Wednesday, February 8, 2012

ဆက်လက်မှားယွင်းနေကြပါစို့ 

လွန်ခဲ့တဲ့ ၇နှစ်လောက်က စပိန်တော်လှန်ရေး အခြေခံထားတဲ့ ဖြစ်ရပ်မှန် ဒရမ်မာဇာတ်ကားလေး တစ် ကားကြည့်ဖူးပါတယ် ။ နာမည်တော့ မမှတ်မတော့ပါဘူး ။  ပြင်သစ်မှာ နပိုလီယံ အာဏာကြီးစိုးတဲ့ အ ချိန်လောက်ကပါ ။ ဘူဇွာသူဌေးကြီးတစ်ဦးဧ။်သမီး စပိန်ရဲ့  အလှနတ်သမီးလို့ တင်စားခေါ်ဝေါ်ရလောက် တဲ့ မိန်းမပျိုလေးကို ဘာသာရေးအာဏာပိုင် ဘုန်းကြီးတွေက "ဂျူး "ဟု စွပ်ဆွဲပြီး ဖမ်းဆီးခဲ့ကြပါတယ် ။ အလွယ်ခေါ်ရရင်တော့ စစ်ကြောရေးကို ပို့လိုက်တယ်ပေါ့ ။ နှိပ်စက်နည်းတွေ အမျိုးစုံအောင် စစ်ဆေးကြပါတယ် ။ နာကျင်လွန်းတော့လည်း ကောင်မလေးခဗျာ သူဟာ ဘုရားသခင်ကို မယုံကြည်တဲ့ မိစ္ဆာဒိဌိပါလို့ ၀န်ခံလိုက်တယ်ဗျာ ။ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရတာ ပြန်လွတ်လာတဲ့အချိန်မှာ မျက်စိ ကွယ်ပြီး အရိုးပေါ်အရေတင် ကလေးတစ်ယောက်အမေ အရူးမကြီးဖြစ်တဲ့အထိပဲဗျာ ။ သမီးအ တွက် သော ကရောက်နေတဲ့ အဖေကလည်း နည်းမျိုးစုံသုံးပြီး သူ့သမီးပြန်လွတ်မြောက်ဖို့ ကြိုးစားတယ်ဗျ ။ နောက်ဆုံး ပုတ်ရဟန်းမင်းကြီးကိုတောင် ငွေအမြောက်အများ လှုဒါန်းမည်ဟုဆိုကာ အိမ်ကိုဖိတ်ခေါ်လိုက်ပြီး ညစာစားပွဲလေးတစ်ခု ဖန်တီးလိုက်တယ် ။ ထမင်းစားရင် အာလာပသလာပပေါ့ဗျာ ဟိုပြောဒီပြောပြောကြ တယ်ဗျ ။ နောက်ဆုံးမှ သူ့သမီးအခြေအနေကို မေးမြန်းတယ် ။ ပုတ်ရဟန်းမင်းကြီးကလည်း အသက်ရှင် လျက်ရှိကြောင်း အာမခံပြောဆိုပါတယ် ။ ဒါပေမယ် သူမအနေနဲ့လည်း အမှန်အတိုင်းဝန်ခံခဲ့ပြီး ထိုက်သင့် တဲ့ ပြစ်ဒါဏ်ကို ကျခံရမှာဖြစ်ကြောင်းပြောတယ် ။ ဒီနေရာမှာ သူတို့နှစ်ဦးရဲ့ စကားလုံးတွေကို ကျနော်ကြိုက် လွန်းလို့ အလွတ်မမှတ်မိတော့ပေမယ့် အဆင်ပြေသလို ဘာသာပြန်ပါရစေ ။ 
"" ခံနိုင်ရည်ထက်ပိုတဲ့ နာကျဉ်ခြင်းတွေ ကြုံတွေလာခဲ့မယ်ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတစ်ချို့ လွဲချော်ပြီး အမှန်တရားနဲ့ သွေဖီတဲ့ အပြုအမူတွေကို ပြုလုပ်မိ တာကြောင့် နှိပ်စက်စစ်ဆေး တဲ့နည်း လမ်းတွေဟာ အမှန်တရားတစ်ခု ဖြစ်နိုင်ပါ့မလား " ဆိုတဲ့ ဖခင်ရဲ့ အမေးကို ပုတ်ရဟန်းမင်းကြီးက " အမှန်တရား အတွက် ဘုရားသခင်က လုံလောက်တဲ့ ခံနိုင်ရည်တွေ ကောင်းချီးပေးပါလိမ့်မယ် " လိုဖြေတယ် ဗျာ ။ အဲဒီမှာပဲ အဖိုးကြီးက စာရွက်တစ်ရွက်ကိုထုတ်ပေးလိုက်ပြီး စာရွက်မှာ လက်မှတ်ထိုးပေးခဲ့ပါ လို့ ပြော တယ်ဗျာ ။ ကျနော်သည် အူတုံအူမ မျောက်မျိုးမှ ဆင်းသက်လာပြီး ဘုရားသခင်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေ ဖို့ငှာလို့ အစပြုပြီး စုံနေအောင်ကိုရေးထားတဲ့စာပါ ။ ဘုန်းကြီးလည်း ကြိုးတုပ်မခံရခင် အချိန်ထိ ကျီစယ်တယ်ဟုသာ ထင်သော်လည်း တကယ်စပြီး နှိပ်စက်တဲ့အခါမှာတော့ သိပ်ကြာကြာ တောင့်မ ခံနိုင်ပါဘူး ။ ချက်ချင်းပဲ လက်မှတ်ထိုးပေးခဲ့ပါတယ် ။ သူလည်း စပိန်ကနေ ပျောက်သွားတာ နပိုလီယံနဲ့အ တူ စပိန်ကိုပြန်လည် သိမ်းပိုက်မဲ့ စပိန်တော်လှန်ရေးထိပါပဲ ။ အော်မေ့နေလို့ အဲ့ဒီ့ဘုန်းကြီးနံမည်က "" ဖရန်စစ်စကို "" ပါ ။

(((ကျနော်လည်း စဉ်းစားနေတာပါ "နာကျင်ခြင်းကြောင့် ထွက်ဆိုခဲ့ရတဲ့ ထွက်ဆိုချက်တွေဟာ အမှန်တရား တစ်ခုလား"ဒါဟာ မှားယွင်းနေတယ်ဆိုရင် ခုချိန် ထိ ဘာလို့ဆက်လက် မှားယွင်းနေကြတာလဲဆိုတာကိုပါ ။)))
 Kyaw Swar facebook မှကူးယူးဖော်ပြသည်။

No comments: