လင်္ကာ
There is nothing good, nothing bad; thinking makes it so.
Home
news
Poem
video
article
Political Prisoners
88 gens
Nothern
Thursday, April 5, 2012
မအူပင်(၅ ဧပြီ ၂၀၁၂)
၀၅ ဧပြီ ၂၀၁၂။ မအူပင်မြို့ ကျောင်းသားသမဂ္ဂဖွဲ့စည်းတဲ့အ
ပေါ် သက်ဆိုင်ရာအာဏာပိုင်တွေ နဲ့ ကျောင်း အုပ်ချုပ်သူတွေက အနှောက်အယှက်မပေးဘဲ အသိအမှတ်ပြု ခွင့်ပြုပေးပါလို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ကပြော
ဆိုလိုက်ပါတယ်။ အလားတူ မြန်မာတစ်နိုင်ငံလုံးမှာရှိ
တဲ့ ကျောင်းတွေမှာ ငါးရှိရင်ရေရှိရမယ် ဆိုတဲ့ အတိုင်း ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂတွေလည်းရှိရမ
ှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့ ၅ ရက်နေ့မှာ မအူပင်ကျောင်းသားသမဂ္ဂအဖွဲ့ဝ
င်လူငယ်တွေအပါအ၀င် မအူပင်မြို့ခံတွေနဲ့တွေ့ဆုံ
ရာမှာ အခုလိုပြောဆို လိုက်တာဖြစ်ပါ
တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း
လူ့အဖွဲ့အစည်းမိတ်ဆက် အဖြစ်မအူပင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ
်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရောက်နေ
တာဖြစ်ပါ တယ်။ ကျောင်း သား သမဂ္ဂဟာ ကျောင်သားတွေရဲ့လွှတ်တော်ဖြစ
်ပြီး ဒါဟာ အနာဂတ်မြန်မာနိုင်ငံတော်အတွ
က် ကျောင်းသားတွေကို လွှတ်တော်ကျင့်သားရရှိစေမြှာ
ဖစ်တယ်လို့ ဆိုပါတယ်။ မြို့ခံတွေအနေနဲ့ လည်း ကျောင်းသားသမဂ္ဂကို ၀ိုင်းပြီးဝန်းရံကြဖို့လည်း
၈၈ မျိုးဆက်ကျောင်းသားတွေ က တောင်းဆို လိုက်ပါတယ်။ အခုလိုတွေ့ဆုံပွဲကို မအူပင်ကျောင်းသားသမဂ္ဂလူငယ်ေ
တွက ဦးစီးစီစဉ်ကျင်းပခဲ့တာဖြစ်
ပါတယ်။ ဟင်္သာတမြို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေလ
ည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်
။ ကိုမင်းကိုနိုင် ၊ ကိုကိုကြီးနဲ့ ကိုမျိုးအောင်နိုင်တို့ဟာ မအူပင်မြို့ကိုရောက်ခိုက် မအူပင်ခရိုင်တရားရုံးမှာ ထောင်ဒါဏ် ၆၅ နှစ်ကျခံခဲ့ရတဲ့ အဖြစ်ကိုအမှတ်တရအနေနဲ့ မအူပင်ထောင်ရှေမှာ ဓါတ်ပုံအရိုက်ခံခဲ့ကြပါတယ်။
(Photo: ASH)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment