Friday, April 27, 2012

K M Thet
ကြယ်ရောင် လရောင်ပျောက်ရှ
တတောလုံး ပြာကျပြီး လင်းလက်နေတဲ့ ည
ဘီလူးရိုက်မလား
ခြင်္သေ့ ကိုက်မလား မစဉ်းစားခဲ့တဲ့ည
မျက်ကန်း တစ္ဆေ မကြောက်ခဲ့တာ မဟုတ်
အချစ်ကန်းလို့  လမ်းမလိုခဲ့တာ။
ခွက်မဆွဲချင်လို့ 
ဗွက်ထဲ လဲကျခဲ့ရ တဲ့ ည
မာန ကို ပြာချ
ခွေးတကောင်ကို ချစ်တတ်သွားတဲ့ ည။
အိပ်စက်ခြင်း မဟုတ်တဲ့အိပ်စက်ခြင်းမှာ
နှင်းတွေ မြူတွေ ပြန်မှုန် ၀ါး
အဆိပ်မိသွားတဲ့  ည
တတော လုံး ပန်းရိုင်းတွေ
အပြိုင်းအရိုင်း ပွင့်ပြ
ရူးသွပ်သွားတဲ့ ည
တရွက် အတွက်
အသက်ထွက် မတတ် ခံစားတတ်သလို
တပွင့် ပန်လို လို့ 
တတောလုံး ဖြို ချင်နေတဲ့
ရိုင်းစိုင်းသွားတဲ့ ည
အဲဒီ ညပါဘဲ
ကဗျာတွေ စပ်ပေမယ့်
စာမတတ်ခဲ့ဘူး။

No comments: