Friday, April 27, 2012

ပဲ့တင်သံများ---

by Aung Moe Win on Friday, 27 April 2012 at 20:05 ·
လုပ်ဖေါ်ကိုင်ဘက်မိတ်ဆွေတချို့ကို မေးကြည့်မိတယ်။ ကျနော်တို့အသက်တွေက ၄၀ ကျော်ပြီ ဗျာ။ ကျောင်း သား ကျောင်းသား လို့ ပြောနေတာထက်၊ နိုင်ငံရေးကို မူဝါဒ တခုခုကိုင်ဆွဲပြီး လုပ်ကြရအောင် လား။                         
    ခင်ဗျားရဲ့ Political Doctrine က ဘာလဲ ။ ခင်ဗျားဟာ ပြည်တွင်းမူဝါဒ ( Domostic Policy) ကို အားသန် သူလား။နိုင်ငံတကာရေးရာမူဝါဒ ( Foreign Policy) ကို ပိုမိုစိတ်ဝင်စားသူလား-- လို့။
ကျနော့်မှာ အကြောင်းရှိပါတယ်။ စစ်အစိုးရမှာက သူတို့သွားနေတဲ့ လမ်းပြမြေပုံ (၇) ဆင့်အတိုင်း စံနစ်တကျပုံဖေါ်တယ်။    ကျနော်တို့ဘက်ကရော ပြည်တွင်းရေးရာပြဿနာတွေနဲ့ နိုင်ငံတကာအရေးတွေ အပေါ် ဘယ်လိုမူတွေကိုခိုင်ခိုင်မာမာကိုင်ဆွဲပြီး၊ သုံးသပ်ကိုင်တွယ်ကြမလဲ။ အစိုးရမဟုတ်သော အဖွဲ့အစည်း များ(NGOs)ပွင့်လင်းလွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ကြားမှာ ပေါင်းကူးဆက်သွယ်ထားမဲ့ နိုင် ငံရေး သမား တယောက်ရဲ့ ကိုယ်ကျင့်သိက္ခာတွေကို ဘယ်လို စည်းမျဉ်းတွေနဲ့ ထိန်းသိမ်းထားနိုင်မလဲ။
ကျနော်တို့က ပြည်ပမှာရောက်နေတဲ့အတွက် နိုင်ငံတကာမှာ တည်ဆောက်ထားတဲ့နိုင်ငံရေးသမားတွေရဲ့ အမြင်တွေ၊ အဖြစ်အပျက်တွေ ကိုသာ ဇောင်းပေးတင်ပြသွားပါမယ်။
 အချက် (၃) ချက်တင်ပြစရာရှိတယ်။
 (၁) နိုင်ငံတကာ ကုန်သွယ်မှု နဲ့ လူ့အဖွဲ့အစည်းသစ်
( ဒီ အပိုင်းမှာ Macroeconomics နဲ့ နောက်ကွယ်က ပါဝါကစားသူတွေရဲ့ စီးပွားရေးနိုင်ငံရေးအတွေး အခေါ်တွေ ကို ဇောင်းပေးတင်ပြသွားမယ်။ ပြည်တွင်းမဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ရေးဖို့သဘောထားပေး ထားတယ်။ စီစစ်ရေးက ခွင့်မပြုခဲ့ရင် ဖေ့ဘွတ်ပေါ်မှာ ဆက်ရေးသွားမယ်)
(၂) တော်လှန်ရေး မှ ပေးသည့် သင်ခန်းစာများ
 ( ဒီ အပိုင်းကိုတော့ လွတ်လပ်တဲ့အာရှအသံမှာ “တံခါးများကို ဖွင့်ကြည့်ခြင်း”   အစီအစဉ်အောက်ကနေ အပတ်စဉ်ရေးသွားမယ်။ အရောင်တော်လှန်ရေးပြီးသည့်နောက်----၊  အာရပ်ကမ္ဘာဆီက အတွေ့အကြုံများ အပါအဝင် လူထုလှုပ်ရှားမှုနဲ့အပြောင်းအလဲ ကာလတွေမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးမယ်။
(၃) နိုင်ငံရေးပြဿနာအပိုင်းအစများ
 (    နိုင်ငံတကာရေးရာပြဿနာတွေ နဲ့ အားပြိုင်မှုတွေကို တင်ပြသွားပါမယ်။ ဒီ အပိုင်းဟာ အထက်မှာတင်ပြ ထား တဲ့ နိုင်ငံတကာကုန်သွယ်မှု နဲ့ လူ့အဖွဲ့အစည်းသစ်   အကြောင်းအရာတွေကို ပြန်လည်ဆက်နွယ်စဉ်း စားစေမဲ့ အချက်အလက်တွေပါပါမယ်။                
မိတ်ဆွေများရဲ့ အမြင်တွေကိုလည်း ဖတ်ချင်ပါတယ်။ သမိုင်းရဲ့ ရွေ့လျားမှုတွေကို အချက် အ လက်တွေပေါ် ကနေ အဖြေရှာကြည့်ရအောင်ပါ။ အာရပ်နွေဦးဆီက သင်ခန်းစာတချို့ကို ထုတ်နှုတ် အဖြေရှာကြည့်ကြ ရအောင်ပါ။
လူထုကို တန်ဘိုးထားသူများရဲ့ အနာဂတ်ခရီး
“ဂုဏ်သိက္ခာ၊ တရားမျှတမှုနဲ့ လွတ်မြောက်ရေး” ဆိုတဲ့ အငွေ့အသက်တွေကို လူတွေ လိုလားတောင့် တခဲ့ကြတယ်။  နိင်ငံတော် အာဏာကို ဘယ်သူ ပြန်ပေးဆွဲခဲ့သလဲ။ ရရှိတဲ့အနေအထားကနေ ရှေ့ကို ဘယ်လိုရွေ့အောင် လုပ်ကြမှာလဲ ဆိုတဲ့မေးခွန်းတွေနဲ့အတူ၊ အီဂျစ်တော်လှန်ရေးရဲ့ အကြပ်အတည်းတွေ က နိုင်ငံရေးပါတီတွေကို သတိပေးနေခဲ့တယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ပြီးခဲ့တဲ့ ( ဧပြီလ ၁၄ ရက်နေ့) အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက် ခဲ့ တဲ့ဆောင်း ပါးလေးပါ။


သောတရှင်များခင်ဗျား
အီဂျစ်အာဏာရှင် မူဘာရက် ကို ဖြုတ်ချပစ်နိုင်ခဲ့တဲ့ အီဂျစ်တော်လှန်ရေးဟာ မသေချာမရေရာ မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။လေ့လာသုံးသပ်သူတချို့ကတော့  အီဂျစ်ပြည်သူအများစု ဟာ ရှေ့ဆက် ဘာလုပ်ရ မယ်ဆိုတာ မသိအောင်ဖြစ်နေတယ် ။ တော်လှန်ရေးက ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ရင်မော စရာကောင်းတယ်  ဆိုတာမျိုးတွေခံစားနေရတယ် လို့ဆိုပါတယ်။ တကယ်တော့ သူတို့တတွေ အဲ့သလို ခံစားနေရတာဟာ အပြစ်တော့မဆိုနိုင်ပါဘူး။ အီဂျစ်နိုင်ငံရဲ့ လက်ရှိအခြေအနေကို လေ့လာကြည့် လိုက် မယ် ဆိုရင်- မူဘာရက် ကို သြဇာခံခဲ့တဲ့ စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို ဆက်လက် ပြန်ပေးဆွဲ ခဲ့ပြီး၊ တော် လှန်ရေးကို စတင် လှုံ့ဆော်ခဲ့သူတွေရဲ့ လက်ထဲမှာတော့  ဗလာနတ္တိ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အစ္စလာမ် ဘာသာရေးကို ဦးစားပေးလွန်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီနည်းမကျတဲ့ ရှုမြင်သုံးသပ်ပုံတွေ ကလည်း အသွင်ကူးပြောင်းရေး ကာလတခုလုံးကို ကပ်ရောဂါတခုလို အရုပ်ဆိုးအကျဉ်းတန်စေခဲ့ပါတယ်။

ဒါပေမဲ့ တခြားတဘက်က တွေးကြည့်လိုက်မယ် ဆိုရင်တော့-- တော်လှန်ရေးသမားတွေဟာ လက် ရှိကြုံတွေ့ နေရတဲ့ အဖြစ်အပျက်အမှန်တွေကို သတိထားမိမယ်။      ပိုင်ဆိုင်ရရှိတဲ့ ပြောင်းလဲမှုတွေကို အသုံး ချ နိုင်မယ် ဆိုရင် ဒီလိုဖြစ်ပျက်နေမှုတွေဟာ တော်လှန်ရေးက သင်ပေးလိုက်တဲ့ အကောင်းဆုံး သင်ခန်း စာတွေဖြစ်တယ် လို့ ယုံကြည်နေသူတွေရှိနေပါတယ်။

“ လက်ရှိအခြေအနေကို သဘောပေါက်နားလည်နိုင်ဖို့အတွက် အချက်နှစ်ချက်ကို စဉ်းစားဖို့ လိုပါတယ်။                   
                 ပထမ အချက်က- မူဘာရက်လက်ထက်မှာ နိုင်ငံတွင်းမှာရှိတဲ့ လူလတ်တန်းစားတွေကို နိုင်ငံရေး စက်ဝိုင်းတွေကနေ အကြိမ်ကြိမ် ကန့်သတ်တားဆီးဖို့လုပ်ခဲ့တယ်။ ဒါကြောင့်လည်း ဆိုရှယ်ဒီမိုကရက်တစ်၊ လက်ဝဲ နဲ့ လစ်ဘရယ် လို့ အမည်တပ်ထားတဲ့ ကျနော်တို့တတွေဟာ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေက လွဲလို့ ကျန်တဲ့ ပါဝါနိုင်ငံရေး ဖွဲ့စည်းမှုတွေ၊ တိုင်းပြည်ရဲ့ ယန္ဒယား ကို ဘယ်လို စီမံခန့်ခွဲအုပ်ချုပ်မယ် ဆိုတဲ့ အသိပညာတွေ၊အချက်အလက်တွေအပါအဝင် ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးထိတွေ့မှု အခြေခံ အချက် အလက်တွေလစ်ဟင်းခဲ့ကြတယ်။ ဒုတိယအချက်ကတော့- လူတော်တော်များများ ဟာတော် လှန်ရေး ဆီက ထွက်ပေါ်လာမဲ့သိသာထင်ရှားတဲ့အကျိုးအမြတ်တွေကိုသာအာရုံစိုက်နေကြပြီး၊တော်လှန်ရေးတခုလုံး အပေါ် မှာ စွဲစွဲမြဲမြဲ ဂရုမစိုက်ကြပါဘူး။ ဒါကြောင့်လည်း သူတို့ မြင်ချင်တွေ့ချင်တဲ့ အသီးအပွင့်တွေကို အချိန်တို တိုအတွင်းမှာ မမြင်ရတဲ့အခါ၊ တော်လှန်ရေး နဲ့ တော်လှန်ရေးသမားတွေအပေါ် အပြစ်တင်လေ့ရှိကြတယ်။”

လေ့လာသုံးသပ်သူတွေတင်ပြတဲ့အချက်နှစ်ချက်ကိုတွေးကြည့်လိုက်မယ်ဆိုရင်တော့ ထိတ်လန့်ဘွယ် လက် ခံနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေရဲ့လက်ထဲကို လွန်ခဲ့တဲ့ တနှစ်ကျော်လောက် ကသာ တိုင်းပြည်ရဲ့အာဏာကို အပ်နှင်းလိုက်မယ်ဆိုရင် မွေးခါစ ကလေးကို မြေမြှုပ်သတ် ပစ်ခိုင်း တာနဲ့ အတူတူပဲဖြစ်တယ် လို့ ဆိုကြပါတယ်။ မကြာသေးမီကာလက ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့တဲ့ အစ္စလာမ်ပါ တီဟာ သူတို့အပေါ်ဝေဖန်မှုတွေကို လက်မခံခဲ့သလို၊ အာဏာရှင်မူဘာရက်ရဲ့ အုပ်စုလိုပဲ ပြုမူကျင့်ကြံ လာခဲ့ကြပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှု အယူအဆတွေကို အနည်းငယ်သာ ချပြနိုင်ခဲ့သလို၊ ပါလီမန် ထဲမှာလည်း ပြဿနာပေါင်းများစွာ ပေါ်ပေါက်နေခဲ့ပါတယ်။
“ အင်မတန်ကိုကျက်သရေမရှိတဲ့အဖြစ်အပျက်တွေလည်းတွေ့နေရသေးတယ်ဗျ။တော်လှန်ရေး ကို ထောက် ခံပါတယ်ဆိုတဲ့ တချို့ နိုင်ငံရေးပါတီသစ်တွေဟာ အာဏာရှင်ဟောင်းမူဘာရက် အစိုးရရဲ့ အကြွင်းအကျန် တချို့ကို သူတို့ပါတီထဲမှာ ထည့်ပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ကြိုးစားကြတယ်။ အလုပ်သမားလူတန်းစားရဲ့ အခွင့်အရေးတွေကို တိုက်ပွဲဝင်ပေးနေပါတယ် ဆိုတဲ့ လက်ဝဲအုပ်စုကလည်း သူတို့စကားနားထောင်မဲ့သူကို မတွေ့တဲ့အခါတိုင်းအလုပ်သမားခေါင်းဆောင်တွေကမရှိသလောက်ရှားတယ် ဆိုတဲ့ ဆင်ခြေတွေ ကိုပေးလေ့ ရှိကြတယ်။တကယ်တော့ကျနော်တို့မှာလစ်လပ်သွားတဲ့ပါဝါနိုင်ငံနေရာတွေအတွက်ဖြည့်ဆည်းနိုင် တဲ့ နိုင် ငံရေးသမားတွေရှိမနေခဲ့ဘူး ။ အခြေအနေတွေက ဘာနဲ့တူသလဲဆိုတော့- နှစ်ဆယ်ရာစုရဲ့ ဒုတိယနှစ် ဝက်မှာ အာဖရိကအာဏာရှင်တွေပြုတ်ကျသွားအပြီး ရင်ဆိုင်ခဲ့ကြရတဲ့ အာဖရိကန်နိုင်ငံရေး ရာသီဥတု လိုဖြစ်နေတယ်။ အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးသမားတွေဟာ အာဏာရှင်တွေပြန်ဖြစ် လာ တယ်။”

အသွင်ကူးပြောင်းရေးကာလတွေမှာ မေးခွန်းတွေကလည်း အများအပြားတည်ရှိနေပါတယ်။ ပြည်သူလူထုကို လှုံ့ဆော်စည်းရုံးပြီး အာဏာရှင်တွေကို ဖြုတ်ချနိုင်မလား။ ဒါမှမဟုတ်၊ စစ်အုပ်စုနဲ့ အစ္စလာမ်ဘာ သာရေး သ မားတွေရဲ့လွှမ်းမိုးခြယ်လှယ်မှုကိုသည်းခံနိုင်မလား။ဒါမှမဟုတ်မောပမ်းနွမ်းနယ်နေတဲ့တော်လှန်ရေး ကိုဆက် လုပ်ပြီး၊အက်ကြောင်းသံတွေမြည်နေတဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာပါမလား ဆိုတဲ့အ ချက်တွေ က ထိပ်ဆုံးက ရောက်လာပါတယ်။
တကယ်တော့ ဒီအချက်တွေကို ချည်းကပ်အဖြေရှာဖို့ဆိုတာ- တော်လှန်ရေးရဲ့ အငွေ့အသက်ဟာ ဘာလဲဆိုတဲ့ အချက်ကို သေသေချာချာသဘောပေါက်ဖို့လိုပါတယ်။
အဲ့ဒီရဲ့ အဖြေကတော့ ဂုဏ်သိက္ခာ၊ လူမှုတရားမျှတမှုနဲ့ လွတ်မြောက်မှု့ဆို တဲ့  တော် လှန်ရေးရဲ့ ရည် ရွယ် ချက်ကို မမေ့လျော့ဖို့ပဲဖြစ်ပါတယ်။
ဒီ အချက်တွေကို တည်ဆောက်နိုင်ဖို့အတွက် ဒီမိုကရက်တစ် နိုင်ငံတခုဆီကို  သွားမဲ့အဆင့်တွေကို ဖြတ်ကျော်ရပါလိမ့်မယ်။ အားကောင်းတဲ့နိုင်ငံရေးပါတီတွေဟာ ပြည်သူတွေကြားမှာ ရှိဖို့လိုအပ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့အမြင်တွေ၊ ဆွေးနွေးမှုတွေကို လေးလေးစားစားနားထောင်ရမှာဖြစ်သလို၊ သူတို့အလိုရှိတဲ့ အရာတွေ ကို မဖြစ်မနေဖြည့်ဆည်းပေးမဲ့ ဆုံးဖြတ်ချက်တွေရှိဖို့လိုပါလိမ့်မယ်။ အောက်ခြေပြည်သူလူထုနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံ ခံစား၊ အတူတူရုန်းကန်ပြမဲ့ လူထုဆက်ဆံရေး ပါတီခေါင်းဆောင်တွေ လိုအပ်ပါ တယ်။ တက္ကနိုခရက်တစ်တွေဟာ ပါတီပလက်ဖောင်းကို အသုံးချပြီး၊ လက်တွေ့ကျတဲ့ ပရောဂျက်တွေကို ရေး ဆွဲပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့လိုပါလိမ့်မယ်။

“တကယ်တော့ တခါတုံးက ခြောက်သွေ့ပြီး ပတ်ကြားအက်ထခဲ့တဲ့ အီဂျစ်နိုင်ငံရေးမြစ်မကြီးထဲမှာ ရေတွေက ပြန်လည်စီးဆင်း နေပါပြီ။ လူထုလူတန်းစားပေါင်းစုံဟာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ပြည်သူ့ အခွင့် အရေး တိုက်ပွဲတွေအပေါ်မှာမျှော်လင့်ချက်ကြီးကြီးနဲ့ တက်ကြွစွာပါဝင်နေကြပါတယ်။ ဒီလိုပုံရိပ်တွေဆက်လက် လှုပ် ရှားနေသရွေ့၊ အာရုံဦးဆီကို တရွေ့ရွေ့ ရောက်ရှိနေမှာ အမှန်ပါ” လို့ အနာဂတ်ကို အကောင်းမြင်သူတွေက ရှုမြင်သုံးသပ်ပြလေ့ရှိပါတယ်။
သောတရှင်များခင်ဗျား
အသွင်ကူးပြောင်းရေးကာလဆိုတာ စိတ်မောစရာတွေ၊ စိတ်ပျက်အလိုမကျဖြစ်စရာတွေကို တွေ့မြင်ရ မှာဖြစ်ပေမဲ့၊ ရရှိနေတဲ့ အခြေအနေတွေကို အမိအရအသုံးချပြီး၊ အနာဂတ်ကို တဆင့်ခြင်းသွားနိုင်မဲ့ အခြေခံ အုတ်မြစ်တွေကိုလည်း တည်ဆောက်နိုင် ပါတယ်။ “ ဘာပဲဖြစ်ဖြစ်၊ စစ်ကောင်စီက သူတို့ရဲ့ မူဘောင် အတွင်း မှာဦးစီးကျင်းပပေးတဲ့ရွေးကောက်ပွဲတွေကိုဖြတ်ခဲ့ကြပြီ။ပြည်သူတွေကလည်းတာဝန်ကျေစွာ သူတို့ယုံကြည် တဲ့ သူတွေကို ရွေးချယ် ခဲ့ကြပြီ။ နိုင်ငံရေးသမားတွေဟာ လူထုရဲ့ယုံကြည်မှုကို တန်ဘိုးထား လေးစားနေ သရွေ့ကတော့ဒီမိုကရက်တစ်နိုင်ငံတော်ဆီကိုချီတက်မဲ့အဲ့ဒီပါတီတွေရဲ့အနာဂတ်ခရီး ဟာ ချောမွေ့နေ ပါ လိမ့်မယ်” တဲ့။
သောတရှင်တို့လည်း လူမှုတရားမျှတရေးနဲ့ ဘဝလုံခြုံမှုတွေကို ဖေါ်ဆောင်နိုင်မဲ့ အစိုးရတွေနဲ့ ဆုံဆည်းနိုင်ကြ ပါစေ။
အောင်မိုးဝင်း
Aung Moe Win facebook

No comments: