Friday, January 27, 2012

လှသိန်း

ကျနော် တို့ ရဲဘော် အပေါင်း သတိရှိကြပါစို့။

by Hla Thein on Tuesday, 24 January 2012 at 20:42
အခုလတ်တလောမှာ ABSDF မြောက်ပိုင်း လူသတ်မှု ဆိုတဲ့ ကိစ္စကို ဖော်ပြီး ကျနော် တို့ခေါင်းဆောင်တွေ ကို အပုတ်ချပြီးABSDF သမိုင်း ကို ဖျက်ဖို့ လူတစ်စု က ဦးဆောင်နေသလို ကျနော်တို့ ရဲဘော် ထဲ က တချို့သူတွေ အပါအ၀င် လူအတော်များများ ကဒီကိစ္စ ကို သတိထားလာလေ ဦးဆောင်သူများ က ပိုဖွလေ လုပ်ကောင်းနေတဲ့ အချိန်ပါ။
ကျနော့် အမြင်လေး ပြောပါရစေ အဲဒီအချိန်က အခြေအနေတွေက တအားရှုပ်ထွေးနေပါတယ်။ ဒီကိစ္စ ကို သက်ဆိုင်သူတွေ အချိန်တန်ရင်ရှင်းကြပါလိမ့်မယ်။ အပြစ်ခံထိုက်တဲ့ သူကလည်း ခံရပါလိမ့်မယ်။ အခုရှင်းဖို့စောပါသေးတယ်။

ဒီကာလမှာ စစ်အုပ်စုကသမိုင်းကို ပြောင်းနေပါတယ်။ လူတွေကလည်း မသိလိုက်ဖာသာ လိုက်နေပါ တယ်။
ပထမ ကိုမိုးသီးဇွန် ဒေါက်တာနိုင်အောင် စတဲ့ လူများကို အဓိက ပစ်မှတ်ထားပြီး  နောက်သူတို့နဲ့ နွယ်တဲ့ သူများကိုပါ နည်းမျိုးစုံနဲ့ အပုတ်ချပါတယ်။ ရည်ရွယ်ချက်ကတော့ ခေါင်းဆောင် ကနေ နောက်လိုက်အား လုံးကို တရားခံစွပ်စွဲပြီးမှာ ABSDF ကျောင်းသားတပ်မတော် တစ်ခုလုံးရဲ့ သမိုင်းကို ဖျက်တာပါ။

ကျနော် အပါအ၀င် ရဲဘော် အပေါင်းအားလုံးဟာ ယုံကြည်ချက်အခိုင်အမာ နဲ့ တိုက်ပွဲဝင်ခဲ့ကြသလို ABSDF သမိုင်းကိုလည်း တန်ဖိုးထားကြတာ လူတိုင်းပါပဲလို့ ကျနော် ယုံကြည်ပါတယ်။
အခု သူတို့ (စစ်အုပ်စုနဲ့ နောက်လိုက်တွေ) က သမိုင်းကို ပြောင်းပြန်လုပ်ပြီး လူတွေ ကိုေ၀၀ါးအောင် နည်းမျိုးစုံ နဲ့ အကောင်ထည်ဖော်နေတာ တွေ့နေရပါတယ်။ အထူးသတိထားကြပါ။
ကျနော်တို့ ခေါင်းဆောင်ဆွေကလည်း တချိန်က ကျနော်တို့လိုပဲ အပင်ပန်းခံ အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ တာပါပဲ၊ အခုချိန်ထိလည်း လုပ်နေဆဲပါ။ ကျနော် တို့ သူတို့ ရဲ့ ဦးဆောင်မှုတွေ နောက်မှာ လိုက်ခဲ့ကြ ပါတယ်။ ကျနော် တို့လုပ်ခဲ့တာ ကျနော် တို့ သမိုင်းပါ။

အဲဒီလို အချိန်တွေ သမိုင်းတွေ အခိုင်အမာ ရှိခဲ့တာ ကို မပျက်စေချင်ပါဘူး၊ ကျနော် တို့ခေါင်းဆောင်တွေကို သူတို့ တိုက်ခိုက်နေတဲ့ အချိန်မှာ ကျနော်တို့ က သွေးစည်းစည်း နဲ့ အချင်းချင်း ကျောချင်းကပ်ပြီး ရန်သူ ရေးချင်တဲ့ သမိုင်းမှားကို ကျနော်တို့ သမိုင်းမှာ ၀ိုင်းကူမရေးမိအောင် စည်းလုံးစေချင်ပါတယ်။ စစ်အုပ်စုရဲ့နောက်လိုက်တွေ က ဒီလူ ၁၀၀ကျော်သေတာ ကို သတိပေးနေရင် သူတို့ သတ်ခဲ့တဲ့ လူသိန်းကျော်ကို လည်း ကျနော်တို့ မေ့လို့မဖြစ်ပါဘူး။ အချိန်တန်ရင် အားလုံး အဖြေပေါ်တရားခံထွက်မှာပါ။ ဒီကာလ လေးမှာညီညီညွတ်ညွတ်နဲ့ABSDF ကျောင်းသားတပ်မတော်ရဲ့သမိုင်းကိုအကောင်းဆုံးဖြစ်အောင်
ရေးကြပါစို့။
Hla Thein facebook   မှကူးယူဖော်ပြသည်။

4 comments:

လင်္ကာ said...

Min Tharr
ကိုလှသိန်းပြောတဲ့ထဲမှာ သမိုင်းမှားကို ၀ိုင်းကူမရေးမိကြပါနဲ.လို.ပါခဲ့တယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ ကချင်မှာလူသတ်ခဲ့တာ မဟုတ်ခဲ့ဘူးလား။ ဘယ်သူမှမသေခဲ့ဘူးလို. ဆိုလိုတာလား။ စစ်အုပ်စုနဲ နောက်လိုက်တွေ ဆိုတဲ့ အသုံးအနှုံးကို အခုကချင်လူသတ်ပွဲကိစ္စကို ဖေါ်ထုတ်နေတဲ့ သူတွေကို စွပ်စွဲပြောဆိုလိုက်တာ ဘာအရင်းအမြစ်များခင်ဗျားမှာရှိလို. စွပ်စွဲရတာလဲ ခင်ဗျားလဲတော်လှန်ရေး ရဲဘော်တစ်ယေါက်လို.ခံယူရင် ဒီလို စွပ်စွဲခံရတဲ့ ခံစားချက်ကို သိမှာပါ။ ကိုယ်နဲ.အတွေးအခေါ် အယူအဆမတူ ကိုယ့်စိတ်ကြိုက်မတွေ.ရင် သူလျို လို. စွပ်စွဲတတ်တဲ့ အတွေးအခေါ်တွေကို ခင်ဗျား သံချောင်း မျိုးဝင်းတို.ဆီကများ သင်ယူခဲ့လေသလား။ အခုဒီကိစ္စကို ရေးသားနေတာ အချက်အလက် တိတိကျကျနဲ. ကိုယ်တိုင်ခံစားခဲ့ရတဲ့ မြင်တွေခဲ့ရတဲ့ သူတွေကိုယ်တိုင် ပါဝင်ဖေါ်ထုတ်နေတာပါ။ အချိန်မတန်သေးဘူးဆိုရအောင် အခုကျူးလွန်ခဲ့တဲ့သူတွေ အနာဂတ်နိုင်ငံရေးမှာ ကေါင်းစားပြီး သေခါနီးမိနစ် ၃၀ အလိုမှ ငါလုပ်ခဲ့တာတွေမှားပြီ နောင်တ၇ပါပြီ ၀န်ခံပါတယ်လို. ပြောတဲ့အချိန်အထိစောင့်ရမှာလား။ လုပ်ခဲ့တုန်းက အညှင်းဆဲခံခဲ့ရတဲ့လူတွေ ရက်ရက်စက်စက် အသတ်ခံခဲ့ အသက်တွေဟာ ငါတို.နဲ. ဦးတည်ချက်တူ ရည်ရွယ်ချက်တူ မိဘစွန်. ကျောင်းတွေပစ်ပြီး မြန်မာပြည်ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန်.တိုက်ပွဲဝင်ဖို.ဒုက္ခပေါင်းစုံခံပြီး နယ်စပ်ဒေသတွေမှာ တိုက်ပွဲဝင်ဖို.ရောက်လာကြပါလား ဆိုတဲ့ အသိလေးတောင်မရှိပဲ သတ်ဖြတ်ညှင်းပန်းခဲ့တာတွေဟာ မှန်ပါတယ်လို. ခင်ဗျားပြောရဲလား။ ဒီကချင်လူသတ်ပွဲဟာ ABSDF ရဲ. သမိုင်းမှာ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်မှုလို. ခင်ဗျားက ယူဆနေတာလား။ ဒီလောက်လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေဟာ ခင်ဗှားတို. ကျနော်တို.ရဲ ဒီမိုကရေစီရေး လူ.အခွင့်အရေး အတွက်တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ABSDF ရဲ.အလံတော်အောက်မှာ ဖြစ်ပွားခဲ့တာ. ABSDF မှာ ဖြေရှင်းဖို. တာဝန်အပြည့်ရှိတယ်။ ဒါကျနော့် ယူဆချက်ပါ။

လင်္ကာ said...

Nyo Htet
ကိုအောင်နိုင် ကိုလူဗိုလ်နဲ့ ရဲဘော်များခင်ဗျာ အခုဖြစ်စဉ်က ရှင်းလာပါတယ်။ ဒီဂရုမှာပြောနေကြသူတွေကို သတိထားမိသလောက် လူကြော်ငြာလုပ်နေတာတွေကို တွေ့မိကတည်းက သူတို့စေတနာကို သတိထားမိပါတယ်။ ဆိုပါစို့ ဗဟိုကော်မတီဟောင်းတို့ ဘာတို့ပေါ့။ တကယ်အမှန်တရားဖေါ်ထုတ်ချင်တဲ့သဘောထားရှိတယ်ဆိုရင် ဗဟိုက ဖွဲ့စည်းထားတဲ့ အလုပ်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ကြဖို့ပဲလိုပါတယ်။ အဲဒီအလုပ်အဖွဲ့ရဲ့ လေ့လာစုံစမ်းမှုတွေမှာ သိထားကြသူတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှ အဖြေထွက်လာမှာပါ။ အခုက အမှန်တရားနဲ့ တရားမျှတမှုကို ဖေါ်ထုတ်ချင်တာလား။ ဖွချင်တာလားဆိုတာ ကျနော်လည်း စောင့်ကြည့်လေ့လာနေတာပါ။ စေတနာမပါရင် ကျဆုံးမှာပါပဲ။
Wednesday at 04:55 · 3
Nyo Htet လူသတ်ဝါဒကိုတော့ ကျနော်လည်း လက်မခံပါဘူး ညှင်းပန်းနှိပ်စက်မှုတွေကို ဖတ်ရတာလည်း တော်တော် အော်ဂလီဆန်လှပါတယ်။ လူသတ်ဝါဒ ကျဆုံးပါစေ

လင်္ကာ said...

အင်ယု အင်ယု
ခံခဲ့ကြရသူတွေအနေနဲ. အခြေအနေအမျိုးမျိုးကိုစောင့်သိပြီး အနှစ် ၂၀ လောက်စောင့်ခဲ့ရတာကိုမျက်ကွယ်ပြုတာတော့မဟုတ်ဘူး ဒါပေမဲ့ အခုလိုအချိန်ကလည်း ဒီကိစ္စကို ဇောင်းပေးပြီးလုပ်ရမှာ မဟုတ်သေးဘူးလို. မြင်ပါတယ် တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့တနေ. ဒီလူတွေဟာ ဘယ်မှပုန်းလို.မရနိုင်ပါဘူး ဆိုတော့ စောင့်သင့်တဲ့အချိန်ကို ကျနော်တို.အနေနဲ. ဆက်လက်စောင့်ဆိုင်းသင့်တယ်လို. ထင်ပါတယ်။ ကိုယ်ချင်းမစာလို.တော့ မဟုတ်ပါ ၃၁.ယောက်(သို.) ၁၁၆ ယောက်အတွက် AB ရဲ့ ရဲဘော်ဟောင်း၊ လက်ရှိရဲဘော်တွေရဲ့ သိက္ခာလဲ အဖတ်ဆည် လို.ကိုမရသလောက်ဖြစ်နေပါပြီ "တစ်နေ.တလံ ပုဂံ ဘယ်ပြေးမလဲ" ဆိုသည့်အတိုင်း ကျနော်တို.ရဲ့ အောင်မြင်မှု ပန်းတိုင်သို.ရောက်ရန် မဝေးတော့ပါ။ လူတိုင်းလိုတိုင်း အာဃာတ ကင်းဝေးနိုင်ကြပါစေ။

လင်္ကာ said...

Naing Aung
ဒီကိစ်စကို တကယ်အချက်အလက်တင်ပြလိုသူတွေရှိတယ် ၊ တန်ဘိုးထားလေးစားပါတယ် ၊မကဒတမှာတာဝန်ထမ်းခဲ့ပြီး သမိုင်းရဲ့ အမှန်ဘက်ကိုရပ်တည်မဲ့ ကျနော်အပါအ၀င်ရဲဘော်အများပြားရှိတယ် ၊ ၀င်မပြောချင်လို့ သာ ကြည့်နေတာအများကြီးပါ ၊ ဘ၀စွန့် ပြီးတောခိုခဲ့တာ ထမင်းငတ်လို့  ရာဇ၀တ်ဘေးရှောင်လို့ မဟုတ်ပါ ၊ စွန့် လွတ်မှုကို အသိမှတ်မပြုရင်နေပါ စော်ကားတာတော့ တော်တော်လွန်တယ်၊ ကိုယ်ကိုယ်တိုင် ဘာမှမလုပ်ခဲ့ဘဲ၊ ၀င်ဖွနေတဲ့သူတွေရှိတယ် ၊ ဘယ်မှမပါဘဲ ရိုးရိုးသားသားဝင်လေ့လာတဲ့သူတွေရှိတယ် ၊ ဒီကိစ်စကို သမိုင်းမှာပါခဲ့တဲ့သူတွေ မကဒတမှာတာဝန်ရှိတဲ့သူတွေက တချိန်မှာရှင်းကြမှာပါ၊ သမိုင်းရေးရာကိုရှင်းဘို့  သတင်းအချက်လက်များစွာလိုသလို သမာသမတ်ရှိတဲ့လူတွေနဲ့  အချိန်အခါလိုပါတယ် ၊ ပြသနာတခုကို ဘက်ပေါင်းစုံက မသိရသေးဘဲ ကောက်ချက်ဆွဲလို့ မရသေးပါဘူး ၊ တကယ်ပါခဲ့တဲ့ သမိုင်းဆိုင်ရာ အချက်လက်ရှိသူများက ဒီနေရာမှာ ရှင်းကြမှာမဟုတ်ဘူးလို့ လည်းထင်တယ် ၊ မကဒတရဲ့ သမိုင်းတခုလုံးကိုတော့ ဒီကိစ်စနဲ့ ရောထွေးပြီးဖုံးရင်တော့ ဒါဟာ ရန်သူ့ လုပ်ရပ်ဆိုတာ အသိသာကြီးပါ ၊ ဝေဖန်တဲ့သူရဲ့  အဆင့်တန်းကိုလည်း သူ့ ရဲ့ comment ကိုကြည့်ပြီး သုံးသပ်လို့ ရပါတယ် ၊