Wednesday, May 2, 2012

ဖတ်မိတဲ့ကွန်မင့်တခု

သတင်းထောက်များမှ ဒေါ်အောင်ဆန်းစုကြည်အား ''လွှတ်တော်တက်ရောက်ပြီးနောက် လွှတ်တော်ကို ဘာပြောချင်ပါသလဲ''ဟု မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''စောစောစီးစီးပြီးသွားလို့ ၀မ်းသာပါတယ်'' ဟု လည်းကောင်း၊ ''မဲဆန္ဒရှင် ပြည်သူတွေကို ဘာပြောချင်ပါသေးလဲ'' ဟုမေးရာ ''မဲပေးလိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ အကျိုးအတွက် ဆောင်ရွက်ဖို့ဆိုတာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ကျွန်မတို့ လေးလေးစားစားနဲ့ လက်ခံပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ''အခု လွှတ်တော်တက်လာပြီဆိုတော့ NLD ရဲ့ ရှေ့ဆက်လုပ်မယ့် ရည်မှန်းချက်က ဘာပါလဲ” ဟုမေးမြန်းရာ ‘NLD ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ကျွန်မတို့ လွှတ်တော်ကို တက်လာတာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေအတွက် လာတက်တာပါ။ အဓိက ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်ဖို့အတွက် ကြိုးစားသွားမှာပါ” ဟု လည်းကောင်း၊ “ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်တွေနဲ့ ဘာပြောဖြစ်ပါသေးလဲ” ဟု မေးမြန်းရာ “ကျွန်မဘေးမှာထိုင်တဲ့ ကိုယ်စားလှယ်နှစ်ဦးစလုံးက ပြည် ခိုင်ဖြိုး ပါတီကပါပဲ” ဟု လည်းကောင်း၊ ''တပ်မတော်သား ကိုယ်စားလှယ်တွေကိုရော ဘယ်လိုစည်းရုံးမှာပါလဲ” ဟု မေးရာ ''တပ်မတော်သား ကိုယ်စားလှယ်တွေကို ကျွန်မ ထမင်းစား ဖိတ်ရင် ကောင်းမလားမသိဘူး” ဟု ဖြေကြားခဲ့သည်။


သတင်းထောက်တွေ မကြိုးစားဘူးမဟုတ်ပါဘူး။ အပြစ်ပြောချင်တာလဲ မဟုတ်ပါဘူး။ သတင်းထောက်တွေရဲ့ လစာအနေအထားကအစ သတင်းလိုက်ရတဲ့အပေါ် Supporting ပိုင်းမှာ အားနည်းတာ စသဖြင့် အားလုံး နားလည်ပေးနိုင် ပါတယ်။
တစ်ခုတော့ရှိပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ အနေအထားအရ ရပိုင်ခွင့်နဲ့ လစာဆိုတာ ဒီနှုန်းထားအတိုင်း သွားနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် သတင်းထောက်တွေ(ဝန်ထမ်း) ဘက်ကနေ အားမရတာက ကြိုတင်ပြင်ဆင်မှု အားနည်းလွန်းတယ်လို့တော့ သုံးသပ်ပါတယ်။

ဘယ်နေရာမှာ ဘာမေးခွန်း ဘယ်သူနဲ့တွေ့လျှင် ဘာမေးရမယ်ဆိုတဲ့ တဆင့်ချင်းရဲ့ မေးခွန်းတွေဟာ ကိုယ့် Pro အလုပ်ဖြစ်နေတဲ့ အပေါ်မှာ မေးသင့်တဲ့ မေးခွန်းနဲ့ မမေးသင့်တဲ့ မေးခွန်းဆိုပြီး ခွဲခြားသိထားရပါမယ်။ ကိုယ်ပိုင် ဆင်ခြင်ဥာဏ်နဲ့ ဘယ်မေးခွန်းဟာဖြင့် လူကြားသူကြားထဲ မေးလို့ ဖြေနိုင်မယ့် မေးခွန်းမျိုး ဟုတ်သလား၊ မဟုတ်သလားဆိုတာ ကြိုပြီး ပြင်ဆင်တွေးတောထားစေချင်တာပါ။ ဒီလိုမှ သာလျှင် မိမိအရည်အသွေးက အများအလည်မှာ လူလက်ခံနိုင်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တပ်မတော်သားတွေကို ဘယ်လိုစည်းရုံးမလဲဆိုတဲ့ မေးခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေဟာလည်းဘဲ အိမ်ကိုထမင်းဖိတ်ကျွေးရင် ကောင်းမလားဆိုတဲ့ အဖြေမျိုးပဲ အမြဲလိုလို ရလာဖို့ပဲရှိနေပါမယ်။

သတင်းမေးတယ်ဆိုတာမျိုးက တွေ့ရခက်ခဲ့တဲ့ တွေ့ချင်တိုင်း တွေ့ခွင့်မရနိုင်တဲ့ သူမျိုးနဲ့ တွေ့ဆုံတဲ့အခါမှာ ကိုယ်မေးတဲံ့မေးခွန်းက အများအတွက် ကျေနပ်လောက်တဲ့ မေးခွန်းမျိုးဖြစ်ဖို့၊ အမေးခံရသူမှာလည်း ၎င်း၏ လုပ်ဆောင်မှုရှိတဲ့ အဖြေရှိတဲ့ မေးခွန်းမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။

ဒီလို အမေးအဖြေ ထပ်တူကျနေဖို့ဆိုတာက သတင်းသမားရဲ့ အတွေ့အကြုံ၊ အရည်အသွေးနဲ့သာ ဆိုင်တဲ့အတွက်ကြောင့် အတွေ့အကြုံနည်းရခြင်း အပေါ် အချိန်ဆိုတာလည်း စကားပြောတယ် ဆိုလို့ရပေမယ့် ဒီလိုနေရာ၊ ဒီလိုလူနဲ့၊ ဒီလိုအချိန်မျိုးမှာ အခုလို အများအမြင်မှာ ကိုယ့်မေးခွန်းက ဆိုးဆိုးဝါးဝါးဖြစ်နေတာမျိုး မဖြစ်သင့်တဲ့ ကိစ္စလို့ပဲမြင်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ follow လေးလိုက်ပြီး အရင်ခေတ်ကာလ flow အတိုင်း မျှောနေလို့မရပါဘူး။ မိမိအလုပ်ပေါ် အများကြီး အားထည့်ကြိုးစားစေချင်ပါတယ်။ သတင်းသမားမှာမှ မဟုတ်ပါဘူး။ ဒါဟာ တစ်ဦးချင်းစီမှာ ရှိသင့်တဲ့အချက်ပါ။

တပ်မတော်သားကို ဘယ်လိုစည်းရုံးမလဲ ဆိုတဲ့ မေးခွန်းအပေါ် ဝေဖန်ရခြင်းမှာလည်း Eleven Media သတင်းသမားများရဲ့ မေးမြန်းခြင်းဖြစ်တယ်လို့ မဆိုလိုပါဘူး။

ကိုယ်အားပေးနေကျ eleven ရဲ့ သတင်းမှာ ဖတ်ရလို့သာ ဒီနေရာ ရေးသားရခြင်းဖြစ်ပါတယ်။

အခုလို ဝေဖန်ရခြင်းရဲ့ ဆန္ဒကိုလည်း နားလည်နိုင်မယ်လို့ ထင်ပါတယ်။

SOURCE :  ELEVEN 

No comments: