Sunday, May 13, 2012
အကြွေစောတဲ့ပန်းကောင်းတပွင့်
ကျော်ကျော်မင်း (ကန့် ဘလူ)
by Kyaw Gyi AB on Sunday, 13 May 2012 at 00:29 ·
အကြွေစောခဲ့ရတဲ့ ပန်းကောင်းတစ်ပွင့် -
အသက်ငယ်ပေမဲ့
ပထမ အကြိမ်
ကိုကျော်ဝေ ခေါင်းပြတ်၊ ကိုချိုကြီး လက်ြပတ်တဲ့နေ့ မှာ
တွင်းနုတ်ခမ်းမှာ ခေါင်းဇောက်ထိုး ရောက်ခဲ့ပေမဲ့
ဒုတိယ အကြိမ်
FEB 12 မှာတော့ သူ့ ရဲဘော် (၁၅)ဦးနဲ့ အတူ
တော်လှန်ရေးကို ကျောခိုင်းခဲ့ရသူပါ
သူ့ ဘောင်းဘီအိပ်ထဲမှာ ရှိတဲ့
မြကျောက် လေးကိုထုတ်ပေးရင်း
သူတို့ အတွက် ကောင်းမှုကုသိုလ် လုပ်ပေးဖို့ ပြောခဲ့ပါတယ်
သံချောင်းက စစ်ကြောရေးများ သေသေချာချာ မရှာရကောင်းလား ပြဿနာ လုပ်ပါတယ်
No comments: