၈၈ ဗကသ ကျောင်းသားခေါင်းဆောင်) အပါအ၀င် (၈၈) ကျောင်းသားတွေဟာ မြောက်ပိုင်းရဲ့ အာဏာလုပွဲတွေကြားမှာ ပက်ပက်စက်စက်အသတ် ခံခဲ့ရတာ ကို အဲသည်အသက်ရှင်ကျန်နေတဲ့ (၈၈) တွေက လစ်လျှူရှူလေရော့သလားလို့  ခံစားမိခဲ့တယ် .... လနဲ့ ချီအိပ်မပျော်ခဲ့ဖူး ... လှိုင်ဘွား ဘယ်သူ့ အပေါ်မှာမှ ပုဂိုလ်ရေးဆိုင်ရာ ခံစားချက်မရှိဘူး... ဒါပေမဲ့ (၈၈) ဆိုတာ ထောင်ကျနေခဲ့သည်ဖြစ်စေ တောခိုပြီးသေနတ်ပြေး ဆွဲခဲ့သည် ဖြစ် စေ ... ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးဆိုတဲ့ တန်ဖိုးတခုအောက်မှာပဲ ဆက်ပြီးရပ်တည် တည်ရှိနေရမှာဖြစ်တယ် ဒါဟာ (၈၈) ခွပ်ဒေါင်းပဲ ... သည်အတိုင်းပဲရှိနေတယ်.... အဲသည် ဒီမိုကရေစီနဲ့ လူ့ အခွင့်အရးဆိုတာကို မျက်ကွယ်ပြုခြင်းလိုက်ချိန်မှာ ... (၈၈) နဲ့ မသက်ဆိုင်တော့သလို ... သင်ဟာဒီမိုကရေစီလူ့ အခွင့်အရေးနဲ့ လည်းသက်ဆိုင်တော့မှာ မဟုတ်ဖူးဆိုတာကို အမြဲသတိချပ်စေ လိုပါတယ် (ဦးနေ၀င်းကိုရဲဘော်သုံးကျိတ်ဝင်အဖြစ်အသိအမှတ်ပြုပေမဲ့အာဏာရှင်တဦးအဖြစ်လည်း မြန်မာ့သမိုင်းမှာမှတ်တမ်းတင်ခဲ့တယ်ဆိုတာ ... သင်/သင်တို့  ... ဘယ်တော့မှမမေ့ပါနဲ့ ) ... 
လှိုင်ဘွား/၈၈

Hlaing Bwa facebook မှကူးယူဖော်ပြသည်။

3 comments:

လင်္ကာ said...

Maung Maung Wann
ကိုလှိုင်ဘွားရေ...အဲဒီလူတွေကိုပြောပြလိုက်ပါဗျာ...စစ်အာဏာရှင်တွေ သတ်တာဖြတ်တာ သွားမယှဉ်နဲ့လေ...သူတို့က ကိုယ့်ရန်သူပဲ..ရန်သူက ရန်သူအကျင့် ကျင့်.တာသိပ်ဆန်းတာမှမဟုတ်တာ..သူ့အလုပ် သူလုပ်တာ....ကိုယ့်ရဲဘော်လို့သတ်မှတ်ထားသူများက..ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ..အချင်းချင်း သတ်တာ...သူတို့ကိုရော..ကိုယ့်ရဲဘော်တွေပါလို့ သတ်မှတ်လို့ရနိုင်ပါဦးမလား.....ဦးသန်းရွှေတို့ ဦးခင်ညွန့် တို့ ကိစ္စတွေကရော ပြီးသွားပြီလို့ထင်လား....ဘယ်သူမဆို...လူသတ်တာကိုတော့ သတ်တယ်လို့ပြောရမှာပေါ့ဗျာ...ဘယ်သူ့ကိုတော့ပြော..ဘယ်ဝါ့ကိုတော့မပြောနဲ့ဆိုတာ သိပ်သေးသိမ်လွန်းအားကြီးပါတယ်....။ဒီမိုကရေစီရမှရှင်း ဆိုတော့...ဒီမိုကရေစီဆိုတာ...ပြီးဆုံးတဲ့ခရီးမှမဟုတ်တာဗျာ...ကမ္ဘာ့အမြင့်ဆုံး ဒီမိုကရေစီနိုင်ငံကြီးများတောင်မှ..ဒီမိုကရေစီခရီးကို မဆုံးတမ်း လျှောက်နေရဆဲ...ဘယ်နဲ့ဟာတွေပါလိမ့်...ကိုယ်မခံခဲ့ရလို့..ဒီလိုပြောဆိုနေတာဆို...နိုင်ငံရေးဆိုတာ..သူများအပူ ကိုယ့်အပူလုပ်ရတဲ့အမျိုး..သူများ ကိစ္စ ကိုယ့်ကိစ္စလုပ်ရတဲ့ အမျိုးပဲ....အသတ်ခံလိုက်ရတဲ့သူတွေ...ညှင်းပမ်းနှိပ်စက်ခံခဲ့ရသူများဟာ..ခံလည်းခံရသေး...တသက်လုံး ခေါင်းမဖော်နိုင်တဲ့...သူလျှိုဆိုတဲ့ တံဆိပ်လည်း..အတတ်ခံရသေး...ဒီလိုမှားနေတဲ့ သမိုင်းကြီးကို..တည့်မတ်နိုင်ဘို့ အားလုံးမှာ တာဝန်မရှိပေဘူးလား...။မတရားမှု့ဆိုတာ...ဘယ်သူလုပ်လုပ် မတရားမှု့ပဲ...ကျနော် အားလုံးကို မေးချင်တဲ့ မေးခွန်းက...ရန်သူ မိတ်ဆွေဆိုတာကိုဘယ်လိုပေတံနဲ့သတ်မှတ်ပါသလည်း.....ကိုယ်နဲ့နီးတိုင်းမိတ်ဆွေလား..ရဲဘော်ရဲဘက်လား......။ ကျနော် ရန်ကုန်ရောက်ရင် အရမ်းရင်းနှီးတဲ့..သူငယ်ချင်းအိမ်မှာနေတယ်...စားတယ်..စကားတွေပြောတယ်...သူက ကြံ့ဖွတ်ဗျာ...သူက..ကျနော့်ရဲဘော်ရဲဘက်ဖြစ်ရတော့မှာလား...သူငယ်ချင်းတော့ဖြစ်တယ်...ရဲဘော်ရဲဘက်မဟုတ်ဘူး။ ကျနော် တိုက်စရာရှိ အပြတ်တိုက်တယ်...အားမနာဘူး....။နောက်တခါ....စစ်အစိုးရသက်တမ်းတလျှောက်လုံး လုပ်စားလာတဲ့ ဗျူဟာတခုရှိတယ်...သူတို့ အကျပ်အတည်းတွေ့တိုင်း..ကုလား၊တရုတ် -ဗမာ အဓိကရုန်းကိုဖန်တီးပြီး အာရုံလွဲကြသလို...ခုလည်း...ဒီကိစ္စတွေကို...အာရုံလွှဲချင်တော့....အစိုးရတိုက်ဘို့ကိုချည်း အာရုံလွဲနေတယ်...။ အစိုးရလည်း မဟုတ်တာဖြစ်နေ တိုက်ရမှာပဲ...မတရားတာမှန်သမျှ ဘယ်သူမဆို ဆန့်ကျင်ရမှာပဲ...။

လင်္ကာ said...

Ko Balai Aung Soe
ဟုတ်တယ်....လှိုင်ဘွား ငါလည်းမင်းပြောသလိုပဲ ဒီကိစ္စကို ဒီအချိန်မှာမရှင်းရဘူးတဲ့....ရန်သူအားကျမှာစိုးလို့ဆိုပြီး မဆွေးနွေးကြဖို့ ဒီမိုက ရေစီရမှဆွေးနွေးကြလို့- နောက်မှ ထုတ်ဖော်သင့်တယ်လို့ ဘာညာကွိကွအသံတွေ တော်လှန်ရေး- နိုင်ငံရေးအသိုင်းဝိုင်းလို့ပြောနေတဲ့ သူတွေရဲ့ဆွေးနွေးပွဲမှာ ပြောတာကို ငါကြားရတော့ တအံ့တသြဖြစ်ခဲ့ရပါတယ်။ ငါကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖော်ထုတ်တာတောင် နောက်ကျတယ်လို့ ယူဆထားတဲ့သူပါ....သူ့လူဖြစ်ဖြစ်- ကိုယ့်လူဖြစ်ဖြစ် ဒီလောက် မတရားရက်ရက် စက်စက် လူမဆန်စွာ ညှင်းပမ်းသတ်ဖြတ်ခဲ့တဲ့ မတရားတဲ့အမှုကို ဖော်မပြဖို့ တားနေတဲ့သူတွေနဲ့ နောက်တွန့်နေတဲ့ သူတွေကို တွေ့ရတော့ တော်တော်စိတ်လေ သွားတယ်..။ မတရားတာလုပ်တာကို မကြိုက်လို့ တောခိုလာပြီးမှ....မတရားတာလုပ် နေတာကို ထိုင်ကြည့်နေရမှာလား...မတရားမှုတွေကို နေ့ရွေ့- ညရွေ့ လုပ်နေတဲ့ လူတန်းစားတွေကိုလည်း ဘယ်လိုမှ နားမလည်နိုင်တော့တာက အမှန်ပဲ..။ တောခိုပြီး ရှေ့တန်းစစ် မျက်နှာပြင်မှာ ရန်သူသတ်လို့ သေတာသဘာဝကျတယ်။ တော်လှန်မြေမှာ- တော်လှန်သူတွေ ရက်ရက်စက်စက်- ညှင်းပမ်းနှိပ့်စက်သတ်ဖြတ်ခံရတာ သဘာဝမကျဘူး...မဖြစ်လည်းမဖြစ်သင့်ဘူး..။ ရှေ့ကရန်သူကိုလည်းတိုက်နေရ - နောက်ကျည်မှန်မှာ ကိုလည်းစိုးရိမ်နေရတဲ့ တော်လှန်ခေတ်ရောက်ခဲ့တာ....ခပ်ညံ့ညံ့ ခေါင်းဆောင် ရှူးတွေကြောင့် ဖြစ်လာရတာပါ..။ နေရာလု- လူသတ် ခပ်ညံ့ညံ့ အတွေးခေါ် တွေလည်း ဒီခေါင်းဆောင်တုတွေကပဲ လာတာပါ..။ ရှင်းရှင်းပြောရရင် AB သမိုင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်း ရုပ်ဆိုးအကျည်းတန်ခဲ့တာ ခပ်ညံ့ညံ့- ခပ်ဖျင်းဖျင်း ခေါင်းဆောင်တွေကြောင့်ပဲ..။ လုပ်စရာရှိတာ ဆက်လုပ်ကြပါ..။

လင်္ကာ said...

Tun Wai ကွန်တော်သိတဲ့ မိုးသီးကို ၈၈၈၈ ကျောင်းသားခေါင်းဆောင်အနေနဲ့ အချိန်တစိပ်တစ်ပိုင်းအထိ အသိအမှတ်ပြုထားပြီးသားပါ။ ဒါဟာ သမိုင်းဖြစ်တယ်။ ငြင်းလို့မရပါဘူး။ ဒီသမိုင်းမှာ ခေါင်းဆောင်နေရာထဲက တစ်နေရာကို ခေတ္တခဏသာရပြီး မြောင်းပုပ်ထဲ ခုန်ချလိုက်တာဟာလဲ သူ့သမိုင်းပဲဖြစ်ပါတယ်။အခုမေးခွန်းတွေကြောင့် ဂျပန်ကိုလာတိုင်းမတွေ့ ဖြစ်ခဲ့ပါဘူးကိုလှိုဘွားရေ..စိတ်လည်းမပါခဲ့ဘူး သာမာန် လောဘ၊ ဒေါသ၊ မောဟဟာ ဘယ်သူ့မှ အရှက်တကွဲ အကျိုးနဲဖြစ်အောင် ကျွန်တော်တွန်းမချပါဘူး။ ကိုမိုးသီးကိုပြေတာပါ မိုးသီးရဲ့လောဘ၊ ဒေါသ၊ မောဟက အဲဒီသာမာန်ထက် လွန်နေလို့ပါ။ အခုထိ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ နာမဝိသေသနကိုတော့ သူမရှက်လို့သာ သုံးနေတာနေမှာပါ။ဂျပန်ကို၆ခေါက်လောက်လာတယ်

သူ့ကို အဖွဲ့တော်တော်များများကော၊ လူကြီးလူငယ်တော်တော်များများကပါ အရည်အတွက်ထဲ ထည့်မတွက်တော့ပါဘူး။ ကျနော် တို့ တိုကျိုကို ခေတ္တရောက်တုန်းက မိတ်ဆွေတွေက ပြောကြပါတယ်၊ မိုးသီး အခုစာရင်းမရှိတော့ဘူး၊ မြောင်းထဲရောက်နေပြီတဲ့။အေဘီပျက်ရတဲ့ အဓိကတရားခံထဲက အဓိကတယောက် ဖြစ်တယ်လို့ ကျနော်အပါအဝင် အများတကာက မှတ်ယူကြပါတယ်။ဒါလည်းဘဲပြောပြတာပါ..မျိုးဆက်သစ်တွေအတွက် သိန်းစိန်အစိုးရက နံမယ်ကြီးတဲ့လူတွေဘဲလွတ်တာ ဘာတစ်ခုမှဒီနေ့ အထိပြောင်းလဲတာမလုပ်သေးဘူး..လို့မြင်တယ်ဗျာ..မြောက်ပိုင်းကိစ္စလူသတ်မှုက ကိုမိုးသီးပါတယ်လို့ မြင်လို့ မေးတာဖြစ်တယ် ရျင်းရှင်းပြောရင်မယုံဘူးပေါ့ မေးခွင့်ရှိလို့ မေးတာဖြစ်တယ်ဒါက ကိုမိုးသီးကိုစော်ကားချင်လို့ မေးတာမဟုတ်ဘူး ဖေ့ဘုတ်မှာတို့ အီးမေးမှာတို့ ပြန့် နေလို့ မေးတာပါ အခု..ကျွန်တော်ပြန်ရေးနေတာတွေက ကိုလှိုင်ဘွားကော ကိုမိုးသီးကော စော်ကားပြီးရေးတာ မပါဘူး...ဒါပေမဲ့ရှေ့တန်းမှာ ရန်သူနဲ့ တိုက်ပွဲဖြစ်လို့  ကျတာဆုံးရှုံးတာ ဓမ္မတာဘဲ ကိုယ့်အချင်းချင်း မြောက်ပိုင်းကိစ္စလို အမိန့်ပေးပြီး နောက်ကြောခေါင်းဖြတ်တာ အော့နှလုံးနာလို့ ဝင်ရေးတာဘဲ..ဒါကြောင့်ဖုံးနဲ့ မေးတာပါ ..