Saturday, March 31, 2012

ကော့မှူး၊ကလော၊ကျွန်းစု၊သုံးခွ၊နေပြည်တော် မဲရလာဒ်

မဲစာရင်း Update သတင်း

Update 12:08
 ကော့မှူးမြို့နယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံရွာတွင်NLDက၂၁၇မဲ၊ ပြည်ခိုင်ဖြိုးက၃၇မဲ၊ပယ်မဲ၂မဲ
 ဖြင့် မဲရေတွက်ပြီးစီးသွားပြီဖြစ် ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကမဲအပြတ်အသတ်နှင့်အနိုင်ရရှိ သွားကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။

နေပြည်တော် ဥတ္တရသီရိမှ မဲရေတွက်ပြီး မဲဆန္ဒနယ်မြေ ငလိုက်ချောင်းအထက် အောင်သပြေရွာ မှာ မဲပေးသူ ၂၁၅ဦးမှာ NLD 158မဲဖြစ် အနိုင်ရဥတ္တရသီရိ တပ်မဲရုံတရုံ ပြည်ခိုင်ဖြိုးအပြတ်အသတ်နိုင်.(နေ့လည် ၁၂း၃၀)
နေပြည်တော်အပိုင် ဥတ္တရသီရိမြို့နယ် မင်းကွန်းအုပ်စု မဲရုံအမှတ် (၇/၁၉) မှာ ၁၀၁၆ လေကြောင်း ရန်ကာကွယ်ရေးတပ် မဲရုံမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရသွားပါတယ်၊ မဲပေးခွင့်ရှိသူ ၂၀၀ အနက် ကြံ့ခိုင်ရေးက ၁၉၆ မဲ။ အန်အယ်လ်ဒီက (တစ်မဲ)။ တစညက (တစ်မဲ)။ ပယ်မဲ တစ်မဲဖြစ်တယ်လို့ ဥတ္တရသီရိမှာ ပြိုင်တဲ့ အန်အယ်လ်ဒီအမတ်လောင်း ဦးမင်းသူရဲ့ အဲဒီမဲရုံကိုယ်စားလှယ် ဦးကျော်မြင့်လွင်က ပြောပါတယ်၊ 

နေ့လည်၁၂း၄၀မိနစ်သတင်းများအရကလောမြို့နယ်ဟဲဟိုး၊ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်း 
တင်ကျေးရွာမဲရုံအမှတ်(၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုးကို ဝင်ပြော မည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်း ပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။

ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင်ကျေးရွာအုပ်စုတွင် အမျိုးသားဒီမို ကရေ စီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိ သွားကြောင်း သုံးခွမြို့သို့ေ၇ာက်ရှိနေသောမြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။
`ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ ဒေါ်စုစုလွင်က ၁၆၅၀ နဲ့ အနိုင်ရနေတယ်`လို့ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။

No comments: