Tuesday, March 6, 2012

ဦးဂမ္ဘီရ

ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မြန်မာစံတော်ချိန် ည(၁၀)နာရီခွဲက ရဲအထူးတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပါသည်...။ မနက်ဖြန် မနက် ပြန်လည်ပို့ပေးမည် ဟု ပြောဆို၍ ဖမ်းဆီးခေါ်ဆောင် သွားပါသည်...။ အရှင်ဂမ္ဘီရအား ရဲမှူးဦးစိုးနိုင်နှင့် အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားစဉ် ကားပေါ်၌ အရှင်ဂမ္ဘီရအား ဆရာတော်ဦးဣသရိယမှ ဆက်သွယ်မေးမြန်း ထားတဲ့ အသံဖိုင် ဖြစ်ပါတယ်..။

၂၀၀၇ခုနှစ် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလက ၁၃ရက်နေ့ က ပြန်လည် လွတ်မြောက် လာပြီးနောက် ယခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွား မှုဖြစ်ပြီး ပြီးခဲ့တဲ့လ(၁၉)ရက်နေ့ကလည်း အစိုးရပိုင် သတင်းစာများမှ အရှင်ဂမ္ဘီရအား ဓမ္မစက်အစား အာဏာစက်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်...။

No comments: