Sunday, May 6, 2012

မန္တလေးမြို့ဆိုတာABSDFအတွက် လက်လှမ်းမမှီတဲ့နေရာ မဟုတ်ပါဘူး လို့ ခြိမ်းခြောက်သတဲ့

နောက်ထပ်ခက်တဲ့သူတွေရှိသေးတယ်။မေလ ၁ရက်နေ့မနက်စောစော ၄နာရီလောက်မှာပေါ့
ဖုန်းမြည်လာတာနဲ့ ကောက်ကိုင်လိုက်တော့ပေါ်နေတဲ့နံပတ်က 000 - ကောက်ကိုင်လိုက်တော့
ကိုမောင်မောင်လားတဲ့။ဟုတ်ပါတယ် ဆိုတော့-ခင်ဗျား မြောက်ပိုင်းကိစ္စတွေနဲ့ကင်းကင်းရှင်းရှင်းနေ ပါ-တဲ့။ အခု ဖုန်းပြောနေတာဘယ်သူလဲ-ဘယ်ကပါလဲမေးတော့
အဖြေမပေးဘူး။
ခင်ဗျားမြောက်ပိုင်းစခန်းမှာရှိနေတုန်းက အသက်အန္တရာယ် မဖြစ်ခဲ့တဲ့ကိစ္စအတွက် ကျေးဇူးတရားသိတတ်ဖို့ကောင်းပါ တယ်တဲ့။
ကျွန်တော်က မင်းဒီစကားပြောလာတော့ အောင်နိုင်ခိုင်း တယ်ဆိုတာသေချာတယ်- မင်းတို့ဥက္ကဌလေးကိုမေး
ကြည့်လိုက်- မင်းတို့ABSDF မြောက်ပိုင်းကိုငါရောက်ခဲ့တုန်းက - ကျွန်တော့ကိုမသတ်ပါနဲ့လို့ဘယ်သူ့ခြေထောက်မှ ဖက်ပြီးမပြောခဲ့ဘူး ဘူး- သတ္တိရှိရင်သတ်လိုက်လို့ဘဲပြောခဲ့တာ-ဆိုတော့
သူက- အခုလဲမန္တလေးမြို့ဆိုတာABSDFအတွက်လက် လှမ်း မမှီတဲ့နေ ရာ မဟုတ်ပါဘူး-တဲ့ဗျ။
ဒါနဲ့ ကျွန်တော်လဲပြောလိုက်တယ်-မင်းတို့ABSDFဘယ်ကိုလက်လှမ်းမှီတယ် မမှီဘူးတွေပြောပြီး ငါကိုခြိမ်းခြောက် ဖို့မကျိုးစားပါနဲ့-ငါကမကြောက်တတ်ဘူး-မင်းတို့ကောင်တွေဘဲ ငါလက်လှမ်း
မမှီတဲ့နေရာ ပြေးဖို့စဉ်းစားထား-ထိုင်းမှာနေနေ-သြစတေးလျမှာနေနေ-အမေရိကားမှာနေနေ မင်းတို့ မလွတ်စေရဘူး-ဆိုတော့ ရီပြီးဖုန်းချပစ်လိုက်တယ်။
မခက်ဘူးလားဗျာ။

1 comment:

မောင်ငြိမ်းချမ်း said...

ABSDF ကလူဆိုးဂိုင်းသာသာအဆင့်ရောက်သွားပြီလား။