Friday, May 18, 2012

နောက်သီချင်းတွေနဲ.တုန်.ပြန်မှုတွေ (ဆမား) ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း

သစ္စာတေးနဲ.အတူ နောက်ထပ်အင်္ဂလိပ်သီချင်းတပုဒ်နဲ.စစ်ချီသီချင်း ၄ ပုဒ်ရေးခဲ့ပါတယ်။အင်္ဂလိပ်သီချင်းက Be peace upon our Blood ပါ။အားလုံးမငယ်ရဲ.သံစဉ်တွေပါ။
*Whole Life Is Bloodshed And In Caldesac
How D' You Think Such A Painful Life
We Can't Bear, We Must Fight For The Whole Of Our People
*It's Still Dark But Dawn Start That We Can Sense
Be Prepared For What It Should Be Done
All We Need Is Be Peace Upon Our Blood
• Everything Will Come To All Of Us
If All We're Brave As It Should Be
It Is For Peace ,It's What We Need
Be Peace Upon Our Blood
ဒီသီချင်းလေးကိုတိတ်ခွေထဲထည့်ဖို.ရေးပေးပြီး ဆိုမည့်သူတွေကိုလဲအသံထွက်တွေပြင်ပေးရတယ်။ ဒီသီချင်းမှာပြဿနာမရှိပါဘူး။ စစ်ချီသီချင်းတပုဒ်မှာသာစာသားပြောင်းခိုင်းလို.ပြဿနာတက် လာပါတယ် ။ ထုံးစံအတိုင်း မဆလ ထောက်လှမ်းရေးဆိုသူတွေရှုံးတာပေါ.။   
အဲဒီသီချင်းက "နွေပင်လယ် ပူပူလောင် ငရဲမီးလျှံများလွှမ်းပါစေ ရွ.ံကြောက်ဖို.မဖြစ်ပြီလေ  ငရဲကောင်ရဲ.မာန်စွယ်ကို … နင်းခြေလို.ခြွေမယ်…လာပြီ ဇာနည် ….ညီ အကိုတွေ "   အဲဒီမှာ သူတို.က ပူပူလောင်ကို ပူလောင်လောင်လို.ပြင်လိုက်တယ်။ကျွန်တော်က အဲဒီဝါဒဖြန်.ချီရေးတာဝန်ခံ စောမြအောင် ကို "ပူပူလောင်ကသိပ်ပူပါတယ် မခံမရပ်နိုင်တဲ့ကိစ္စပါ ပူလောင်လောင်ဆိုတာက တအားပေါ.သွား တယ် ခွန်အားရှိတဲ့စာမဟုတ်ဘူး ဘာညာနဲ.ပြောတော့ "သူကပြန်ပြောတယ်…..
"မင်းတို. Spy တွေသိပ်လျှာရှည်တယ်..မသတ်ပဲထားတာအေးအေးမနေဘူး …ဒီစကားလုံးကို ငါပြင်ချင်လို.ပြင်တာကွာ မင်းဘာလုပ်ချင်လဲ မင်းထပ်စကားမများနဲ. သေသွားလီမ့်မယ်" ဆိုပြီးပြန်ပြောတယ်။
ဒီသီချင်း ၆ ပုဒ်ပြီးတော့ခွေကြမ်းကို သံချောင်းကိုအပ်လိုက်တော့ ထုံးစံအတိုင်းကျောင်းသားအဖွဲ.ကထောက် လှမ်းရေးဆိုတဲ့သူတွေကိုပြတယ်။ အဲဒီအထဲက အောင်စိုးမြင့်က ကျွန်တော်တို.တဲကိုရောက်လာပြီး "ခင်ဗျားတို. မဆလ ဗိုလ်တွေတအားတော်တယ်ဗျာ.. သီချင်း ၆ ပုဒ်ကိုဘာမှမကြာဘူး….
ကျွန်တော်တို.လုပ်နေတာတအားခက်နေတာ….
အေးလေ အဲဒီလိုတော်လို.လည်း စပိုင်လုပ်ဖို. AB ထဲရောက်လာတာပေါ." တဲ့။
 နောက်တယောက်ကတော့လက်သီးပါ။
ဟုတ်ပါတယ်။ဗန်းမော်က ဇော်ဝင်းချစ်ရဲ. ပေါင်သားကိုလှီးစားတဲ့အထဲပါတဲ့သူပေါ.။ကျွန်တော်တို.
အကျယ်ချုပ်မဖြစ်ခင်ကျနော်တောင်ကုန်းပေါ်မှာထင်းခွဲနေတော့ထင်းကအမြက်ခံနေတာ ခွဲရတာအဆင်မပြေဘူး..အဲဒါကိုမြင်ပြီး သူပေးတဲ့ မှတ်ချက်လေးကိုကြည့်ပါအုံး.."ဟေ့ကောင်..ညီညီ ..မင်းဘဝအတွက် ငါရင်လေးတယ်ကွာ..နှီးလည်းမဖျာတက်…ကတ်လည်းမယက်တက်…. ထင်းလည်းမခွေတက်……မင်းရှေ.လျှောက်ဘယ်လိုရပ်တည်မလဲ…"  တကယ်ကိုသနားပြီးပြောသွားတာပါဗျာ…ဒါတွေကသီချင်းတွေအကြောင်းနဲ.အတူသူတို.ရဲ. စိတ်ဓါတ်နဲ. အဆင့်အတန်းကိုသိရအောင်ရေးပြ တာပါဗျာ……

သစ္စာတရားဖြင့်
(ဆမား) ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း

No comments: