လင်္ကာ
There is nothing good, nothing bad; thinking makes it so.
Home
news
Poem
video
article
Political Prisoners
88 gens
Nothern
Thursday, February 16, 2012
ဖို့ ဝိန်း၊အင်ဒီယားနား
တော်လှန်ရေးတာဝန်ကိုထမ်းဆောင်ရင်း အကြောင်းမလှစွာ ကျဆုံးခဲ့ရသော မကဒတမြောက် ပိုင်းဥက္ကဌ ကိုထွန်းအောင်ကျော်နှင့် ရဲဘော်ရဲဘက်များ၊ မကဒတတောင်ပိုင်းမှ ကိုဌေးနိုင်၊ ကို အောင်သူ၊ ကို တင်လေး ( ထားဝယ်ကျောင်းသား သမဂ္ဂ)၊ ကိုတေဇာ၊ ကိုဇော်ထွန်း၊ ကိုထွန်းထွန်းအောင်၊ အပါအ၀င် အခြားရဲဘော် လုပ်ဖော်ကိုင်ဖက် တို.အား ရည်စူး၍ အမှတ်တရ အောက်မေ့ဘွယ် ဂုဏ်ပြု အခမ်းအနား ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် နေ့ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မကဒတ ရဲဘော်ဟောင်းများ က ဦးစီး ကျင်းပခဲ့ကြပါသည်။ အခမ်းအနားသို့ မကဒတရဲဘော်ဟောင်းများ၊ ၁၉၇၄ ကျောင်းသားဟောင်းများ၊ ဗကသ ခေါင်းဆောင်ဟောင်းများ၊ NLD အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တွေ တက်ရောက် ခဲ့ကြပါတယ်။
အခမ်းအနားကို ကိုချစ်ဖွယ်၊ ကိုရာဇာ၊ ကိုသီဟဘကြည်၊ မမင်းမင်းထွေးငယ်၊ ကိုရဲ၊ ကိုအောင်ကြီး၊ ကိုအေးသိန်းထွေး၊ ကိုစိုးကြီး၊ ကိုဥာဏ်အောင်၊ ကိုစိုးချိန် ၊မခင်စန်းနွယ် ၊ ကိုရီဇော် တို့က ဦးဆောင်ပြီး ကျန်ရစ်သူ မိသားစုတွေ၊ မိတ်ဆွေတွေ ကိုယ်စား ကောင်းမှု ကုသိုလ်ပြု ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။ အခမ်းအနား မှာ အကြောင်းမလှစွာ ကျဆုံးခဲ့ရသော မကဒတ ရဲဘော်များ ၏ ဓာတ်ပုံများ၊ ဗွီဒီယို မှတ်တမ်းများ၊ အထောက်အထားများ ကို ပြသခဲ့ကြပြီး၊ ဂုဏ်ပြုတေးသီးချင်းများ ကိုလည်း သီဆိုခဲ့ကြပါသည်။
မကဒတ မှာ ကျဆုံးသွားခဲ့ကြသော ရဲဘော်များအတွက် အောင်းမေ့ဘွယ် ဂုဏ်ပြု အခမ်းအနား မှာ မကဒတ စတင် တည်ထောင်ခဲ့ကြသူများတွင်ပါဝင်ခဲ့ကြတဲ့ မကဒတ ဒုဥက္ကဌဟောင်း ကိုဝင်းမိုး၊ အထွေအထွေ အတွင်းရေးမှူး ဟောင်း ကိုကိုဦး၊ ကိုမြတ်စိုး တို့ကလည်း မိမိ တို့နှင့် လုပ်ဖော်ကိုင်ဖက်များ မကဒတ တောင်ပိုင်းတွင် ကြုံတွေ့ ခဲ့ရသော သမိုင်းဖြစ်ရပ်မှန် များ ကို ပြန်ပြောင်းပြောဆိုခဲ့ကြပြီး၊ လူရာပေါင်း များစွာ အသက်စွန့် စတေးပေး တာဝန်ထမ်းဆောင်သွား ခဲ့ကြသော မကဒတ ရဲဘော်အားလုံး၏ ဂုဏ်သိက္ခာ နှင့် ရဲဝံ့တောင်ပြောင်စွာ အသက်စွန့် လုပ်ဆောင်သွားမှုတွေကို အမှတ်တရ ဂုဏ်ပြု ပြောဆိုသွားကြပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အသက်စွန့် စတေးသွားခဲ့ကြတဲ့ မကဒတ ရဲဘော်အားလုံးဟာ ကြမ်းတမ်းတဲ့ မုန်းတိုင်းထဲ ကို ဖြတ်လျှောက်ရင်း အကြောင်းမလှစွာ ကြွေကျခဲ့ရတဲ့ ကြယ်တွေလိုဖြစ်ခဲ့ရပေမဲ့၊ သူတို့အားလုံး ဟာမြန်မာပြည်သူတွေရဲ့ သူရဲကောင်းများ အဖြစ် လေးစားစွာ ထာဝရ မှတ်တမ်းတင် ခြင်းခံရမှာ ဖြစ်ကြောင်း ပြောဆိုသွားကြတယ်။
တက်ရောက်လာကြသူများကလည်း သမိုင်းဖြစ်ရပ်မှန်တွေ ကို နောင်လာနောင်သားများ ၊ လေ့လာမှတ်သား သိရှိလာစေရန်နှင့် ကျန်ရစ်သူမိသားစုဝင်များ သိရှိရန် ဖြစ်ရပ်မှန် အချက်အလက်များကို ဆွေးနွေး ဖလှယ်ခဲ့ကြပြီး၊ လက်လှမ်း မှီသလောက် စုဆောင်း ဖော်ထုတ် သွားကြမယ်ဆိုတာ သိရှိရပါသည်။
we fight we win
မှကူးယူဖော်ပြသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment