Wednesday, April 25, 2012

နို့ ဖိုး ဒုက္ခသည်စခန်းတွင်ဆန္ဒပြ


ဒုက္ခသည်စခန်းမှ အနာဂတ် မဲ့ နေသူများ ဆန္ဒထုတ်ဖော်
By Burma VJ Media Network (Albums) · Updated 18 hours ago
ယနေ့နံနက် ၁၀နာရီခန့်တွင်ထိုင်းနိုင်ငံ မဲဆောက်မြို့ အနီးရှိ နို့ဖိုးစခန်းအတွင်းခိုလှုံနေထိုင်ကြသည့် ဒုက္ခ သည်အဖြစ်အသိအမှတ်အပြု မခံရသေးသောဒုက္ခသည်များနှင့်ဒုက္ခသည်အဖြစ် အသိအမှတ် အပြုခံ ထား ရသောဒုက္ခသည်၁၅၀ခန့်မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုပေးရန်နှင့်အနာဂါတ်မဲ့နေမှုများ အားကူညီဆောင် ရွက်ပေးရန် UN ရုံးရှေ့ တွင် ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ကြသည်။ ဆန္ဒထုတ်ဖေါ်တောင်းဆိုရတွင် ဒုက္ခသည် အဖြစ်အသိအမှတ်ပြုပေးရန်၊ ရိက္ခာလုံလောက်စွာထောက်ပံ့ပေးရန်၊ အနာဂါတ်မဲ့နေမှုများ အားဆောင် ရွက်ပေးရန်၊နိုင်ငံမဲ့မှုများအားဆောင်ရွက်ပေးရန်၊UNမှဒုက္ခသည်များအရေးအားပိုမိုအလေးထားလုပ်ဆောင်ပေး ရန်တို့အားဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ကြသည်။ ဒုက္ဒသည်စခန်းအတွင်းရောက်ရှိနေထိုင်နေရသည်မှာ အချိန် ၅နှစ်ကျော်ကြာမြင့်သည်အထိ ဒုက္ခသည် အဖြစ်အသိအမှတ်အပြုမခံရသူထောင်ပေါင်းများစွာ ရှိနေကြပြီး ယနေ့ထိအနာဂါတ်အားမျှော်လင့်ချက် မဲ့စွာဖြင့်ဘ၀ရပ်တည်နေရကြောင်း ဒုက္ခသည်အဖြစ်အသိအမှတ်အပြု မခံရသေးသည့်ဦးဝင်းနိုင်မှပြောပြပါသည်။ ဒုက္ခသည်အဖြစ်အသိအမှတ်အပြုခံရသော်လည်းယနေ့ထိနိုင်ငံမဲ့ဘ၀အဖြစ်ရပ်တည်နေရသော ဦးရဲမင်းက "ကျနော်တို့ကပြည်တွင်းနအဖလက်ထက်ကစစ်မှုထမ်းတွေရဲတွေပါတယ်၊အားလုံးကို ဒုက္ခသည်စခန်းထဲမှာ ပဲပိတ်လှောင်ထားပြီးဘယ်အနာဂါတ်ဆိုတာဘာမှမသိရဘူး၊ပြည်တွင်းပြန်ရင်လည်းစစ်တပ်ကထွက်လာ လို့ရဲ ကထွက်လာလို့အဖမ်းခံရမယ၊်ပြည်ပမှာလဲဘယ်သူကမှမကူညီရင်ကျနော်တို့အနာဂါတ်ဘယ်မှာလဲ ဒါကြောင့် ကျနော်တို့အနာဂါတ်ရှိလာအောင်လုပ်ဆောင်ပေးဘို့တောင်းဆိုတာပါ"လို့ပြောပါတယ်။   တောင်းဆိုမှုများအားUNတာဝန်ခံမှနောက်တစ်ကြိမ်နို့ဖိုးသို့လာရောက်သည့်အခါတွင်ကျေနပ်လောက်သော
အဖြေပေးပါမည်ဟုဖြေကြားသဖြင့်တောင်းဆိုမှုအား၁၁နာရီတွင်ရပ်နားခဲ့ပြီး နောက်တစ်ကြိမ်UNလာရောက် ပါကတောင်းဆိုမှုအားဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပါဝင်သူ ဦးတရအောင် မှပြောပြပါ သည်။   နို့ ဖိုးဒုက္ခသည် စခန်းအတွင်းတွင် ဒုက္ခသည် စုစုပေါင်း တသောင်းခွဲခန့် နေထိုင်လျှက်ရှိကြပြီး ဒုက္ခသည် များမှာ အလုပ်လုပ်ကိုင်ခွင့်နှင့်စခန်းပြင်ပသို့ သွားလာခွင့်မရှိကြဘဲ စားဝတ်နေရေးအတွက် အဖွဲ့ အစည်း များ မှ ထောက်ပံ့ပေးထားသမျှနှင့် နေထိုင်နေကြရပါတယ်။

No comments: