Sunday, April 15, 2012

သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

by Myat Thi Ha on Sunday, 15 April 2012 at 15:19 ·
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။

ဆရာတော်ဦးဥတ္တရ"ဒီနှစ်မှာထူးခြားတာကမြန်မာပြည်မှာငြိမ်းချမ်းရေး   ဖော်ဆောင်မှုတွေ လုပ်နေတယ်။တိုင်းရင်းသားတွေနဲ့ လည်းငြိမ်း ချမ်းရေး ဖော်ဆောင်နေတာ၊လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီး တို့  ငြိမ်းချမ်းရေးဆုကိုပေးပါတယ်။ မြန်မာနိုင်ငံ သူ နိုင်ငံသား အားလုံး က လည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးက လည်းပဲ မြန် မာနိုင် ငံမှာငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့်ဘုန်းကြီးတို့က ဒီနှစ် ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ် လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာ သံရုံး က တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။ မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲ ကို နှစ်ပိုင်း ခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန် စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန် အဆိုအကတွေ နဲ့   ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။
 RFA  
Myat Thi Ha facebook  မှကူးယူဖော်ပြသည်။

No comments: