Sunday, February 12, 2012

t o m o r r o w

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ကျင်းပတဲ့ မြောက်ပိုင်း တွင် ကြွေ လွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့မှာ ပန်းချီဆရာ ဆူးမြင့်သိန်းက Tomorrow Performance အမည်နဲ့ မြောက်ပိုင်း ABSDF ကျောင်းသားတပ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေဖြစ်စဉ် စိတ်ခံစားမှုတွေကို ဖော်ကျူးပြသတဲ့ သရုပ်ဖော်ပြကွက်ကို ခင်းကျင်းပြ သခဲ့ပါတယ်။ ဒီ သရုပ်ဖော် အခမ်းအနားကို မြောက်ပိုင်းဒေသမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသားတွေ၊ စိတ်ပါဝင်စား သူတွေနဲ့ နိုင် ငံရေး အကျဉ်းသားဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။ သရုပ်ဖော် ပြကွက်ကိုတော့ မနက် ၉း၃၀ ကနေ စတင်ခဲ့တာဖြစ်ပြီး မနက် (၁၀း၁၀) မိနစ်ခန့်မှာ ပြီးဆုံးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျဆုံးသွားတဲ့ ABSDF ကျောင်းသားရဲဘော်တွေအတွက် ရည်စူးပြီး မနက်(၁၀း၃၀)မှာတော့ သံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ 

No comments: