Saturday, May 14, 2011

တခါတရံ

တခါတရံ
မိုးကောင်းကင်ပြာပြာကို    မော့ကြည့်ရင်း

တခါတရံ
လမ်းထိပ်အုတ်ခုံပေါ်
လေလေလွင့်လွင့်   ထိုင်နေရင်း
 ကျနော်တို့ 
ကိုယ့်အကြောင်းကိုယ်
အမှတ်တမဲ့  စဉ်းစားနေမိတယ်။
ကျနော်တို့ ရဲ့    မအောင်မြင်ခဲ့ရပုံတွေ။
ကျနော်တို့ ရဲ့ နာကျင်ခဲ့ ရခြင်းတွေ။
ကျနော်တို့ ရဲ့   မိုက်မဲခြင်းတွေ။

တခါတရံ
ကျနော်တို့ ရဲ့ 
ပျော်ရွှင်ရယ်မောခဲ့ရခြင်းတွေ။


တခါတရံ
ကျနော်တို့ ဟာ
ငယ်ငယ်တုန်းကဖြူစင်မှုလေးတွေကို
ပြန်အောက်မေ့မိတတ်ကြတယ်။
ကျနော်ငယ်ငယ်တုန်းက  စိုက်ခဲ့တဲ့ 
အရွက်ဖားဖားနဲ့ အပင်ပုလေး
မိုးဦးကျ
ပွင့်လာရင်
ငေးကြည့်လို့ မဆုံးတော့ဘူး။

 

တခါတရံ
ကျနော်တို့ ဟာ   တကိုယ်ကောင်းပိုဆန်လာတယ်။
ငွေကြေးကိုမက်မောရကောင်းမှန်း  သိလာတယ်။
အောင်မြင်မှုနောက်ကိုအတင်း လိုက်တတ်တယ်။

တခါတရံ
ကျနော်တို့ ဟာ မိဘမေတ္တာကို   သတိရတယ်။
ဘာကြောင့်   မိဘရင်ခွင်ကိုခွဲခွာမိခဲ့ပါလိမ့်။

တခါတရံ
ကျနော်တို့ ဟာ
မုန်တိုင်းကြားကသင်္ဘောသားလိုပဲ။


တခါတရံ
ကျနော်တို့ ဟာ  ချစ်ခြင်းမေတ္တာနောက်
ကောက်ကောက်ပါအောင်လိုက် လို့ ။
လူ့ ဘ၀ချိုချိုချဉ်စူးလေး။

တခါတရံ
ကျနော်တို့ ဟာ  စိတ်ကူးယဉ်ချောက်ကမ်းပါးပေါ်မှာ
တွေတွေဝေေ၀ ရပ်လို့ ။

တခါတရံ
ကျနော်တို့ ဟာ
လူ့ ဘ၀ကြီးကို  ပြန်လည်စွန့် ခွာရမယ်
သစ်ရွက်လေးက သစ်ပင်ကို မဖက်တွယ်တော့ပဲ
ကြွေကျသွားသလို
ကျနော်တို့ လည်း
လူ့ ဘ၀ကနေ ငြင်သာစွာ မြေကြီးဆီသက်ဆင်းသွားဖို့ ပဲ
မျက်ခွံကို
အိပ်ပျော်သလို ငြိမ်းချမ်းစွာအိပ်သွား  နိုင်ဖို့ ပဲ
ဒီလိုပဲဆုတောင်းခဲ့ပါတယ်
တောင်းသောဆုနဲ့ ပြည့်ပါစေ...........

 သော်ကြီး

2 comments:

ကိုခေတ်လင်း said...

ဵသိပ်ကောင်းတယ်ဗျာ
ကဗျာဆရာ ရဲ့ အကြည်ဓာတ်ကို ခံစားရတယ်။

လင်္ကာ said...

ကဗျာဆရာက ကျနော်ဆီကိုရောက်လာတယ်။
ဒီကဗျာလေးပေးပြီးတော့ ပြန်သွားတယ်။
သိပ်မကြာဘူး။ သူဆုံးသွားတဲ့သတင်းကြားရတာပဲ။