Saturday, April 7, 2012

ကိုရဲလွင် ၊ ကိုသားထွေး ၊ သီရိညွန့် ၊ ထူးထူးအိမ် ၊ သျှီ ၊ ဂျေမောင်မောင်

Uploaded by BurmaVJMedia on Apr 7, 2012

ဒေါပုံမြို့နယ် အမေ့အိမ် ပညာဒါနကျောင်း ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဒေါ်အောင်ဆန်းစုကြည် ရဲ့ လမ်း ညွှန်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကွန်ယက်က ဦးဆောင် ဖွင့်လှစ်ထားတဲ့ ဒေါပုံမြို့နယ် အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းအတွက် ဒီမိုကရေစီကွန်ယက်က ပညာရေး ရန်ပုံငွေ ရှာတဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို ဧပြီလ ၆ ရက်နေ့ညက ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဘောလုံးကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပရိသတ် ထောင်နဲ့ချီ လာရောက်ကြည့်ရှုခဲ့တဲ့ ဒီရန်ပုံငွေရှာပွဲမှာ Vertical Vibration တေးဂီတ အဖွဲ့နဲ့အတူ ၊ ကိုရဲလွင် ၊ ကိုသားထွေး ၊ သီရိညွန့် ၊ ထူးထူးအိမ် ၊ သျှီ ၊ ဂျေမောင်မောင် အစရှိတဲ့ တေးသံရှင်တွေက သူတို့ရဲ့ သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။



No comments: