Thursday, March 29, 2012

”ABSDF ကို ကာကွယ်ကြ ..လို့ ပြောနေတဲ့ သူတွေကို စိမ်ခေါ်ချင်တယ် ”

(ကိုထွန်းအောင်ကျော်-မကဒတ ပထမဆုံး ဥက္ကဌဟောင်း)


မိတ်ဆွေတချို့က အင်္ဂလိပ်လို ရေးတာကို ဗမာလိုပါ ရေးပါလို့ တိုက်တွန်းလို့ ဗမာလို ပြန်ရေးပေးလိုက်ပါတယ်၊
 နန်းအောင်ထွေးကြည်ရေးတာ https://www.facebook.com/nang.kyi အလွန် ထိရောက်ပါတယ်၊
 ကျွန်တော်ယုံကြည်တာက အမှန်တရားဟာ အနှေးနဲ့ အမြန် တနေ့နေ့  မှာ ပေါ်လာမှာဘဲ၊
 နန်းအောင်ထွေးကြည်ရဲ့ ရဲရဲတောက်စိတ်ဓါတ်ကို အလေးပြုလိုက်ပါတယ်၊

တဆက်တည်းမှာဘဲABSDF ကို ကာကွယ်ကြ ..လို့ ပြောနေတဲ့သူတွေ ကို စိမ်ခေါ်ချင်တာက၊ သူတို့ဟာ တကယ်ဘဲ ABSDF ကို ကာကွယ်ချင်တာလား၊
သူတို့ဆရာ နိုင်အောင်ကို ကာကွယ်ချင်တာလား..ဆိုတာဘဲ ဖြစ်ပါတယ်။
ဒီလိုရက်ရက်စက်စက် သတ်ဖြတ်မှုတွေအတွက် ဘယ်လိုအကြောင်းပြချက်ကမှ ဖုံးကွယ်ခြေဖျက် လို့ မရနိုင်ပါဘူး။
ဥပမာ- နအဖ က တွင်တွင်သုံးနေတဲ့" ပြည်သူ"ဆိုတဲ့စကားဟာ ဘာကို ရည်ညွှန်း သလဲဆိုရင်
သူတို့ ခေါင်းဆောင်တွေကို ရည်ညွှန်းနေတာဘဲဖြစ်တယ်၊
စစ်အာဏာရှင်လက်ထက်မှာ " ပြည်သူ" "တိုင်းပြည်"ဆို တဲ့ စကားတွေဟာ ပကတိ တိုင်းပြည်နဲ့ပြည် သူတွေကို ပြောနေတာ မဟုတ်ဘူး။
ပြည်သူ့လုံခြုံရေးအတွက် ထိမ်းသိမ်းထားရပါတယ်ဆိုရင်၊ အဖြစ်မှန်က စစ်ခေါင်းဆောင်ကြီးများ
လုံခြုံရေး အတွက်လို့ မှတ်ယူရမှာဖြစ်ပါတယ်၊
ဒီလိုဘဲ တိုင်းပြည်လုံခြုံရေးအတွက်ဆိုရင်လဲ သူတို့လုံခြုံရေးကိုဘဲ ဆိုလိုတာ ဖြစ်တယ်။
ဒါကြောင့် အခုမြောက်ပိုင်းကိစ္စမှာလဲ ABSDF ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ ဒီကိစ္စကို
မလုပ်သင့်ပါ ဘူး..လို့ပြောနေတဲ့သူတွေဟာ တကယ့်ABSDF ဂုဏ်ကို ကာကွယ်ချင်တာလား ။ သူတို့နဲ့ကျေးဇူးခံ ကျေးဇူးစားရှိတဲ့ နိုင်အောင်ကို ကာချင်တာလား ။ မေးရတော့မှာဖြစ်တယ်။

ထွန်းအောင်ကျော်
ABSDF ဥက္ကဌဟောင်း

No comments: