Thursday, February 2, 2012

ဖိတ်စာ

DVB TV News
မြောက်ပိုင်းမှာ ကြွေလွင့် သွားတဲ့ ကျောင်းသားများ အမှတ်တရနေ့ တွေကို ရန်ကုန် မန္တလေး ၂ မြို့ စလုံးမှာ ကျင်းပဘို့ ရှိနေပါတယ်။လာမယ့် ဖေဖေါ်ဝါရီ၁၂ရက်နေ့ မှာမန္တလေး ပြည်ကြီးတံခွန်မြို့ ၊ပန်းခြံလမ်းက
မြ၀တီမင်းကြီးကျောင်းတိုက်မှာဆွမ်းကပ်ပွဲကျင်းပမှာပါ။အလားတူရန်ကုန်မြို့ ပဏ္ဏိတာရာမ ရွှေတောင်ကုန်း
ကျောင်းတိုက်မှာလဲ ဖေဖေါ်ဝါရီလ ၁၃ ၇က်နေ့ မှာ ဆွမ်းကပ်လှူပွဲ ကျင်းပမှာပါ။ 
၁၉၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံခံရမှူလို့ ဆွမ်းကပ်လှူမယ့် မိသားစုဝင်တွေ ဘက်က သုံးစွဲထားပါတယ်။ ABSDF အဖွဲ့ ကတော့ သူလျှို ဖေါ်ထုတ်မှုဆိုပြီး ကြေညာ ချက် ထုတ်ပြန်ထား ခဲ့ပါတယ်။ဒါပေမဲ့ကာယကံရှင်တွေရဲ့မိသားစု ဆွေမျိုးသားခြင်းလုပ်ဖေါ်ကိုင်ဖက် တွေကတော့ABSDF မြောက် ပိုင်း မှာတပ်ဖွဲ့ဝင်အချင်းချင်းဖမ်းဆီးသတ်ဖြတ်ခံခဲ့လိုကိုထွန်းအောင်ကျော်နဲ့တကွ သေဆုံးခဲ့သူများအားလုံး အတွက် ကုသိုလ်ပြုပွဲ တွေ ပြုလုပ်မှာ ဖြစ်ကြောင်း ဖိတ်စာတွေ ဝေငှထားကြပါတယ်။

1 comment:

လင်္ကာ said...

San Chaung Bobo ရန်ကုန်က ကျနော်တို့ ကို မန်းလေးကလုပ်မဲ့အကြောင်းလေးတွေကို အသိပေး တိုင်ပန်စေလိုပါတယ်။ကျနော်တို့ လုပ်မဲ့အကြောင်းတွေကို မန်းလေးကို အားလုံးအသိပေးခဲ့ပါတယ် အေ ဘီ မ ပ ကိစ္စ ကို အားလုံး( လက်လှမ်းမှီသမျှ - ) ကို အသိပေးစေလိုပါတယ်။
Yesterday at 08:41 · Like · 1
Nang Saw ဟုတ် ပါ တယ် ဘိုဘိုဆို တာ ပြန်ေ၇ာက် တည်းက သူ ထောင် မကျ ခင် အထိနှစ် စဉ် နှစ် တိုင်းဆွမ်းကပ် ဖြစ် အောင် ကမကထ လုပ် လာတဲ့ သူ ပါ။ကျမတို့ အမြဲဆွမ်း ကပ် ခဲ့ ပါ တယ်။သူထောင် မကျ ခင် အထိ ပါ။အားလုံးတိုင်ပင်ရင် ပိုကောင်းမှာပါ။ကာယကံ၇ှင်တွေသဘောထားကိုယူသင့်ပါတယ်
Yesterday at 08:48 · Like · 2
Kyaw Gyi AB တိုင်ပင်ပါ့ဗျာ၊ယမင်းဘို မင်းအလုပ်တွေများပြီး ဖုန်ပိတ်ထားတယ် အွန်လိုင်းမတက်ဘူး၊ဒီနေ့ လဲ မန္တလေးက လုပ်ဖော်ကိုင်ဖက်တွေအားလုံးတိုင်ပင်ကြပါတယ်၊ကာယကံရှင်တွေလိုပဲ သဘောထားရှိကြပါတယ်၊ညီမ စိတ်မပူနဲ့ အားလုံးအဆက်အသွယ်ရှိကြတယ်