လင်္ကာ
There is nothing good, nothing bad; thinking makes it so.
Home
news
Poem
video
article
Political Prisoners
88 gens
Nothern
Tuesday, March 13, 2012
မုံရွာခရိုင် ကျောင်းသားသမဂ္ဂများ
မုံရွာခရိုင် ကျောင်းသားသမဂ္ဂများ၏ ကိုဖုန်းမော်နေ့  အကြို လှုဒါန်းပွဲ နှင့် သုံးခရိုင်ကျောင်းသား ကိုယ်စားလှယ်များ တွေ့ ဆုံပွဲ ၁၁-၃-၂၀၁၂
==========================================
၁၁-၃-၂၀၁၂ နေ့ လည်ပိုင်းတွင် မုံရွာမြို့ အနောက်ဘက်ကမ်းရှိ ဆားလင်းကြီးမြို့ နယ် ထနောင်းကုန်းကျေးရွာ ပရဟိတကျောင်း၌ ကိုဖုန်းမော် ကျဆုံးခြင်း အမှတ်တရနေ့ အကြိုအဖြစ် လှုဒါန်းပွဲကို ကျောင်းသားသမဂ္ဂများ တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီ ( မုံရွာခရိုင်) နှင့် မုံရွာမြို့ ရှိ တက္ကသိုလ်အသီးသီးမှ သမဂ္ဂများ မှ ဦးဆောင်ကျင်းပခဲ့ပါသည်။
ယင်း အခမ်းအနားသို့  ကျောင်းသားများသမဂ္ဂ (မုံရွာ ခရိုင်)၊ ကျောင်းသားများသမဂ္ဂ (မန္တလေး ခရိုင်)၊၊ ကျောင်းသားများသမဂ္ဂ (ရတနာပုံတက္ကသိုလ် မန္တလေး)၊ ကျောင်းသားများသမဂ္ဂ (နည်းပညာတက္ကသိုလ် မန္တလေး)၊ ကျောင်းသားများသမဂ္ဂ ( ဆေးတက္ကသိုလ် မန္တလေး) နှင့် ဗကသ တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ (အထက်ဗမာပြည်) မှ ကိုယ်စားလှယ် ၂၀ ကျော်အပါအဝင် ပရိတ်သတ် ၇၀ ကျော်ခန့် တတ်ရောက်ခဲ့ပါသည်။
အခမ်းနား အစီစဉ်များ အဖြစ်
၁။ ထနောင်းကုန်း ပရဟိတကျောင်း ဆရာတော် ဦးကောဝိဒ မှ သြဝါဒအမှာ စကားမိန့် ကြားခြင်း၊
၂။ အလေးပြုခြင်းသုံးမျိုး
၃။ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား ကိုအောင်မြင့်ဦး မှ အမှတ်တရစကားပြောကြားခြင်း
၎။ ဗကသ တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ (အထက်ဗမာပြည်) ကိုယ်စား ကိုအောင်ကျော်မိုး မှ အမှတ်တရစကားပြောကြားခြင်း
၅။့  ကျောင်းသားများသမဂ္ဂ (မန္တလေး ခရိုင်) ကိုယ်စား ကိုရဲခိုင် မှ သဝဏ်လွှာ ဖတ်ကြားခြင်း နှင့် အမှတ်တရစကားပြောကြားခြင်း
၆။ ကျောင်းသားများသမဂ္ဂ (မြင်းခြံ ခရိုင်) ကိုယ်စား ကိုမိုးစက် မှ အမှတ်တရစကားပြောကြားခြင်း
၇။ ကျောင်းသားများသမဂ္ဂ (မုံရွာ တက္ကသိုလ်) ကိုယ်စား ကိုဟိန်းဇော်ဝင်း မှ အမှတ်တရစကားပြောကြားခြင်း
၈။ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (မုံရွာ နည်းပညာတက္ကသိုလ်) ကိုယ်စား ကိုထွန်းအောင်ကျော် မှ အမှတ်တရစကားပြောကြားခြင်းပါဝင်ခဲ့ပါသည်။ ထို့ နောက် ပရဟိတကျောင်းရှိ ကိုရင်များ နှင့် ကျောင်းသားငယ်လေးများ ကို ပစ္စည်းများ ပေးအပ်လှုဒါန်း ခဲ့ပါသည်။ အခမ်းနားမှုးမှ အခမ်းနားပြီးဆုံးကြောင်းကြေငြာခဲ့ အပြီးတွင် တက်ရောက်လာသော မုံရွာခရိုင်၊ မြင်ခြံခရိုင် နှင့် မန္တလေးခရိုင် မှာ ကျောင်းသားကျောင်းသူများ သည် မွန်းလွဲ ၁နာရီ၃၀ မှာ ၂ နာရီ ၃၀ ခန့် အထိ အတွေ့ အကြုံ နှင့် အမြင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ပြောဆို ခဲ့ပါသည်။ ထိုနောက် မုံရွာမြို့ ခံ ကျောင်းသူကျောင်းသားများ မှ မန္တလေးခရိုင် နှင့် မြင်းခြံခရိုင် ကိုယ်စားလှယ် ကျောင်းသားကျောင်းသူများ ကို ကျောက္ကာလမ်းရှိ "အရိပ်စစ်" လက်ဘက်ရည်ဆိုင်၌ ဧည့်ခံကျွေးမွေးခဲ့ ပါသည်။ ထိုနောက် ညနေ ၆ နာရီခန့် တွင် မန္တလေးခရိုင်မှ ကျောင်းသား ကိုယ်စားလှယ် များ ပြန်လည်ထွက်ခွါခဲ့ကြပြီး ည ၉ နာရီခန့် တွင် မန္တလေး မြို့ သို့ ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ပြန်ကြားရေးကော်မတီ
ဗကသ (အထက် ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ
ဗကသ(အထက်ဗမာပြည်)တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ
မှကူးယူဖော်ပြသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment