Tuesday, February 28, 2012

စတိတ်ရှိုး



ရွှေသံစဉ် တေးဂီတမှူး ကိုဝင်းမော်ရဲ့ ပထမဆုံး နယ်ရှိုးပွဲ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်က သီရိမင်္ဂလာရုံတိုက်သစ်ကျောင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ စတိတ်ရှိုးပွဲဟာ ရွှေသံစဉ် တေးဂီတမှူး ကိုဝင်းမော်ရဲ့ ပထမဆုံး နယ်ရှိုးပွဲ ဖြစ်ပါတယ်။ကိုဝင်းမော်ဟာ ၂၀၀၇စက်တင်ဘာအရေးအခင်းမှာ ပြည်ပကိုသတင်းပေးပို့မှုနဲ့ဖမ်းဆီးခံခဲ့ရပြီးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး   နောက်ပိုင်း ရွှေသံစဉ် တေးဂီတဝိုင်းနဲ့အတူ နယ်ရှိုးပွဲတွေကို အခုမှ ပြန်လည် ဦးစီး ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဒီရှိုးပွဲကို ရွှေသံစဉ် တေးဂီတအဖွဲ့ နဲ့အတူ အနဂ္ဂ ဖြိုးကြီး ဂျေညီညီ လင်းဇာနည်ဇော် ကာကာ ယုဇန စတဲ့ ရုပ်ရှင်နဲ့ ဂီတအနု ပညာ ရှင်တွေက မေတ္တာနဲ့ လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီမှာတော့ သီရိမင်္ဂလာ ရာပြည့် မော် ကွန်းစေတိတော်ကြီးကို ထီးတော်တင်ခဲ့ပြီး ရွှေည၀ါ ဆရာတော်ကြီးနဲ့ အတူ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်း သားတွေ၊ ဂီတမှူး ကိုဝင်းမော်ဦးဆောင်တဲ့ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေက ပါဝင် ကုသိုလ်ယူခဲ့ကြပါတယ် ခင်ဗျာ။
burma vj မှကူးယူဖော်ပြသည်။

No comments: