Saturday, April 7, 2012

Election Moitoring Network PC 07.04.2012

၀၇ ဧပြီ ၂၀၁၂ မနက် ၁၁ နာရီမှာ တောင်ဥက္ကလာပ၊ ဝေဇန္တာလမ်းပေါ်မှာရှိတဲ့၈၈ရုံးခန်းမှာရွေးကောက် ပွဲစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအမှတ်-၁ထုတ်ပြန်မှုနဲ့ပါတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတစ်ခုကိုပြု လုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ၈၈ ကျောင်းသားမျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နဲ့အတူ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု့ကွန်ရက်မှ လူငယ်များနဲ့၊ ပြည်တွင်းပြည်ပ မီဒီယာ များ တက်ရောက်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြောစမှတ်ပြုလောက်အောင် 
မတရားမှု ကြီး ကြီးမားမားမရှိခဲ့တဲ့အတွက်၂၀၁၀ရွေးကောက်ပွဲထက်စာ ရင်လွတ်လပ်မျှတဲ့ရွေးကောက် ပွဲဖြစ်တယ်လို့သတင်း  ထောက်တွေရဲ့အမေးကို သုံးသပ်ဖြေကြားသွားခဲ့ပါတယ်။
အခုထုတ်တဲ့အစီရင်ခံစာအမှတ်(၁)ဟာအကြမ်းဖြစ်ပြီးအစီရင်ခံစာအချောကိုမကြာခင်ရေးသားထုတ်ဝေ သွားမှာဖြစ်ပြီးအဲဒီအစီရင်ခံစာကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါ အ၀င် နိုင်ငံရေးပါတီအသီး သီးကိုလည်းပေးပို့သွားမယ်လို့ ဆိုပါတယ်။

No comments: