Tuesday, May 22, 2012

စာရေးဆရာညီပုလေးနေအိမ်သို့ပြန်လည်ရောက်ရှိ

7Day News Journal
ယနေ့(မေ၂၂)နံနက်အစောပိုင်းကခေါ်ယူစစ်ဆေးခံခဲ့ရသောမန္တလေးမြို့မှ စာရေးဆရာညီပုလေး သည်၁၂နာရီ ၀န်းကျင်တွင်သူ ၏နေအိမ် သို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ဆရာညီပုလေး ကိုဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ယခုကဲ့သို့ဖြေကြားသည်။
“မန္တလေးမှာနှစ်ရက်ကြာဖြစ်ပေါ်ခဲ့တဲ့CandleLightအဖြစ်အပျက် ရဲ့နောက်ကွယ်မှာဘယ်သူတွေပါလဲ။ဘယ်အဖွဲ့စည်းကဦးဆောင်သ လဲ။ဘယ် သူတွေ ပါဝင်ပတ်သက်နေလဲဆိုတာသိရင်ပြောဖို့ကျွန်တော့ ကို ပြောပါတယ်။ကျွန်တော့ကိုလူကြီးလူကောင်းတစ်ယောက် လို ကောင်းကောင်း မွန်မွန်ဆက်ဆံပါတယ် ။ ကျွန်တော်ကဒါတွေ နဲ့ကင်းကင်း ရှင်းရှင်းနေပါတယ်။အဓိကကဒီဆန္ဒပြတဲ့ဖြစ်ရပ်တွေ ကို ဓာတ် ပုံရိုက်နေ တာ ကို သူတို့မြင်သွားတယ်ထင်ပါ တယ်။နောက် တစ်ချက် က ကျွန်တော်နိုင်ငံရေးလုပ်လို့ထောင်ကျဖူး တာသူ တို့သိထားတဲ့အတွက်ဒီလိုခေါ်ပြီးမေး တယ်လို့ထင်ပါတယ်။

ကျွန်တော်၁၂နာရီကျော်ကျော်လောက်ပြန် ထွက် လာတော့ ဆရာမင်းထက်ငြိမ်းချမ်းကိုတွေ့ခဲ့တယ်။ ဆရာ ကကျွန်တော့ကိုပြုံးပြုံးရွှင်ရွှင်ဘဲ လှမ်းနှုတ် ဆက်လိုက်ပါသေးတယ်။သူကတော့ ခုထိပြန် မလာရသေး ဘူးပေါ့။နောက် တစ်ခုအက်ဘီတွေကပြောပါသေး တယ်။ ဆန္ဒပြတဲ့လူတွေကိုသိရင်ပြောပေးပါ။ သူတို့ ကိုလျှပ်စစ်ပြည်ထောင်စု ၀န်ကြီးနဲ့တွေ့ပေးပြီးဝန်ကြီးတွေ ကရှင်းပြပေးချင်တာပါလို့ပြော ပါ တယ်။ နောက် တစ်ခုကဆန္ဒပြတဲ့ဥပဒေကြမ်းကမပြီးသေးဘူးဆိုတဲ့အချက်ကို ထောက်ပြပါတယ်။'

No comments: