Saturday, May 12, 2012

ExpressTime ဂျာနယ်၏စွပ်စွဲချက်အပေါ် ဦးတင်ဦးဖြေရှင်းချက်

(အောက်က စာတွေအားလုံးဟာ ဘဘဦးတင်ဦး ဒီကနေ့ ပုဇွန်တောင်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်းက  ExpressTimes ဂျာနယ်၏ လက်ရှိ စွပ်စွဲချက် အပေါ်  လူကြီးတစ်ယောက် အနေနဲ့ ကြားဝင်ဖြေရှင်းပေးတဲ့ အနေနဲ့ ထည့်သွင်းပြောကြားချက်တွေပါ... ကွင်းစ၊ ကွင်းပိတ် အပြင်က စာသားတွေ ဟာ ကျတော် မူဝါဒ တစ်လုံးမှမပါဘဲ ဘဘ ရဲ့ဒီကနေ့ မိန့်ခွန်းကို မပြုမပြင် မူရင်းအတိုင်း တင်တာပါ...  အသံဖိုင်  ကျတော့်ဖေ့ဘွတ်သူငယ်ချင်းတွေ လိုချင်ရင်တော့ အိမ်တိုင်ရာရောက် ကျတော် လာပေးမယ်... )           
                     ဒီနေရာမှာ ကျတော်ကတော့ လူကြီးတစ်ယောက်အနေနဲ့ မျှမျှတတ ပြောရပါမယ်... မနေ့ညက
ကျတော်သတင်းနားထောင်လိုက်တဲ့အခါမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေး လိုက်နေတဲ့ ပုဂိုလ်တစ်ယောက်ဟာ သတင်းထောက်ကို ကိုယ်ထိလက်ရောက်ဖြစ်တဲ့အတွက် ဒါကိုသူတို့ ကနေပြီးတော့သတင်းထောက်များရဲ့ MJN ခေါ်တာပေါ့...သူတို့က မီဒီယာကနေပြီးပြောသွားတဲ့ အဓိပါယ် မှာကတော့ဖြင့်ရင်ကျတော်တို့ လုံခြုံရေးအဖွဲ့က ပုဂိုလ်ဟာ ကိုယ်ထိလက်ရောက်ပြုလိုက်တဲ့ အတွက်ကြောင့် မို့ ဒီလိုဟာမျိုးနဲ့ပါတ်သတ်လို့ လုံခြုံမှုယူတဲ့သူတွေကို စိတ်ပျက်မိတယ်လို့ ဆိုတဲ့ အပြော ကျတော်ကြားလိုက်ပါတယ်... ဒီနေရာမှာ ကျတော်ဟာ မျှမျှတတ ပြောပါရစေ လူကြီးတစ်ယောက်အနေနဲ့...   ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ ကျတော်တို့အားလုံးရဲ့ အသက်တမျှအရေးကြီးတယ် ဆိုတာ ကိုတော့ ခင်ဗျားတို့နားလည်ဖို့လိုတယ်
 အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ သက်ဆိုင်ရာပုဂိုလ်တွေမှာ အဓိကတာဝန်ရှိ တယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်ပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပေးနိုင်သလောက် လုပ်ပေး တာလဲ ရှိမယ်... သို့သော် လုံခြုံရေးဆိုတာ ဘယ်တော့မှ ပိုတယ်မရှိဘူး... အင်မတန် အမြဲတန်း လိုနေ တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တကယ်ကို သတိဝိရိယကြီးမားစွာနဲ့ စောင့်ရှောက်မှသာလျှင် လုံခြုံစွာအောင်မြင်စွာ ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်... အဲ့လိုဖြစ်တဲ့ အရေးနဲ့ပတ်သတ်လို့ မျှမျှတတပြောရရင် သဘောကတော့ လုံခြုံရေး ယူတယ်ဆိုတာဟာ  ... ခင်ဗျားတို့ အားလုံးသိကြပါတယ် ... ဒေါ်အောင်ဆန်းစုကြည် ရဲ့ဖခင် ဗိုလ်ချုပ်အောင် ဆန်းဟာ ပြည်သူလူထုက တခဲနက်ချစ်မြတ်နိုးတာဟာ ကျိကျိတက်ချစ်မြတ်နိုးပါတယ်... ကျတော်တို့ခေတ် မှီပါတယ်...ဒီလိုပါပဲ အလားတူပဲ ပြည်သူလူထုက ရောက်ရာအရပ်မှာတိုးကြိတ်၊ တိုးဝှေ့ပြီး သူတို့ ရဲ့ ယုံကြည်အားကိုတဲ့ စိတ်ဓါတ်ကို ပြတာကို တွေ့ဖူးပါတယ်... အဲ့ဒီအခါမှာ ဗိုလ်ချုပ်အောင်ဆန်း ကလဲ ပြည် သူလူထု အားလုံးရဲ့ ချစ်မြတ်နိုးမှုကို ယုံကြည်တယ်...သို့သော်လဲပဲ ဒီထဲမှာ မသမာတဲ့သူမကြိုက်တဲ့သူဆို တာ သူ့သဘောကို မသိနိုင်ဘူး...အဲ့လိုအခါမျိုးမှာတော့ ဒီလိုပဲသတိပေးနေရင် လုပ်ကိုင်နေရင်းကြားထဲ မှာပဲ ၁၉၄၇ ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ နိုင်ငံခေါင်းဆောင်၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်
ဆန်း ဟာ အသက်ပေးလှုရတဲ့အထိ လုပ်ကြံခြင်းခံရပြီး ကျဆုံးသွားရှာခြင်းခံရတယ်ဆိုတာ ခင်ဗျားတို့ အားလုံးသိတယ်...အဲ့ဒါကြောင့်လဲပဲ တိုင်းပြည်မှာ နောက်ဆက်တွဲဖြစ်ပျက်လာခဲ့ တဲ့ နိုင်ငံရေး နဲ့ပတ် သတ်တဲ့ အခက်အခဲ အကျပ်အတည်းတွေဟာ ဒီနေ့အထိရုန်းကန်နေရတယ်ဆိုတာဟာ အဲ့ဒီတုန်းက ရတောင့်ရခဲခေါင်းဆောင်ဟာ မသမာ သူတို့၏ လက်ချက်ကြောင့် ဖြစ်သွားတာကြောင့်ဆိုတဲ့ ပယောဂဟာ ဒီနေ့အထိ ဒုက္ခတွေ၊ သုက္ခတွေ အမျိုးမျိုးခံနေရတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့လို တယ် 
ဒီတော့ဒီနေ့ ကျတော်တို့ဟာ အင်မတန် ကံကောင်းလွန်းလွန်း လို့ ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည်
လို ခေါင်းဆောင်မျိုးရထားတာကို သူမအသက်အန္တာရယ် ဘေးကင်းရှင်းစေရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ကာကွယ်စောင့်ရှောက်သွားဖို့ဆိုတာ ကျတော်တို့တွေမှာရော ဒီတာဝန်ရှိ သူတွေ မှာရော တာဝန်ယူရမယ်ဆိုတာအားလုံးကို လေးလေးနက်နက် ကျတော်ဒီမှာပြောချင် တယ် ဒီတော့ ပြီးခဲ့တဲ့ ကိစ္စမှာ လုံခြုံရေးတာဝန်ယူတယ် ဆိုတာဟာ ဒီနေရာမှာတင်ယူလို့မရဘူး...အတွင်းစည်း
ဝိုင်းမှာလဲ ယူရတယ်...အလတ်စည်းဝိုင်းမှာလဲ ယူရရတယ်... အပြင်စည်းဝိုင်းမှာလဲယူရတယ်...ဟိုးအဝေးကြီး
ကလာတတ်တဲ့နေရာတွေမှာလဲ ယူရတယ်...ဒီနေရာမှာ ဒုက္ခ သုက္ခပေးဖို့ဆိုတာဟာ အဝေးကြီးက လာပြီး ပေးလဲရတယ်...နောက်ပြီး အခုခေတ်ခါမှာလဲ သိတဲ့အတိုင်းပဲ ခေတ်ရဲ့ ကိရိယာ တန်ဆာ ပလာတွေ ဟာ အင်မတန်ဆန်းပြားတဲ့ အတွက် အန္တရာယ်တွေဟာကြီးမားပါတယ်...ဒါကြောင့်မို့ အန္တရာယ်ကြီး မားတဲ့ အတွက် လုံခြုံစောင့်ရှောက်ရန်တာဝန်ရှိတဲ့ ကလေးတွေ ဟာ အင်မတန်ကို ပင်ပန်းကြီး မားစွာနဲ့ အစောင့်အရှောက် ပေးနေရတယ်လုပ်နေရတယ် ဆိုတာကိုတော့ ပထမ နားလည်စေ ချင်ပါတယ်...အခု ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရောက်တဲ့နေရာမှာဆိုရင် ပြည်သူလူထု ဟာ အင်မတန် ချစ်မြတ်နိုး တယ်... အင်မတန် လှိုက်လှိုက်လှဲလှဲ ရှိတယ် ... ပန်းဆက်ချင်တယ်...လက်ဆောင်ပေးချင်တယ်...   ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ ကျတော်ဟာ အတူတကွခရီးတွေ အများ
ကြီးသွားခဲ့ဖူးပါတယ်...သူ့ရဲ့စေတနာ ပြည်သူလူထုအားလုံးထံချဉ်းကပ်ပြီး ဖက်လှဲတကင်းနေချင်တယ် ဆိုတာကို ကျတော်ကောင်းကောင်းသိတယ်...သူ့နားကိုလာတဲ့သူ တားတာ ပြုတာကို သူမကြိုက် ပါဘူးးး... သူ့နားလာတဲ့ ပုဂိုလ်၊ သူနဲ့ ရင်းနှီးလိုတဲ့ ပုဂိုလ် သူနားချဉ်းကပ်လာတာကို ကာကွယ်တာ သူမကြိုက်ပါဘူး... ဒါကို ကျတော်ကောင်းကောင်းသိတယ်...သို့သော်လဲပဲ ကျတော်တို့မှာတာဝန်ရှိတာကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့သွားတာ ၊ လုပ်တာ၊ ကိုင်တာ လွယ်အောင် အနီးကပ်လုံခြုံရေးအဖွဲ့က ကလေးတွေ ကိုထားရပါတယ်...ဒီကလေးတွေကလဲ တကယ်သူယုံကြည် စိတ်ချပြီးတော့   တောက်လျှောက် သူအသုံးပြုလာတဲ့ ကလေးတွေဖြစ်တဲ့ အတွက်ဒီကလေးတွေဟာ ပင်ပန်းကြီးစွာနဲ့ ဒေါ်အောင် ဆန်းစုကြည် သွားရာလာရာမှာ အခုမြင်တယ်မလားးး ရောက်တယ်ဆိုရင် ကြိုပြီး တိုးရယ်ဝှေ့ရယ် နေရာ တကာတိုင်းပါပဲ... အင်မတန်ကြီးမားတဲ့ လူအုပ်ကြီးဖြစ်ရင် ကျတော်တို့က စိုးရိမ်ပူပန်ရစမြဲပါ...   အဲ့ဒါကြောင့်မို့ ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာလဲပဲ လုပ်ကိုင်ခဲ့တဲ့ကလေးသည် သူ့ခေါင်းထဲမှာ လုံခြုံမှုနဲ့ပါတ်သတ် လို့ ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ရှိတဲ့အတွက် သူတို့ဟာ အင်မတန် ပင်ပန်းကြီးစွာ လုပ်ကိုင်တာပဲ ဖြစ်ပါတယ်.. .အဲ့ဒီတော့ အဲ့ဒီအပိုင်းနဲ့ ပတ်သတ်လို့လဲ နားလည်ဖို့ဆိုတာ ကျတော်ပြောချင်ပါတယ်...နောက်တစ်  ခါ တစ်ချို့ လုံခြုံရေး ယူတဲ့ ကလေးတွေ အနေနဲ့ ပင်ပန်းကြီးလွန်းတဲ့ အခါမှာ သူတို့ဟာစိတ်လိုက်မာန် ပါ တွန်းတာ ဖြစ်တတ်ပါတယ်...အဲ့လို တွန်းတာ ဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကလဲပဲ ...
တခြားကြောင့် မဟုတ်ပါဘူးး... ဒီလုံခြုံရေးနဲ့ပတ်သတ်တဲ့ အပိုင်းမှာ အကြီးမားဆုံးတာဝန်ရှိတယ် ဆိုတာ ဖြစ်
တဲ့ အတွက် လုပ်ရကိုင်ရတာ ဖြစ်ပါတယ်...တခါ သတင်းထောက်ပိုင်းက ပုဂိုလ်တွေကိုလဲ ကျတော်တို့က မျှမျှတတ ပြောချင်တာကတော့ အခုလို ခုန က ပြောတဲ့အတိုင်းဖြစ်တာ ဆိုရင်လဲပဲ ကျတော်တို့ဘက်က အကြောင်းချင်းရာအလိုက် ဒါမျိုးနဲ့ပတ်သတ်ပြီး ဆင်ခြင်နိုင်အောင် တတ်နိုင်သမျှလုံးပန်းဖို့ သဟဇာ တ ဖြစ်ဖို့ ကျတော်တို့ ကြိုးစားဆောင်ရွက်တာ ရှိပါတယ် ... သို့သော် တစ်ဖက်ကလဲပဲ သတင်းစာလောက သတင်းထောက်လောက ပိုင်းကလဲပဲ တချို့ကလဲ မှန်ပါတယ် တကယ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ပုံရချင်လို့ သိမ်းထားချင်လို့ တရိုတသေ ထားချင် လို့ ရိုက်တဲ့သူလဲ ရှိတယ်...တချို့ကတော့ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပညာကြောင့် ရိုက်ရတာ လဲ ရှိတယ်...ရှိတဲ့ အခါမှာ သူတို့ကလဲ အလုအယက်ရိုက်ကြတဲ့ အခါကျတော့ ဒါနဲ့ပတ်သတ် တဲ့ အပိုင်း မှာတော့ဖြင့် အနီးကပ်ဖြစ်တဲ့အခါမှာတော့ ဘယ်သူရယ်ဘယ်ဝါရယ်မသိဘဲ တတ်နိုင်သမျှ
သူတို့   က တားရဆီးရတာ ဖြစ်တယ်...အဲ့လိုတားရဆီးရရင်းနဲ့ ကတောက်ကဆ ဖြစ်တယ်လို့ ကျတော်နားလည်တဲ့ အတွက် ဒါနဲ့ပတ်သတ်တာ အားလုံးကိုလဲ တဘက်က နားလည်ပေး ပါလို့ ပြော ချင်တယ်...

ကိုမောပြေ

No comments: