ငါ့အရိုးအိုးတော့မျောသွားပြီ
ခွက်ထဲရောက်နားနှစ်ဖက်ရဲ့ လက်တံ
လွတ်လပ်သီးတို့ ရဲ့ ပုဒ်မတပ်ထားတဲ့ 
ကျင်လည်ရာ......
မြတ်နိုးရာ......
အတွေးအခေါ်များရဲ့ ကာမပိုင်ခွက်များ
အော်သံတခုရဲ့ အလှဟာ
အော်သူရှိရာ ၀ပ်တွားလို့ 
ဒုတိယပုဂ္ဂိုလ်မလိုဘူး
အသံကိုကောက်မစားတတ်ဘူး
နှလုံးသားဟာ ကတုတ်ကျင်းဖြစ်တယ်
မျိုးကွဲပင်လယ်ဖြစ်တယ်
ဝိသေသထင်ရှားလာမယ့်နေ့ ရောက်မှ
အတွင်းသားကိုအော်ခေါ်ဖြစ်တော့မယ်။ ။
ဂေါတြဘူ
No comments:
Post a Comment