Wednesday, April 11, 2012

မင်းတကိုယ်ထဲလျှောက်ပေတော့(ဒေါ်အောင်ဆန်းစုကြည်)


မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့။

ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့။

တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့။

မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။

တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။

ရင်ခွင်သစ်  မှကူးယူဖော်ပြသည်။

No comments: