by Aung Moe Win on Friday, 30 March 2012 at 05:01 ·
မြောက်ပိုင်းဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဆောင်းပါးသစ် တခုတင်ပါမယ်။ အပိုင်းလိုက်ခွဲတင်ပေးပါ့မယ်။
ခေါင်းစဉ်က “ တစ်တီတူး တကောင်ရဲ့ ကယောင်ကတမ်းအိပ်မက်များ” တဲ့။
အမြည်းလေး မြည်းနိုင်အောင်လို့-------
“မိုးညှင်းသား၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေက သူတို့ရဲ့ သူငယ်ချင်း မျိုးဝင်းရဲ့ ရက်ရက်စက်စက်လုပ်မှုတွေ၊ အဖမ်းခံရတဲ့ကျောင်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့အခါ “ ဟာ ငါ့ဘဝတော့ သွားပြီကွာ- ငါ့လက်မှာသွေးစွန်းသွားပြီ” လို့ ပြောဆိုခဲ့တာတွေကို ထုတ်ပြောနေတဲ့အချိန်မှာ၊ ကိုမျိုးဝင်း က ကြင်နာတတ်ပါတယ်။ နာကျဉ်းကြလွန်းတော့ “ကို” တောင် တတ်မခေါ်နိုင်ကြတော့ဘူးပေါ့နော် လို့ ရှေ့နေလိုက် ညီးငြူနေသလိုလို လုပ်နေတော့၊ မန္တလေးဘူတာကြီးရှေ့မှာ ဝါးဆစ်ဗုံတီး သီချင်းဆိုနေတဲ့ ကောင်မလေးကို သွားသတိယမိတယ်။
ဝါးဆစ်ဗုံတီးတဲ့ကောင်မလေးက ရုပ်ကလေးက သနားကမား။ ကိုယ်ရည်ပြားရောဂါသည်တွေနဲ့တွဲပြီး သီချင်းဆို အလှူခံတဲ့ ဂီတဝိုင်းလေးတခုပါ။ သူတို့ဆိုနေကျ သီချင်းရှိတယ်။ “ “အိမ်ကိုလာနေကျ ကိုကိုရယ် ရုပ်ချောပြီး သဘောကောင်းရှာတယ်။” တဲ့။ ကောင်မလေးက အဲ့သလို သီချင်းတွေဆိုလေ။ ကိုယ်တို့ကလည်း အုတ်ခုံလေးပေါ်မှာ ရေဘင်မျက်နှာတပ်ပြီး ထိုင်နေတဲ့ ငနဲ ကို မျက်စောင်းထိုးပြီး မိုက်ကြည့်ကြည့်ကြတယ်။ တကယ်တော့ ကိုယ်ရည်ပြားရောဂါသည်လေးတွေကို ဘူတာကြီးရှေ့မှာ မလာပြီး စီးပွားလာရှာခိုင်းတာက အဲ့ဒီ ငနဲလေ။ သူက သီချင်းဆိုမဲ့၊ ဝါးဆစ်ဗုံတီးမဲ့သူတွေကို ပုတ်ပြတ်ငှားလာတာ။ အလှူခံထဲက ငွေက သူရမဲ့ငွေ၊ သူ့လူတွေနဲ့ပေါင်းပြီး ကိုယ်ရည်ပြားရောဂါသည်လေးတွေဆီက ငွေတွေကိုလည်း ပြန်ပြီး ခိုးလိုက်သေးတယ်။ နောက်နေ့ကျ သူက အဲ့ဒီရွာကို သွားပြီး ကျေးဇူးရှင်ဆန်ဆန် ပြောပြန်ရော။ “ နင်တို့နော်- ငါက ရပ်ကွက်အာဏာပိုင်တွေနဲ့ပိုင်လို့ နင်တို့လုပ်စားခွင့်ရတာ” တဲ့။ အင်း--- မျိုးဝင်း ကြင်နာတယ် ဆိုတာ အဲ့သလိုမျိုးများဖြစ်နေမလားပဲ။ လူတွေကို ခေါင်းဖြတ် သတ်ပေးလိုက်တာဟာ ဘဝကူးတဲ့အခါ ဝန်ပေါ့သွားအောင်လို့ဆိုတဲ့ ဖြေရှင်းမှုမျိုးဖြစ်နေတယ်။
အော်--- နန်းတော်ရှေ့မှာ တစ်တီးတူး တကောင် မရှက်မကြောက် ပျံသန်းနေလေရဲ့---------

No comments:
Post a Comment