Thursday, March 8, 2012

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော

မတ် ၈၊ ၂၀၁၂
၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ် ပတ်သက်ခဲ့သော ဖြစ်စဉ် များနှင့်ပတ်သတ်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်းကို၂၀၁၃ခုနှစ်မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဟုမြန်မာနိုင်ငံလုံးဆိုင် ရာ   ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ကယခုလ၇ရက်တွင်ထုတ်ပြန်ကြေငြာလိုက်သည်။
၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ကိုထွန်းအောင်ကျော် အပါ အ ၀င် တပ်ဖွဲ့ဝင် ၁၅ ဦးသတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းကိစ္စကို စုံစမ်းဖော်ထုတ်ရန် ABSDF က အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို၂၀၁၂၊ဇန်န၀ါရီလတွင်စတင်ဖွဲ့စည်း ခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။
“အမှန်တကယ်နစ်နာခဲ့ရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစုံ တခုပြန်လုပ်ပေးရမဲ့ တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက်တရားမျှတမှုကိုဖေါ်ထုတ်ပေးရပါမယ်”ဟုအမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့မှတာဝန်ခံညှိနှိုင်းရေးမှူးကိုကျော်ကျော်လင်း က ပြော သည်။
အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ABSDF အတွင်းရေးမှူး (၁) ကိုမြင့်ဦးက ဦးဆောင် ၍ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အလုပ်အဖွဲ့၏တာဝန်မှာအချက်အလက်စုဆောင်းမှုများပြုလုပ်၍ တွေ့ရှိချက်များကိုအခြေခံပြီး သမာသမတ် ကျသည့် အစီရင်ခံစာကိုထုတ်ပြန်သွားရန်ဖြစ်ကာ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များကိုပါ ထည့်သွင်းဖော်ပြသွားမည်ဟု ကိုကျော်ကျော်လင်းက ပြောသည်။
၎င်းက “ အလုပ်အဖွဲ့မှာ အရေးယူနိုင်တဲ့အခွင့်အာဏာမရှိပါဘူး။ အဲဒီနောက်မှာမှ ဒုတိယပိုင်းအနေနဲ့ သက် ဆိုင်ရာဥပဒေကြောင်းအရ လုပ်ရမှာဖြစ်ပါတယ်” ပြောသည်။
လုပ်ငန်းစဉ်များအားအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်မြန်မာနိုင်ငံနှင့်နိုင်ငံတ ကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန် တ ရား နှင့် တရား မျှ တမှု ကို မြတ်နိုးသူအားလုံး အလုပ်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ကိုယ်တိုင်တွေ့ ဆုံရန်လိုအပ်ပါက လည်း အလုပ်အဖွဲ့က ကြိုးစားတွေ့ဆုံသွားမည်ဟု ကိုကျော်ကျော်လင်းက ဆိုသည်။
၁၉၉၂ခုနှစ်ကသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်     တစ်တပ်ဦး(မြောက်ပိုင်း)ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူဦးရော်နယ်အောင်နိုင်ကအဖြစ်မှန် များပေါ်ပေါက်လာရေးအတွက်အလုပ်အဖွဲ့နှင့်အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြော သည်။
“ မေးမြန်းဖို့လိုအပ်လို့ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိပါဘူး” ဟု ၄င်းကပြောသည်။
ABSDFသည်ငြိမ်းချမ်းရေးအတွက်အစိုးရနှင့်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးလာမည့်ဧပြီလဆန်းပိုင်းတွင်        လည်း ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
လက်ရှိအချိန်တွင်ABSDFမှာတရားဝင်အသင်းအဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းမရှိသေးသည့်အတွက် တရားခုံရုံးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုမူ ပြောကြား ရန်စောသေးကြောင်း ကိုကျော်ကျော်လင်းက ပြောသည်။
“ တရားရုံးတင်အမှုစစ်တဲ့ဟာကလည်းတရားမျှတမှုဆိုတဲ့အထဲမှာပါသလို နစ်နာခဲ့သူတွေရဲ့နစ်နာမှုတွေ ကိုအသိအမှတ်ပြုပေးတာ၊ သူတို့ဘ၀တွေပြန်လည် ပျိုးထောင်ပေးတာ၊ နောက်ဆုံး လူသိရှင်ကြား ၀န်ချတောင်း ပန်တာအထိ ပါပါတယ်။ ဒါတွေကလည်း တရားမျှတမှု ပုံစံတခုပါပဲ ” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)သည်၁၉၈၈အရေးတော်ပုံနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထူထောင်ခဲ့သော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ် သည်။
Messenger News Journal မှကူးယူဖော်ပြသည်။

1 comment:

လင်္ကာ said...

Nge Naing ကိုဘဏ် မြောက်ပိုင်းဗဟိုက သူ့ဆုံးဖြတ်ချက်နဲ့သူလုပ်ခဲ့တယ်ဆိုတာ ကိုရော်နယ်နိုင်အောင်ရဲ့ RFA နဲ့ အင်တာဗျူးတခုမှာရော သတင်းထောက်တယောက် မေးထားတဲ့ အင်တာဗျူးမှာပါ ပြောထားတာ ရှိပါတယ်။
Yesterday at 06:43
Nge Naing
ဒါက ထွက်ထားပြီးသား သတင်းတွေထဲက သိတာပါ။ အခုဒ။ိ စတိတ်မင့်ကို ကိုဘဏ်သေသေချာချာ ဖတ်မယ်ဆိုရင် တိတိကျကျ ဖေါ်ထုတ်နိုင်ဖို့အတွက် အားလုံးကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားတာကို တွေ့ရလိမ့်မယ်။ ကိုဘဏ်ဟာ ကျွန်မို့ဗဟိုကို မာနယ်ပလောမကျခင် ၁၉၉၄ ခုနှစ်မှာ ဗဟိုဌာနချုပ်ဒေါင်းဂွင်မှာတုန်းကရော မာနယ်ပုလောနဲ့ ဒေါင်းဂွင်ကျပြီး အပြေးပြေးလွှားလွှားနဲ့ ကရင်နီမှာ တနှစ်အတွင်း သုံးခုမြောက်ဆောက်ထားတဲ့ ကရင်နီ ဒုက္ခသည်စခန်း (၂) နို့ပ ဗဟိုကိုပါ ရောက်ဖူးသူဆိုတော့ ကျွန်မတို့ ABSDFဟာ ဘယ်လောက်ပဲ အခက်အခဲနဲ့ကြုံကြုံ ပေးတဲ့အခြေအနေနဲ့ အလုပ်ကိုဘယ်လို စနစ်တကျနဲ့ ဖြစ်အောင် အကောင်အထည်ဖေါ် လုပ်ကိုင်တတ်တယ်ဆိုတာ အတော်အသင့် သိထားပြီးသားသူ ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။
Yesterday at 06:54
Coban Coban Burma It is said that "Innocence is the first casualty of war". Executing people for "alleged spying" is pretty serious stuff. I will leave it to the historians to judge. Just want to know the truth if there is such a thing.
Yesterday at 15:55
Nge Naing
ကိုဘဏ် - ABSDF မြောက်ပိုင်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သူတို့ပြောနေကြတာတွေဟာ ဘာမှအခြေအမြစ်မရှိဘူး။ သိလို့ပြောတာထက် တယောက်စကား တယောက် တဆင့်ကြားပြီး ထင်ရာစွပ်ပြောနေကြသူတွေက ပိုများနေတယ်။ ဟိုနေ့ကလည်း ပေါင်းစည်းရေညီလာခံပြီးလို့ ဗဟိုကော်မတီဝင်ထဲက တချို့ မြောက်ပိုင်းမှာ သင်တန်းသွားပေးလို့ ရိုက်ထားတဲ့ ဓတ်ပုံတပုံတင်ပြီး ၉၂ ဖေဖေါ်ဝါရီမှာ သတ်မိန့်သွားပေးပြီး ၁၅ ယောက်ကို သတ်ဖြတ်ခဲ့စဉ်က ရိုက်ထားတဲ့ပုံလို့ ပြောပြီး အထောက်အထားရပြီတဲ့ အောင်ပွဲခံနေကြတယ်။ ဘယ်လောက်အထိ ဦးနှောက်မရှိ ပြောတတ်လဲဆိုရင် အဲဒီပုံထဲမှာ ၉၂ ဧပြီမှာ သွားတုန်းက မပါခဲ့တဲ့သူတွေလည်း ရှိနေတယ်၊ လူတွေကလည်း ၉၂ ကလို ပိန်ပိန်သွယ်သွယ် ငယ်ရွယ်နုပျိုနေတဲ့ မျက်နှာလေးတွေ မဟုတ်ကြတော့ဘူး၊ ကိုယ်လုံးတွေ ဆူဖြိုးပြီး မျက်နှာတွေ ရင့်ထော်နေတဲ့ပုံ ဖြစ်နေပြီ၊ အဲဒါကိုတောင် ပြောချင်ဇော စွပ်စွဲချင်ဇောနဲ့ မဟုတ်တာကို အဟုတ် လုပ်ကြံပြောတတ်ရင် တခြားနေရာတွေမှာကော သူတို့ပြောတဲ့စကားက ဘယ်လောက်အထိ Reliable ဖြစ်မယ်ဆိုတာ တွက်လို့ရပါတယ်။ ပြီးတော့ ၁၅ ဦးကို သတ်မိန့်ပေးဖို့ ဗဟိုကော်မတီမှာ အစည်းအဝေးထိုင်စဉ်က ဒေါက်တာမြင့်ချိုတယောက်ပဲ သဘောမတူတာတဲ့ ကျန်တဲ့သူတွေ အကုန်လုံးသဘောတူတယ်တဲ့ ပေါက်ကရတွေ လျှောက်ပြောနေကြတယ်။ ဒေါက်တာမြင့်ချိုဆိုတာ ကျွန်မတို့နဲ့ အတူတူ ဆစ်ဒနီမှာ အတူတူ ရှိနေပြီး ကျွန်မယောက်ျား ညနေဘက် အလုပ်မသွားရတဲ့နေ့တွေမှာ ညနေတိုင်းနီးပါး Park မှာ ခြင်းလုံးအတူတူ ခတ်နေတဲ့သူ။ သူတို့ပြောနေတာ မဟုတ်ဘူးဆိုတာ ကျွန်မတို့ သိတာပေါ့။ သိလို့မဟုတ်ဘူးဆိုတာ ပြောပြပြန်တော့လည်း လူသတ်သမားဘက်က ခုခံချေပအကာအကွယ် ပေးတဲ့သူတဲံ စွပ်စွဲတယ်။ အခုလည်း ကောင်းတာလုပ်ဖို့ ထုတ်ပြန်ထားတဲ့ အခု ဒီစတိတ်မင့်ထုတ်တာကိုတောင် မကောင်းပြောနေကြသေးတယ်။ ဘယ်လောက်ထိတောင် ABSDF ကိုတိုက်ခိုက်ချင်နေလဲဆိုတာ သိသာတယ်။ အတင်းမပြောရ သူများမကောင်းကြောင်း မပြောရ သူများကို တခုခုမစွပ်စွဲရရင် မနေနိုင်တဲ့ ရှေးဘ၀၀ဋ်ကြွေးပါလာတဲ့ သနားစရာ သတ္တ၀ါတွေအဖြစ်ပဲ သဘောထားလိုက်ပါတယ်။ အခုချိန်မှာ ကိုဘဏ်လည်း အတင်းပြောဝါသနာပါသူတွေရဲ့ စကားကို သိပ်ပြီး ယုံကြည်နေမှာ