Wednesday, April 11, 2012

ကယန်းအမျိုးသားနေ့ 

Published on Apr 11, 2012 by
ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ ကယန်း အမျိုးသားတွေက ကယန်းအမျိုးသားနေ့ကို ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်း က တင်ပြပေးမှာပါ။




စာအမှတ်-၁၆/၂၀၁၂(၈၈)
၈၈ မျိုးဆက်ကျောင်းသားများ
88generation@gmail.com
၁၀၊ ဧပြီ၊ ၂၀၁၂
သောက်ရေခပ်ကျေးရွာ
လိပ်သိုမြို့နယ်ခွဲ၊ ကရင်ပြည်နယ်

ငြိမ်းချမ်းရေးအတွက် သောက်ရေခပ်ချောင်း ပဲ့တင်သံ

၁။ ကျွန်ုပ်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေ ထိုင်သော နိုင် ငံဖြစ်သည်။
၂။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ပညာရေးနှင့် ကျန်းမာရေး တို့မှာ လက်ငင်းအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်။
၃။ ပြည်ထောင်စုတစ်ဝှမ်းရှိ လူမှုဒုက္ခအပေါင်းသည် ပြည်ထောင်စုသားများဖြစ်သည့် ကျွန်ုပ်တို့နှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု ခံယူသည်။

၎။ ထို့ကြောင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အာမခံချက်ရှိ သည့် ပြည်ထောင်စုကြီးဖြစ်ရန်နှင့် နိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရန် စစ်မှန်သောငြိမ်းချမ်းရေးကိုရှေးရှု သည့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံးဖော်ဆောင်သွား ရန် အလေးအနက် ဆန္ဒပြုပါသည်။


ကရင်နီပြည် လူငယ်သမဂ္ဂ                                                        ၈၈ မျိုးဆက်ကျောင်းသားများ

No comments: