Thursday, May 3, 2012

လူဖြစ်တည်ခွင့်နောက်ဆုံးအချိန်

by Kyaw Gyi AB on Thursday, 3 May 2012 at 09:36 ·
ခရိုင်ရုံးတောင်ကုန်းတ၀ိုက် အသားမီးလောင်ညှော်နံ့က ပျံ့နှံ့နေတယ်။
တိတ်ဆိတ်တဲ့ညမှာ ကြောက်မက်ဖွယ် ၊ သွေးပျက်ဖွယ်အသံတွေနဲ့ ညနေ(၆)နာရီနောက်ပိုင်း စစ်ကြောရေး စလိုက်တာပါ။
ကျောင်းသားတွေအသတ်ခံရတဲ့ ဇာတ်လမ်းအစအဖွင့်ခန်းပေါ့ ။
နေ့ရက် က (၉-၈-၁၉၉၁)
နေရာက ကျောင်းသားတွေ ဗန်းမော်ခရိုင်လို့ခေါ်ကြတဲ့ ဆိုင်းဝမ်းဘွန် KIA တပ်မဟာ (၃)နယ်မြေက  ၊ ဗျူဟာ(၂) ပတာလင် လို့ လူသိများကြတယ်စစ်ကြောမဲ့ သူတွေ က အရက်ကိုးမောင်းသောက်ထားတယ်
အစစ်ဆေးခံနေရတဲ့သူက စိုးမင်းအောင် တဲ့ ၊ အသက် (၁၉)နှစ်ခန့် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း မန္တလေးမြို့သစ်က ရင်း(၅)မှာပေးတဲ့အခြေခံစစ်သင်တန်းဆင်းပြီးစ ၊စစ်ဆင်ရေးကာမှာ ဆင်းရဲ မှု ငတ်ပြတ် မှုတွေလဲ ကြုံခံခဲ့တယ်ထင်ပါရဲ့ ၊ ဗဟို ပါဂျောင် ကနေ အိမ်ပြန်ဖို့ထွက်ပြေးခဲ့တာပါ။ (၆)ရက်နေ့ ရွှေလီအထိရောက်ရှိနေချိန်မျိုးဝင်းမွေးထားတဲ့ လျှို့ဝှက်လူ ဘဲလေး (သန့်ဇင်-မုံရွာ)နဲ့ အမှတ် မထင် တွေ့ တယ် ၊ တကယ်တမ်းက တစ်ဖက်ကို ကူးလိုက်ရင် လွတ်နေပါပြီ ၊ အတူနေရဲဘော် ရဲဖက်တွေ ဆိုတော့လဲ သံယောဇဉ် မပြတ်နိုင်ဘူးပေါ့သူငယ်ချင်း ငါပြန် တော့မယ်လို့ နှုတ်ဆက်တယ် ၊
ဘဲလေးက မပြန်ခင် စကားပြောကြမယ်လို့  ဆိုတယ်။ချစ် လက်ဘက်ရည်ဆိုင် (ကျောင်းသားကဖွင့်ထား တဲ့ဆိုင်)မှာအတူထိုင်မိကြတယ် ထိုင်နေရင်း ပါပဲ ဘဲလေးက ပုလင်းနဲ့ရိုက်၊ကြိုးနဲ့တုတ်အခန်းထဲထည့် ထားလိုက်တယ်လေ၊၊   ဆိုင်တာဝန်ခံ မာမီစိန်တောင် ရုတ်တရက် ကြောင်နေတယ်။

ညွှန်ကြားချက်ပဲဖြစ်မယ်ထင်ပါရဲ့နောက်ရက် မှာတော့ ကားစင်းလုံးငှား လို့ အနီးဆုံးစခန်းဖြစ်တဲ့ (ကျန်ဟောင် အနီး) ဗန်းမော်ခရိုင်ကို ကြိုးတုတ်ရက်  ခေါ်ဆောင်ခံခဲ့လို့  ရောက်လာရ တာပါ။
မျိုးဝင်းညွှန်ကြားထားကတော့ အဖွဲ့အစည်းပေါင်းစုံကို ဖိတ်ကြားလို့ ရှစ်လေးလုံး(၃)နှစ်မြောက် အခမ်းအနား လုပ်ချိန်နဲ့ တိုက်ဆိုင်နေတယ် ၊ ထောက်လှမ်းရေးဖြစ်နိုင်တယ် ပေါ်အောင်စစ်ပါ။ တဲ့အခမ်းအနား မှာ ဧည့်သည်တွေကျွေးတဲ့ အစားအစာထဲ အဆိပ်ခတ်နိုင်တယ် ဆက်နွယ်တွေဖော်ထုတ်ပါဆို တဲ့ ညွှန်ကြားချက်နဲ့ ဒီဇာတ်စပါတယ် ...

ပထမဆုံးငါးဖမ်းတဲ့ ကျင်စက်နဲ့တို့လိုက်တယ် ၊ ၀ုန်း   ဆိုလဲကြသွားတာပါပဲ
နောက်တော့ ...
ထိပ်တုံးထဲက ထွက်နေတဲ့ ခြေထောက်ပိုင်းနဲ့ ခြေဖ၀ါးကို ရေနံဆီစွတ်ထားတဲ့ အ၀တ်ပါတ်လို့ မီးရှို့ကြတယ် ၊ လူဆီအနံ့တွေလှိုင်လို့ ၊ သနံရည်တွေစီးကျနေတယ်
အဲဒီခြေထောက်ကိုပဲ ထပ်ခါထပ်ခါရိုက်နေကြတယ် ၊ အရေခွံတွေလန်လို့ နောက်တော့ မအော်နိုင်တော့ပါဘူး
ထိတယ်လို့တောင် ထင်ပုံမရတော့ပါဘူး ...
 တကယ်တမ်း သူဒီစခန်းကို ဖမ်းခေါ်ခံရတာ (၇)ရက်နေ့ ညနေပိုင်းပေါ့ ။
တိုးချဲ့နေတဲ့စခန်းအင်္ဂါရပ်နဲ့ ညီအောင်ဆောက်ထားတဲ့ ဆောက်ပြီးစ အချုပ်ခန်းထဲ ထည့်လိုက်တယ် ၊ ပထမဆုံးစဖွင့်သူပါပဲ။

 (၈)ရက်နေ့မှာတော့ ရှစ်လေးလုံးအခမ်းအနား ကျင်းပနေတယ်လေ ၊
နောက်ပိုင်း( ၆-၉-၁၉၉၁) မှာ အချုပ်ခန်းအဖြစ် ပြောင်းသုံးလိုက်ရတဲ့ ဟောခန်းမကြီးထဲမှာပေါ့ ၊ အနီးနားရွာတွေပါဖိတ်ကျွေးလို့
ဒါကြောင့် စစ်ကြောရေးဆိုတာကြီးလဲ မစနိုင်ခဲ့တာဖြစ်မှာပါ။

 စစ်ကြောရေးကိုဦးဆောင်သူတွေကတော့  ခွဲမှူး သက်ထွန်း (နမ္မား) ၊ ရင်းမှူး ဗဂျမ်း(ခ)အောင်သန်း (နမ္မားနယ်)နဲ့  ဗန်းမော်ခရိုင် စစ်ကြောရေးကို အဓိကတာဝန်ယူတဲ့ အိုင်အို အောင်စိုးမြင့် (မိုးညှင်း)တို့ ပါ။ ပေါက်ကွေး ၊ တာတီး(နမ္မား) ၊ ဇော်ကြီး ၊ ခင်မောင်လွင် ၊ စောစိုးစိုး(မိုးညှင်း) တို့ကလည်း လက်သံ အတော်ပြောင်ပါတယ် ...
 မှာကြားချက်အတိုင်းပါပဲ  ပေါ်အောင်စစ်လို့ ဆက်နွယ်ဖော်ထုတ်လိုက်ကြတာ လိုချင်တဲ့ နာမည် (၁၃၅)ယောက် ပါ စာရင်း တရားခံဆိုတဲ့ စိုးမင်းအောင် ပါးစပ်ထဲကထွက်လာတဲ့ အထိပါပဲ
               ၃ ရက်လောက်အကြာမှာတော့...
လူရုပ်မပီလောက်အောင် တစ်ကိုယ်လုံး ဖောယောင်ကိုင်းနေပါပြီ
 ပထမရက်ကတော့ ရိုက်နှက်တဲ့ဒဏ် ၊ စိတ်ဓါတ်ကျဆင်း ၊ ထမင်းမစားနိုင်တဲ့ဒဏ်တွေနဲ့ ပိန်ကျ သွားပါသေးတယ်။
 အဲဒီ နောက်  ဘယ်ဖက် လက်ကောက်ဝတ်ကို ဓါးနဲ့ဖောက် သွေးကြော ဖော်ဆွဲထုတ်လို့ နိုင်လွန်ကြိုးတပ် ချည်နျောင် ဖောက်ဆွဲလို့ ဆောင့်ဆောင့်ဆွဲပြီး စစ်တာတောင် သိပ်မအော်နိုင်တော့ပါဘူး
 နောက်ပိုင်း  သံချောင်းတို့အဖွဲ့ ရောက်လာချိန်မှာတော့   ခြေသလုံးကြွက်သားကိုဖောက် ၊ သံချောင်းထည့် ကြိုးနဲ့ကပ်ဆွဲပြီး လှုပ်လှုပ်မေးချိန် နှာခေါင်းကို ကြေးနန်းဖောက်ဆွဲပြီး မေးချိန်မှာတော့ အသားအရေတွေက ပုတ်နေပါပြီ ပြည်တွေနဲ့
ရုပ်မပေါ်တော့ပါဘူး ၊
ဆွဲစမ်း ဆွဲကြစမ်းဆိုတဲ့ သံချောင်းအသံကိုလဲ ကြားနေရတယ်။
 အသက်ကတော့ တော်တော်ပြင်းပါတယ် ၊ မသေဘူး
 မျိုးဝင်း ၊ ကျော်ထင်ဦး တို့အဖွဲ့ ရောက်လာချိန်မှာလဲ မသေခဲ့ပါဘူး
နောင် ၂ ရက် ၃ ရက်ဆို သေပြီ ကြိုက်တဲ့ဆေးရုံကု မရှင်တော့ဘူးဆိုတဲ့ ပုံမျိုးပါ
ရက် (၂၀)ခန့် အကြာမှာတော့
မျောနေတာလား  မေ့နေတာလားမသိ ဖြစ်နေရာကနေ-
အနားမှာရှိတဲ့ စစ်ကြောရေးသုံးကိရိယာတွေထဲက ရဲဒင်းက သူ့လက်ထဲရောက်ခဲ့ပါတယ်
လာခဲ့ မင်းတို့လာခဲ့စမ်း ၊ ငါနဲ့ သူသေကိုယ်သေချမယ် လာရဲတဲ့ကောင်လာစမ်း ဆိုပြီး ရဲဒင်းကို ကိုင်မြှောက်ထားလို့
မထူးဇာတ်ခင်းပြီထင်ပါရဲ့ ဘယ်သူ့မှတော့ ရုတ်တရက်မကပ်ရဲဘူး
အဲဒီမှာဝိုင်းပြီး နလံမထူအောင် ထိုးကြရိုက်ကြတော့ တာပါဘဲ ၊ အားလုံးလဲ တောင်ကုန်းပေါ်ကို ပြေးတက်သွားကြတယ်
နောက်မသေမရှင်ကို ထမ်းစင်နဲ့ခေါ်ထုတ်သွားတာမြင်လိုက်ကြရတယ်
သံချောင်း တစ်ခါက ဗန်းမော်ခရိုင်ကို လာရင်း အခုလိုပဲ ဗဟိုက ထွက်ပြေးလာတဲ့ တပ်သား ခွန်ဂျာနော် ကို အင်ခေါင်းပါဈေးမှာတွေ့ တော့ဒဏ်လောက်ပဲပေးမယ်ထင် လို့  အသာတကြည် လိုက်လာတာကို သေဒဏ်ပေးခဲ့ပါတယ်
သူသတ်ခံလိုက်ရတဲ့နေရာကို လူသတ်ကုန်း လို့ တွင်ပါတယ်
အဲဒီနေရာမှာပဲ စိုးမင်းအောင် ကိုတွင်းတိမ်တိမ်တူးလို့ မြေမြုပ်လိုက်ကြပါတယ်
အဲဒီအချိန်မှာ လှုပ်နေသေးလို့ မြေဖို့ ထားတဲ့အပေါ်ကပဲ သေနတ်နဲ့ပစ်လိုက်ကြတယ်တဲ့
သေနတ်ပစ်သူကတော့ တာတီး(နမ္မား)။
လူတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ပါ-
အင်ခေါင်းပါဈေး
စပါးရိတ်နေတဲ့ ကိုသာဓု

No comments: