Sunday, June 26, 2011

ရှုံးထွက်ပွဲစဉ် (ထိုင်း၊ကမ္ဘောဒီးယားပရ၀ိဟာရဘုရားမြေလုပွဲ)


VOA မှာဖတ်လိုက်ရတဲ့ သတင်းပါ။ထိုင်းကတော့ကုလသမဂ္ဂရဲ့ သမိုင်းဝင်အမွေအနှစ်စာချုပ်အဖွဲ့ ဝင်အဖြစ်ကနေနုတ်ထွက်သွားပါပြီ။
နှစ်နိုင်ငံနယ်ခြားမှာရှိတဲ့ပရ၀ိဟာရ ရှေးဟောင်းဘုရားကျောင်းမြေစီမံခန့် ခွဲဖို့ ကမ္ဘောဒီးယားကိုယူနက်စကိုကလုပ်ခွင့်ပေးလိုက်လို့ ထိုင်းကမကျေ မနပ်ဖြစ်ပြီး ထွက်သွားတာပါ။
ဖေဖော်ဝါရီလကစခဲ့ တဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်က၄.၆ကီလိုမီတာအကျယ်အ၀န်းရှိတဲ့ မြေလုပွဲကြောင့်လူ၂၇ယောက်သေဆုံးခဲ့ရပါတယ်။
ကမ္ဘောဒီးယားဘက်ခြမ်းကဒေသခံ၁၆၆၀လောက်အဲဒီဒေသကစွန့် ခွာခဲ့ကြရပြီးထိုင်းဖက်ခြမ်းက၈၅၀၀၀ လောက်နေရပ်ကနေရွှေ့ ပြောင်းအခြေ ချခဲ့ကြရပါတယ်။ထိုင်းနဲ့ ကမ္ဘောဒီးယားအပြန်အလှန်ပစ်ခတ်မှုကြောင့်လူနေအိမ်ကျောင်းတွေလည်းပျက်စီးခဲ့ ရပါတယ်။ပစ်ခတ်မှုတွေကြောင့်ပဲ
ရှေးဟောင်းဘုရားကျောင်းတဆောင်ပျက်စီးခဲ့ရပါတယ်။ဒီပဋိပက္ခနောက်ကွယ်မှာအမျိုးသားရေးနဲ့ နိုင်ငံရေးကအဓိကမောင်းနှင်နေတယ်လို့ တချို့  ကဆိုပါ တယ်။

No comments: