Sunday, April 29, 2012

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ဘလော့ဂါဒေါက်တာလွဏ်းဆွေ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်
“အခုလို အနီးကပ်လွှတ်တော်ဝင်ခါနီးမှ ပြောကြမယ့်အစား ရွေးကောက်ပွဲ ၀င်ကတည်းက ကြိုပြီးတွက်ထားရမယ့် ကိစ္စတွေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ထားရမယ်။ သက်ဆိုင်ရာ လွှတ်တော် ဥပဒေတွေ၊ နည်းဥပဒေတွေ ဖတ်ထားရမယ်။ ပေါ်ပေါက်လာ နိုင်တဲ့ ပြဿနာအားလုံးကို ဥပဒေကိစ္စတွေကို ပြင်ဆင်နိုင်ဖို့ အခု (ကတိသစ္စာပြုလွှာမှာတဲ့) ဇယား (၄) ကိစ္စဟာ စာသားပြဿနာ မဟုတ်ဘဲ အခြေခံဥပဒေပုဒ်မ ၁၂၅ နဲ့ ဆက်စပ်နေတာ။ အဲဒါမျိုးတောင် ကြိုမသိဘူးဆိုရင် အင်န်အယ်လ်ဒီရဲ့ အကြံပေးတွေဟာ ဥပဒေကိုထဲထဲဝင်ဝင် မလေ့လာလို့လား၊ နိုင်ငံရေးအကြောင်း ပြချက်ကြောင့်ပဲလား၊ မသိပါဘူး"
ဒေါက်တာလွဏ်းဆွေ                                                                                                                           “ရရင်ရ မရရင်နေ”
၉၀ ရွေးကောက်ပွဲပြီးကတည်းက ကြေညာချက်၊ ရှယ်ကြေညာချက်၊ ထူးရှယ်ကြေညာချက်၊ ရှယ်တကာ့ ရှယ်ကြေညာချက်တွေ တစောင်ပြီးတစောင် ထုတ်၊ တတောင်းထဲတောင်း (တောင်းတိုင်းလည်း ဘယ်တော့ မှမရ)၊ တောင်းလို့မရရင် နောက်ဆက်တွဲ ဘယ်လို တိုက်ပွဲဝင်မယ်ဆိုတဲ့ Plan တွေလည်း ဘယ်တုန်းကမှ မရှိခဲ့တဲ့ NLD ရဲ့ “ရရင်ရ မရရင်နေ” မူက အခုအထိလည်း မပြောင်းလဲသေးပါကလားလို့ ပြောရမလို ...။ အခုလည်း ဦးဉာဏ်ဝင်း ပြောပုံက ညှိနှိုင်းလို့ရရင်ရ မရတဲ့အဆုံး လွှတ်တော်ထဲဝင်ပြီး ပြင် တဲ့နည်းလမ်း ကို ရွေးချယ်မယ်ဆိုတော့ “ရရင်ရ မရရင်နေ” မူပဲပေါ့နော်။ ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ စစ်အုပ်စုကလည်း NLD ရဲ့ အဲဒီ “ရရင်ရ မရရင်နေ” မူကို နောကြေနေလို့ ဘာပဲတောင်းဆို တောင်းဆို ဘယ်တော့မှ မလိုက်လျောတာနဲ့ တူပါရဲ့။
source : Lun Swe facebook

No comments: