Thursday, March 15, 2012

ပို့စ်မော်ဒန်လူ

ငရဲ ရှိတယ် မရှိတယ်
ရောက်ဖူးလို့ လက်ခံတာလား မရောက်ဖူးလို့ ငြင်းဆန်တာလား
သေတဲ့ အတွေ့အကြုံ ဘယ်သူမှ ပြန်မပြောနိုင်ဘူး
နေကို ကမ္ဘာက ပတ်ခဲ့တဲ့ အမှုမှာ ဘယ်သူ့ ဘက်က နေမလဲ
နှစ်ပေါင်း ၄၀၀ ကျော်မှ တရားရုံး ပြန်တင်တယ် ပြန်စစ်တယ်
ဘယ်လိုပဲ ဖြစ်ပါစေ
ကမ္ဘာကြီး ကတော့ လည်ပတ်မြဲ လည်ပတ်နေမှာပဲလို့
ဂယ်လီလီယို ကတော့ ပြောခဲ့သား
အိုင်းဇက်နယူတန် ရဲ့ ပန်းသီးတစ်လုံးလောက်
ဗေဒင်ပညာဟာ အချိန်မစီးဘူး
ပို့စ်မော်ဒန် ပို့စ်မော်ဒန် နဲ့
တဒန်ဒန် ရွတ်ဆိုတတ်တဲ့ ပညာရှင်ကြီးလေ
ဗေဒင်မေးတယ် ထီထိုးတယ်
အတ္တ ကြီးလေလေ ယတြာ ဆန်းပြားလေလေ ။            ။

မောင်အောင်ပွင့်
နွယ်နီ မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂၀၁၀ - ပြည့်နှစ် ။

No comments: