Saturday, May 5, 2012

လူဆိုတာ အခွင့်သာရင် ရက်စက်တတ်တဲ့သတ္တ၀ါ

(ဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး အလယ်ခေတ်က စုန်းမလို့ ယိုးစွပ်ပြီးမီးရှို့ သတ်တဲ့ ဖြစ်ရပ်တွေကို  စိတ်ထဲမှာ သွားမြင်မိပါတယ်။ ကျနော်တို့   မမြင်နိုင်တဲ့ အမှောင်ရဲ့ ထောင့်တွေမှာလူအချင်းချင်း ရက်စက်မှုတွေ၊အနိုင် ကျင့်မှုတွေ၊ ဒုနဲ့ ဒေးပါ။ ဒီလိုအကြောင်းတွေပိုလို့ တွေ့ လာမြင်လာရတော့ နှိပ်စက်ညှင်းပန်းတတ်တာ၊ရက်စက်တတ်တာ အနိုင်ကျင့်တတ်တာဟာ လူသတ္တ၀ါ ရဲ့ စရိုက်သဘာဝတခုပါလားဆိုတာသဘောပေါက်လာပါတယ်။  လူအချင်းချင်းနှိပ်စက်ခြင်းကင်းရှင်းကြပါစေ။)

တနသာင်္၇ီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ပထော်ကျေးရွာ(မြိတ်မြို့အရှေ့ဘက်ကမ်း)တွင်နေထိုင် သူမသန်းနု၊အသက်၃၈နှစ်၊အိမ်ထောင်ရှိ၊အမျိုးသမီးအားခဲအိုဖြစ်သူကစုန်းဟုယိုးကာ၊ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာသို့ခေါ်ဆောင်ပြီးဆရာကြမ်း(ဆရာယောင်ယောင်သမားယောင်ယောင်)ဦးမဲကြီးထံတွင် ၄ရက်တာဆေးကုသမှု(ရိုက်ပြီးကု၊အရက်တိုက်ကု)ခံယူရင်းသေဆုံးသွားခဲ့ပါသည်။ဖြစ်စဉ်မှာမသန်းနုအား (စုန်း)ဟုယိုးမယ်ဖွဲ့ပြီးပယောဂဆရာမဲကြီး၊သူမ၏ခဲအို၊ကျန်အပေါင်းအပါ၂ဦး။စုစုပေါင်းအမျိုးသား၎ဦးတို့မှမတရားရိုက်နှက်နှိပ်စက်ကာ၊၄ရက်လုံးထမင်းလဲမကျွေး၊ဆဲဆို၊လက်နက်ဖြင့်၎င်းအမျိုးမျိုးသောရက် စက်မှုတို့ဖြင့်ကုသရာ၎ရက်အကြာတွင်သေဆုံးခဲ့ပါတယ်။၎င်းတရားခံများကိုကျွန်းစုမြို့နယ်ရဲစခန်းတွင် အချုပ်ဖြင့်ထားရှိကြောင်းကြားသိရပါတယ်။တရားခံများထဲမှတစ်ဦးကMP4ဖြင့်မှတ်တမ်းတင်ထားသောဗွီဒီယိုမှတ် တမ်းကိုလဲရရှိထားကြပါတယ်။









source :Okkar Min Facebook

No comments: