Saturday, May 26, 2012

သေတမ်းစာ(တင်မိုးဝင်း)

မြောင်းတကာစက်မှုဇုန် Yangon Crown သံမဏိစက်ရုံမှအစာငတ်ခံဆန္ဒထုတ်ဖော်သူကိုတင်မိုးဝင်း
၏သေတမ်းစာ

..ယခုအချိန်မှစ၍ ကျွန်တော်၏ ဘ၀သည်နိဂုံးချုပ်သွားပြီဟု သတ်မှတ်လိုက်သည်။ ဤစာကို ကျနော်သေ တမ်း စာအဖြစ်ရေးသားခဲ့သည်။ ကျွန်တော့်ဘ၀ရဲ့ နောက်ဆုံးသေတမ်းစာကို ကျွန်တော့် အဖေအမေ နှင့် အ တူ ရွှေည၀ါဆရာတော်ဘုရားကြီးအပါအ၀င် မေတ္တာရှင်များ မြန်မာတနိုင်ငံလုံးမှအလုပ်သမား  များသိစေ ရန် ရေးသားခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သည်အသက်နှင့်ခန္ဒာကွဲကွာပြီးသေဆုံးသွားသည့်တိုင် အလုပ်သမား များ၏ဆန္ဒမပြည့်ဝခဲ့ပါက ၀ိညာဉ်အဖြစ်နှင့်ဆက်လက်တောင်းဆိုဆန္ဒပြသွားမည်ဖြစ်သည်။

ထို့ ကြောင့်ကျွန်တော်သေဆုံးပြီးနောက်မှာ ကျွန်တော်အတွက်အမျှမပေးဝေရန်နှင့် ကျွန်တော်၏၀ိညာဉ် အား ဆက် လက်ဆန္ဒပြတောင်းဆိုခွင့်ပြုပါရန် ကျန်ရှိနေမယ့်လူအားလုံးထံမေတ္တာ ရပ်ခံတောင်းဆို လိုက်ပါ သည်။
အလုပ်သမားများရဲ့ ဆန္ဒအားလုံးပြည့်ဝတဲ့အချိန်မှ ကျနော်သာဓုသုံးကြိမ်ခေါ်၍ ဖြစ်လေရာဘုံဘ၀ကနေ ၀မ်းသာနေမှာဖြစ်သလို အလုပ်သမားအားလုံးရဲ့ ဆန္ဒမပြည့်ခင်အမျှပေးဝေခဲ့ပါက ကျနော်လုံးဝသာဓုခေါ်ပြီး  ကျွတ်တမ်းဝင်မည်မဟုတ်ကြောင်း သိစေရန်နှင့် ကျနော်၏ နောက်ဆုံးဆန္ဒကိုလိုက်လျောရန် မှာကြားခဲ့ သည်။ကျွန်တော့်ဘ၀ရဲ့ အဓိကကျေးဇူးရှင်အဖေနဲ့ အမေအား ကျနော်ရိုသေစွာဦးသုံးကြိမ်ချ၍ နုတ်ဆက်ခဲ့ သည်။မြန်မာအလုပ်သမားများအားလုံးကိုကျနော့်အတွက်ဝမ်းမနည်းရန်နှင့်ဆန္ဒမပြည့်မ၀မချင်းအမျှ မပေးဝေ ရန် မှာကြားခဲ့သည်။ရွှေည၀ါဆရာတော်ဘုရားကြီးအပါအ၀င်ကျေးဇူးရှင်အားလုံးရဲ့ ကျေးဇူးတွေကို 
ဖြစ်လေ ရာဘ၀ကနေ ကျေအောင်ဆပ်သွားပါမည်ဟု ကတိသစ္စာမိုးနဲ့ မြေကြီးအား သက်သေပြုပြီး တိုင် တည်  ခဲ့ပါသည်။
လူသားအားလုံးရဲ့ ဆန္ဒတွေပြည့်ဝပါစေလို့ နောက်ဆုံး ဆုတောင်းပေးခဲ့ပါသည်။
တင်မိုးဝင်း (၂၅ နှစ်)



 
messenger news journal

No comments: