Saturday, March 3, 2012

၇၅၀၀

ဆီးရီးယားတွင် အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၇၅၀၀ ကျော်ထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂထုတ်ပြန်
Friday, 02 March 2012 11:14

ဒမတ်စကတ်အစိုးရအဖွဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် အတွက် နိုင်ငံတ ကာ က တောင်းဆိုနေစဉ်တွင် ဆီးရီးယားအစိုးရအဖွဲ့၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၇၅၀၀ ကျော်ထိမြင့်တက်လာကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကန့်ကွက်ဆန္ဒပြမှုများဖြစ်နေသည့် မြို့အတွင်း ကယ်ဆယ်ရေး အကူအညီပေး ရန်နှင့် သွေးထွက် သံယိုဖြစ်မှုများကို ရပ်တန့်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ခုကို ရုရှားနှင့် တရုတ်နိုင်ငံက ထောက်ခံရန် ပြင်သစ်နိုင်ငံက တိုက်တွန်းခဲ့သည်။ ဆီးရီးယားအရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့၏ရပ်တည်ချက်များမှာ ပျော့ပျောင်းလာသည်ဟု ထင်မှတ်ရသည်။

ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်အုပ်ချုပ်မှုကို အဆုံးသတ်ရန် ၁၁ လကြာ ဆန္ဒပြမှုများ ပြုလုပ် စဉ်အတွင်း လူ ၇၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ အကြီးအကဲ B Lynn Pascoe  က လုံခြုံရေးကောင်စီသို့ပြောကြားခဲ့သည်။
လူအစုလိုက်အပြုံလိုက် သတ်မှုကို ရပ်တန့်ခိုင်းမှုတွင် နိုင်ငံတကာအသိုင်းအ၀န်းက မပါဝင်ခြင်းသည် ဆီးရီးယားအစိုးရအဖွဲ့ကို အားပေးတိုက်တွန်းမှု ဖြစ်ခဲ့ကြောင်း၊ လူအစုလိုက် အပြုံလိုက်သတ်မှုအတွက် ဒဏ်မခတ်ခံရဟု ထင်မှတ်သွားစေကြောင်း Pascoe က ပြောကြားခဲ့သည်။
''အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် အရပ်သားတွေသေဆုံးမှုနှုန်းဟာ အခုဆိုရင် တစ်ရက်တည်းမှာကို ၁၀၀ဦးထက် ကျော်လွန်လာပါပြီ။ စုစုပေါင်း သေဆုံးမှုနှုန်းဟာ ၇၅၀၀ ကျော်လာပါပြီ''ဟု Pascoe က လုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်။
ဒုက္ခသည် ၂၅၀၀၀သည် ဆီးရီးယားအနီးရှိ ကုလသမဂ္ဂနိုင်ငံတွေမှာ စာရင်းသွင်းခဲ့ကြောင်းနှင့် ဆီးရီးယားနိုင်ငံအတွင်းတွင် အခြေနေမဲ့ဖြစ်နေသူ တစ်သိန်းနှင့် နှစ်သိန်းကြားရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ဆီးရီးယားစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆန္ဒပြမှုများထဲတွင် ပါဝင်သူများကို ဖမ်းဆီးခြင်းများ အပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများပြု လုပ်ခဲ့ဆိုသည့် အစီရင်ခံစာများ ရရှိ ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ Navi Pillay က ပြောကြားခဲ့သည်။
Ref:AFP

eleven media  မှကူးယူဖော်ပြသည်။

No comments: