Saturday, April 28, 2012

ရိုဟင်ဂျာဆိုတာ

စစ်တကောင်း ဘင်္ဂါလီတွေရဲ့ အန္တရာယ်
(၁)မေး-ရိုဟင်ဂျာဆိုတာဘာလဲ?
ဖြေ-ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဘင်္ဂါလီလူမျိုးတွေဖြစ်ကြပါတယ်။

(၂)မေး-သူတို့က ဘာဖြစ်လို့ မြန်မာနိုင်ငံထဲကိုဝင်ချင်ကြတာလဲ?
ဖြေ-မြန်မာနိုင်ငံထဲမှာ စိုက်ပျိုးရန် မြေပေါများတယ်။ စီးပွားရှာလို့ကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံ လူဦးရေ (သန်းငါးဆယ်)ထက် သုံးဆနီးပါး ပိုများတယ်။ (သန်းတစ်ရာ့ငါးဆယ်၇ှိတယ်)။ ဒါကြောင့် ကမ္ဘာမှာ လုပ်သားတင်ပို့မှုမှာ ဗိုလ်စွဲနေတယ် (ကိုယ့်တိုင်းပြည်ထဲမှာ သူတို့ကိုပေးစရာအလုပ်မှမရှိတာကိုး)။ ဒါကြောင့် မြန်မာနိုင်ငံထဲကိုအသည်းအသန် ဝင်ချင်နေကြတာဖြစ်တယ်။

(၃)မေး- သူတို့ကို ရိုဟင်ဂျာလို့ ရခိုင်တွေက လက်မခံဘူးဆို။ ဘာကြောင့်လဲ?
ဖြေ-(က)ရိုဟင်ဂျာဆိုတဲ့ နာမည်က ၁၉၄၇ နောက်ပိုင်းမှ ရခိုင်ပြည်နယ်တွင်းမှာ အခြေချနေထိုင်ချင်တဲ့ စစ်တကောင်းဘင်္ဂါလီတွေက သမိုင်းအတုဖန်တီးခဲ့တာကြောင့်ဖြစ်ပါတယ်။ အစဉ်အဆက် နေထိုင်လာတဲ့ ရခိုင်လူမျိုးတွေက ဘင်္ဂလားဒေ့ရှ်ကနေကျူးကျော်ပြီး ရခိုင်ပြည်နယ်ကို ဝင်ရောက်စိုးမိုးနေသလို လုပ်ကြံနေပါတယ်။

(ခ) ရခိုင်တွေဟာ တစ်ထီးတစ်နန်းနဲ့ နေထိုင်ခဲ့ကြတဲ့ လူမျိုးကြီးတစ်ရပ်ဖြစ်ပါတယ်။ အစဉ်အဆက်သော ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်ကြပါ။ ဒါကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထပ်မံစော်ကားလာတဲ့ အသုံးအနှုန်းဖြစ်တဲ့ "ရခိုင်မွတ်စလင်" ဆိုတာကို လက်မခံနိုင်ကြတာဖြစ်ပါတယ်။

(၄) မေး- အဲ့ဒါ ရခိုင်-ရိုဟင်ဂျာ (စစ်တကောင်းဘင်္ဂါလီ) ပြဿနာပဲမဟုတ်ဘူးလား။ ကိုယ်နဲ့ဆိုင်သလား?
ဖြေ- ဆိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲနှုန်းဟာ ကြောက်စရာကောင်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံလူဦးရေထက် သုံးဆနီးပါးရှိပေမယ့် သူ့ရဲ့ နယ်နိမိတ်အကျယ်အဝန်းဟာ မြန်မာပြည်ထက် များစွာ သေးငယ်ပါတယ်။ ဒီလို ကြောက်ခမန်းလိလိ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံတစ်ရပ်နဲ့ အိမ်နီးချင်းအဖြစ် နေထိုင်ရတဲ့ နိုင်ငံတွေအားလုံးဟာ သတိနဲ့ ထိန်းသိမ်းရလေ့ရှိပါတယ်။

source:Kate Dizzel facebook

1 comment:

ကိုကိုကြီး said...

ရိုဟင်ဂျာတွေကို ပေးမ၀င်ပါနဲ့... ရခိုင်တိုင်းရင်းသားများကို ကူညီပေးပါ...။ ရိုဟင်ဂျာသည်...တိုင်းရင်းသားမဟုတ်ပါ...။