Monday, August 1, 2011

စိမ်းလဲ့ကန်သာပူးတွဲကြေငြာချက်မှသည် တမျိုးသားလုံးပျော်ရွှင်ချမ်းမြေ့ မှုသို့ 

မောင်ဝံသ 

မကြာသေးခင်ရက်ပိုင်းအတွင်း ကျွန်တော့်စိတ်အာရုံကို ထူးထူး ခြားခြား နိုးကြွသွားစေခဲ့တဲ့ သတင်းနှစ်ရပ် ထွက်ပေါ်ခဲ့တယ်ဗျာ။ သတင်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည် တွေ့ဆုံ ဆွေးနွေးတဲ့ သတင်း ဖြစ်ပါတယ်။

ယခုလို တွေ့ဆုံဆွေးနွေးဖြစ်ဖို့ တိုင်းသူပြည်သား လူအများက မျှော်လင့်တောင့်တနေခဲ့တာ ကြာ ပြီကောဗျာ။သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာပို၍ပင် မျှော်လင့်ခဲ့ကြပါတယ်။ ယခင် စစ်ကောင် စီ အုပ် ချုပ်နေစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ကိုးကြိမ် တွေ့ဆုံခဲ့ပြီးပါပြီ။ ကျွန်တော်က ယင်းသို့ ဆွေးနွေးလက်စရှိခဲ့တာကိုမပြီးသေးသောပန်းချီကားတစ်ချပ်လို့ မြင်မိတဲ့အကြောင်း ရေးခဲ့  ပြောခဲ့ ဖူးပါတယ်။ ယခု အဲသည် လက်စမသတ်ရသေးတဲ့ ပန်းချီကားကို ဆက်၍ ရေးဆွဲဖြစ်ကြပြီ ပေါ့ဗျာ။

ဇူလိုင် ၂၅ ]]စိမ်းလဲ့ကန်သာ ပူးတွဲကြေညာချက်}}ထဲက စကားလုံး ရွေးချယ် သုံးနှုန်းမှုတွေကိုလည်း ကျွန်တော်က အလွန်နှစ်သက်ကျေနပ် မိတယ်ဗျ။ (ကျွန်တော်က စာရေးဆရာလည်းဖြစ်၊ တစ်ချိန်က နိုင်ငံရေး ကြေညာချက်အချို့ကို စကားလုံးများ စိစစ်ပြီး ရေးသားတဲ့ တာဝန်ယူ ခဲ့ဖူး သူ လည်း ဖြစ်လို့မို့ ထုတ်ပြန်ကြေညာချက်အသီးသီးက အသုံးအနှုန်း တွေကို အမြဲတမ်း ဂရုတစိုက်လေ့ လာပါ တယ်။ ]စကားနောက် တရားပါတယ်} ဆိုသမှုတ်လားဗျာ။ စကားလုံးအသုံးအနှုန်းတွေမှာ သဘော ထားတွေ ပါတတ် တယ်ဗျ။)

ဤတွေ့ဆုံမှုအတွက် နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ပြီး ကျေနပ်အားရမှု ရှိကြပါသည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာ စေရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အ လမ်း များ ကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်း စေမှုတို့လည်း အပါအ၀င်ဖြစ်သည်။ သင့်လျော်သော ရက်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

သမားလက်လျှော့အခြေအနေမဟုတ်

ပူးတွဲသတင်းထုတ်ပြန်ချက်ဟာ တိုတိုနှင့် လိုရင်းရောက်ပါတယ်။ စကားလုံးတွေကို ထပ်မံရှင်း လင်း ချက်ပေးစရာမလိုဘဲ​ ထိရောက်မှု ရှိပါတယ်။ ကျွန်တော်တို့ကတော့ (ဆန္ဒစော တယ်လို့ ပြောချင်လည်း ပြောကြပါတော့) အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိတာအမှန်ပဲဗျ။
ကျွန်တော်တို့တိုင်းပြည်ဟာယခုအချိန်မှာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုမဖြစ်ဖြစ်အောင်  ဆောင်ရွက်လို့ ရနိုင်ပါသေးတယ်ဗျာ။ ပြောရမယ်ဆိုရင် လူနာဟာ မျော့မျော့လေးသာ ကျန်တော့တဲ့ အခြေအနေ ဆိုပေမယ့် သမားတော် လက်လျှော့လိုက်ရမယ့် အခြေအနေ မရောက်သေး ပါဘူးဗျ။ အနာကို သိ ရင် ဆေးရှိပါတယ်။ ဆေးရှိပါလျက်နဲ့ မကုစားဘဲ အသေခံမယ်ဆိုရင်တော့ ပါဝင်ပတ်သက်သူအားလုံးကို တိုင်းပြည်က ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးဗျ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအလို့ငှာ ပါဝင်ပတ်သက်နေ သူအားလုံးက မာနတွေ ခ၀ါချပြီး ပြဿနာတွေကို ပြေလည်သည်အထိ ဖြေရှင်းကြဖို့ ပြည်သူအများက လိုလားနေကြပါ တယ်ဗျာ။

လုံးဝအပျက်မခံနိုင်ဘူး

သည်နေရာမှာ စိမ်းလဲ့ကန်သာ ပူးတွဲကြေညာချက်ထဲပါတဲ့ }}ပြည်သူလူထု ကိုယ်စိတ် နှစ်ပါး ချမ်း သာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်င်မည့် အခွင့်အလမ်း များ ကို ဆွေးနွေးခဲ့ကြသည်}}ဆိုတဲ့ စကားရပ်အတိုင်း ဆက်လက် အကောင်အထည်ဖော်နိုင်ကြပါစေလို့​ ဆုတောင်းမိတယ်ဗျ။ ရှင်းရှင်း ပြောရရင်သည်ဆွေးနွေးပွဲကို အပြီးတိုင်ထမြောက်အောင်မြင်သည် အထိဆက်လက် ဆောင် ရွက် ကြစေ ချင်တယ်ဗျာ။ လုံးဝအပျက်မခံနိုင်ဘူးလို့ တိုင်းသူပြည်သား တစ်ယောက် အနေ နဲ့ တောင်း ဆိုလိုက်ချင်ပါတယ်ဗျ။ စိမ်းလဲ့ကန်သာ သဘောတူညီချက်ကို ဖျက်လိုဖျက်ဆီးလုပ်မည့်သူများကိုလည်း ပြည်သူတွေက ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောလိုက်ချင်ပါသဗျ။

ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း

ကျွန်တော့်ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ သတင်းနှစ်ပုဒ်အနက် နောက်သတင်းတစ်ပုဒ်ကတော့ ကုလ သမဂ္ဂအထွေထွေညီလာခံကလာတဲ့ သတင်းထူးတစ်ခုဖြစ်ပါတယ်။

အဲဒီသတင်းကတော့ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ပြတဲ့​ အညွှန်းကိန်းတွေထဲမှာ ပျော်ရွှင်ချမ်းမြေ့မှုကို ထည့်သွင်းဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံကချမှတ်လို​က်ခြင်းပဲ ဖြစ်တယ်ဗျ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့ရဲ့ စိမ်းလဲ့ကန်သာ ပူးတွဲကြေညာ ချက်ထဲက }}ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များကို ဆွေးနွေးခဲ့ကြသည်}}ဆိုတဲ့ စကားရပ်ကို တွေ့တော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချက်ချင်း သတိရမိလိုက်တယ်ဗျ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ အညွှန်းကိန်းတွေထဲမှာ တိုင်းသူပြည်သားများရဲ့ ပျောရွှင် ချမ်းမြေ့မှု ဘယ့်ကလောက် ရှိသလဲဆိုတာကို ထည့်ပြောရတော့မယ်ဗျ။

ဘူတန်က စခဲ့တာ

တကယ်တော့ အဲဒီဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့​ ဟိမ၀န္တာ တောင်တန်း ပေါ်က နိုင်ငံငယ်ကလေးတစ်ခုဖြစ်တဲ့ ဘူတန်က စတင်ကြိုးပမ်းခဲ့တာ လွန်ခဲ့တဲ့ ၁၀ လလောက်က ဖြစ်ပါတယ်။ အဲဒီတုန်းက အဲဒီအယူအဆ စိတ်ကူး စိတ်သန်းဟာ လက်တွေ့ရောကျရဲ့လား။ အောင်မြင်မှုရှိနိုင် ပါ့မလားဆိုပြီး တချို့က သံသယ ပွားခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင် အဲဒီ တစ်မျိုး သားလုံး ပျော်ရွှင်ချမ်းမြေ့မှု အညွှန်းကိန်း အကြောင်းကို စိတ်ဝင်စားလွန်းလို့ စာနယ်ဇင်းအချို့မှာ ဆောင်းပါး သုံးပုဒ်ထက်မနည်း ရေးခဲ့ဖူးတယ်ဗျ။ အခုနောက်ဆုံးမှာတော့ ဘူတန်ရဲ့ အဲဒီအဆိုဟာ ပူးတွဲကမကထပြုတင်ပြသူ ၆၆ ဦးနဲ့အတူ ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ အတည်ပြု ဆုံးဖြတ်ချက်ချမှတ်မှုကို ရရှိသွားပြီဖြစ်လို့ အလွန်ဝမ်းသာတဲ့အထဲ ကျွန်တော် ပါဝင်တယ်လို့ ၀င်ပြောပါရစေဗျာ။ အဲဒီ နိုင်ငံတွေထဲမှာ ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်လည်း ပါဝင်တယ်ဗျ။

လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု(development​) ကို တိုင်းတာတဲ့အညွှန်းကိန်းတွေထဲမှာ​ လူသားတွေရဲ့ ပျော်ရွှင်ချမ်းမြေ့မှု (happiness)ကိုပါ အရေးကြီးတဲ့အချက်တစ်ချက်အဖြစ် ထည့်သွင်းဖို့ ဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ ရုပ်ပိုင်းတိုးတက်မှုနဲ့ စိတ်ပိုင်းတိုးတက်မှုအကြား ဟန်ချက်ညီမျှမှုရှိစေဖို့ ကြိုးပမ်းခြင်းဖြင့် ဘ၀ရဲ့အရည်အသွေးကို တိုင်းတာတဲ့ ဘူတန်နိုင်ငံက ပထမဆုံး စတင်တီထွင်အသုံးပြုခဲ့တဲ့ ]]တစ်မျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှု စုစုပေါင်းတန်ဖိုး}}( Gross National Happiness - GNH ))ပုံစံပေါ်မှာ အခြေခံထားတာ ဖြစ်တယ်ဗျ။

ဗုဒ္ဓတရားကို အခြေခံ၍

တိတိကျကျပြောရရင် အဲဒီGNHဆိုတဲ့စကားလုံးကို ပထမဆုံး တီထွင်အသုံးပြုခဲ့တာက သူ့ဖခမည်းတော် ဂျစ်ဂဖီဒေါ်ဂျီဝမ်ချုပ် နတ်ရွာစံ သွားပြီးတဲ့နောက်မကြာမီမှာ ဘူတန်နိုင်ငံကို ခေတ်သစ်ကမ္ဘာနဲ့ မိတ် ဆက် ပေးခဲ့တဲ့ ဘုရင်ဂျစ်ဂမီစင်းဂျီးဝမ်ချုပ်ဖြ​စ်တယ်ဗျာ။ သူက ဗုဒ္ဓမြတ်စွာရဲ့ စိတ်ပိုင်းဆိုင် ရာတန်ဖိုးတွေအပေါ်မှာ အခြေပြုထားတဲ့ ဘူတန်နိုင်ငံရဲ့ အများနဲ့မတူ တစ်မူထူးခြားတဲ့ ယဉ်ကျေးမှုကို အလုပ်အကျွေးပြုနိုင်မယ့် စီးပွားရေးစနစ်တစ်ခု တည်ဆောက်ဖို့ဆိုတဲ့သူ့ရဲ့ သန္နိဋ္ဌာန်ကို ဖော်ပြဖို့အတွက် အဲဒီစကားလုံးအသစ်အဆန်းကို ၁၉၇၂ ခုနှစ်ထဲမှာ ပထမဆုံးစတင် အသုံးပြုပြောဆိုခဲ့တာ ဖြစ်တယ်ဗျ။

ကမ္ဘာပိုင်ဖြစ်လာရေး

ဘူတန်ဘုရင်က အမှတ်မထင်သုံးနှုန်းလိုက်တဲ့ အဲဒီဝေါဟာရဟာ နောက်ပိုင်းမှာ တစ်စတစ်စ ပိုမို တွင်ကျယ်လာခဲ့ပြီး ကာမအူရာ ဆိုတဲ့ ပညာ ရှင်ရဲ့ဦးဆောင်မှုအောက်မှာ ]]ဘူတန်ရေး ရာလေ့လာမှုစင်တာ}}( Centre for Bhutan Studies - CBS)က အဲဒီဝေါဟာ  ရ ကို ပြည် သူတွေ ရဲ့ဘ၀  လုံခြုံငြိမ်းချမ်းသက်သာချောင်ချိမှုကို တိုင်းတာတဲ့နေရာမှာ အသုံးပြုတဲ့ အဆင့်မြင့် စံချိန်စံညွှန်း တစ် ခုအဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာအောင် မြှင့်တင်ခဲ့တယ်ဗျ။ နောက်ပိုင်း အဲဒီစံချိန်စံညွှန်းကို ]]ဘူတန်ပိုင်}} အဖြစ်ကနေ ]]ကမ္ဘာပိုင်}} အဖြစ်သို့ တရွေ့ရွေ့ပြောင်းလဲတိုးတက်လာအော​င် သုံးသပ် ဆန်းစစ် ခွဲခြမ်းစိတ်ဖြာမှုတွေတိုးတိုးပြီးပြုလုပ်လာကြတဲ့ကိစ္စ​မှာတော့ကနေဒါကျန်းမာရေးပညာရှင်မိုက်ကယ် ပင်းနော့ က အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တယ်ဗျာ။

ချမ်းသာတိုင်း ချမ်းမြေ့သလား

သို့ပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့GDPဟာ အဲဒီနိုင်ငံက ပြည်သူ တွေရဲ့ဘ၀တွေ ငြိမ်းချမ်းလွတ်လပ် သာ ယာပျော် ရွှင်မှုနဲ့ တိုက်ရိုက်အချိုးမကျ တာကို တွေ့ကြရမှာ ဖြစ်တယ်ဗျ။ တစ်ချိန်တည်းမှာ ဖွံ့ဖြိုးတိုးတက်မှု (သို့မဟုတ်) ချမ်းသာကြွယ်ဝမှုနဲ့ ချမ်းမြေ့ပျော်ရွှင်မှုဟာ တိုက်ရိုက်အချိုးကျ ရဲ့လားဆိုတာကို ပညာ ရှင်တွေ တွေးတောဆင်ခြင်မိလာကြတယ်ဗျ။ အကျိုးဆက်အဖြစ်GDP ပေတံနဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို တိုင်းတာတာဟာ မှန်ကန်ရဲ့လား။ မှားတော့မမှားဘူးလို့ပြောမယ်ဆို​ရင်တောင် လုံလောက် မှုရောရှိရဲ့လားလို့ တွေးလာခဲ့ကြတယ်ဗျ။

ထောက်တိုင်ကြီး ရှစ်ခု

အဲဒီမှာတင် ဘူတန်နိုင်ငံက စတင်ထွက်ပေါ်လာခဲ့တဲ့ GNH ဆိုတဲ့ ဝေါဟာရဘက်ကို ပညာရှင်တွေ တစ်စ တစ်စ ပိုမိုအာရုံစိုက်လာ ခဲ့ကြတော့တာပါပဲဗျာ။

ဗုဒ္ဓမြတ်စွာရဲ့ သင်ကြားမှုတွေအပေါ်မှာ အခြေပြုထားတဲ့ဘူတန်ရဲ့GNH အယူအဆက လူ့အဖွဲ့အစည်း အတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းစေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့​ ရုပ်ပိုင်းဖွံ့ဖြိုး တိုးတက်မှုတို့ ဟန်ချက်ညီညီလျှောက်လှမ်းသွားနို​င်မှသာ ရရှိနိုင်တဲ့အရာလို့ ဖွင့်ဆို ထားတယ်ဗျာ။ ဒါကို အသေးစိတ် ဖွင့်ဆိုရရင်ြွံ မှာ အဓိက ထောက်တိုင်ကြီး ၄ ခု ရှိတယ်။ အဲဒါတွေကတော့ (၁) ကြံ့ခိုင်သန်စွမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး (၂) ယဉ်ကျေးမှုတန်ဖိုးများအား စောင့်ရှောက်ကာ ကွယ် ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေး (၃) သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာ ကွယ်စောင့်ရှောက်ရေးနဲ့ (၄) ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် ထူထောင်ရေးတို့ ဖြစ်တယ်လို့ဆိုတယ်ဗျ။

နောက်ပိုင်းမှာ ဘူတန်ရေးရာလေ့လာမှု စင်တာ (CBS) က အဲဒီပျော်ရွှင်ချမ်းမြေ့မှုရဲ့ထော​က်တိုင်ကြီး ၄ ခု အယူအဆကို အသေးစိတ် ထပ်မံချဲ့ထွင် ဖွင့်ဆိုရှင်းလင်းပြီး ထောက်တိုင်ကြီး ၈ခု အယူအဆအဖြစ်သို့ ဆက်လက်ဖွံ့ဖြိုး တိုးတက်စေခဲ့တယ်ဗျ။ အဲဒီထောက်တိုင်ကြီး ရှစ်ခုကတော့ (၁) ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့်ကျင့်ဝတ်သိက္ခာပိုင်းကျန်းမာရေး (၂) အချိန်ဟန်ချက် ညီမျှမှု (၃) လူမှုရေးနှင့် အသိုင်းအ၀ိုင်းဆိုင်ရာ တက်မလိုက်နာမနေရတော့မဟုတ်ပါ

အခု ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က မလိုက်နာမနေရမဟုတ်တဲ့ ဆုံးဖြတ်ချက် (Non binding Resolution))သာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာဆန်းစစ်တိုင်းတာကြတဲ့အခါ ( Gross National Happiness - GNH ) ကို စံချိန်စံညွှန်းတစ်ခုအဖြစ် မဖြစ်မနေထည့်သွင်းအသုံးပြုကြရမယ်လို့ အဲဒီဆုံးဖြတ်ချက် က တောင်းဆိုမ ထား ပါဘူး။ ဒါကြောင့်နိုင်ငံတွေ အနေနဲ့ဆန္ဒရှိရင်လည်းလုပ်၊ မရှိရင်လည်း မလုပ်နဲ့၊ မိမိတို့သဘောဆန္ဒအတိုင်း သာ ဖြစ်တယ်ဗျ။

ကမ္ဘာမှာ မြန်မာနမူနာပြနိုင်ဖို့

ဒါပေမယ့် မိမိတို့နိုင်ငံမှာ မိမိတို့ပြည်သူတွေအတွက် စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စစ်မှန်တဲ့ချမ်း သာကြွယ် ၀မှုတို့နဲ့ တစ်တွဲတည်း စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှု​ကို ရရှိခံစားစေလိုကြတဲ့ နိုင်ငံ ခေါင်းဆောင် များ အနေ နဲ့ ပျော်ရွှင်ချမ်းမြေ့မှု ပေါ်ပေါက် ထွန်းကားပြန့်ပွားရေးအတွက် မိမိတို့ရဲ့သီးခြားကိုယ်ပိုင်အစီအမံ လုပ်နည်း လုပ်ဟန် များကို ဖော်ထုတ်ပြီး အဲဒါတွေကို ကုလသမဂ္ဂအဖွဲ့ကြီးထံ မျှဝေကြပါလို့ အဲဒီဆုံးဖြတ်ချက်မှာ ပန်ကြားထားကြောင်းပါဗျာ။

(မောင်ဝံသ)
၂၇၊ ၇၊ ၂၀၁၁

No comments: