Sunday, January 15, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၅ )( အောင်မိုးဝင်း )

by Maung Maung Wann on Sunday, 15 January 2012 at 17:37
အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ၈၈၈၈ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ရဟန်းသံဃာတော်တွေရဲ့ ပုံရိပ်တွေကို မြင်ရတာအားတက်ဂုဏ်ယူမိတယ်။ သူတို့ရဲ့ အင်တာဗျူးတွေကို နားထောင်မိတိုင်း၊ ရင့်ကျက်အမြင်ကျယ်တဲ့ ရပ်တည်ချက်တွေကို ခံစားမိတယ်။ ကျနော်တို့ နေထိုင်ရာ ပြည်ပကိုလှည့်ကြည့်မိတော့--- လူသတ်မှုတွေ၊ ခြစားအကျင့်ပျက်မှုတွေနဲ့ ပြည့်နှက်နေတဲ့သူတွေ၊ အုပ်စုဖွဲ့ခြံခပ် လုပ်စားနေတဲ့ သူတွေ၊ အနာဂတ်ကို လောဘတကြီး ပြေးနမ်းချင်နေကြတာကို တွေ့ရတယ်။

 “အတိတ်ဆိုတာ အရိပ်ပမာ လိုက်နေတာကို အခုထက်ထိနားမလည်နိုင်သေးသူများအတွက်” 
နားထောင်စမ်း-
ဒီည--ပါဂျောင်ရဲ့အကျဉ်းထောင်ထဲမှာ“ယုဇနပင်နဲ့ဖဲကြိုးဝါ”သီချင်းဆိုမဲ့သူမရှိဘူး
“ထွန်းအောင်ကျော်”ရဲ့ဝိညာဉ်တွေကစန္ဒယားခလုတ်တွေပေါ်မှာပြေးဆော့နေတယ်.....
သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂ အလံတော် အောက်မှာ   -------  တဲ့လေ။
“လှဆိုင်း၊မျိုးဝင်း၊သံချောင်း၊ အောင်နိုင်၊သန်းဇော်”တို့အတွက်ဆယ်ဘဝစာလိပ်ပြာခြောက်လန့်နေတော့မယ်။

မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးအပြီး၊ မန္တလေး စစ်ထောက် လှမ်းရေးတွေ ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေဆီက အဖြေမရမချင်း “ ဟေ့ ကောင်တွေ မှန်မှန်ဖြေနော် မဖြေရင် ABSDF ( မြောက်ပိုင်း) က ကောင်တွေ ကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲဖြစ်တယ်။ တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ ဖက်ဆစ်အစိုးရက ဆရာတင်ရလောက်အောင်အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့ အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀) ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။                                                                 
 ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ ဖာထေးကာကွယ်လို့မရဘူး  “ နိုင်ငံရေးအတွေ့အကြုံမရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမဲ့ “ယုတ်မာကြမ်းကြုတ်ခြင်း”  ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။ ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲလုပ်လုပ်၊ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက် သွားရပါလိမ့်မယ်။
ရန်သူ့သူလျှို ဆိုတာ--
ရန်သူ့ သူလျှို ဆိုတဲ့စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆိုနေမှုကို လုံးဝခွင့်မပြုနိုင်ပါ။  ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ ဒီကနေ့ စစ်အာဏာရှင်တွေတောင် သဘောပေါက်ပါတယ်။ ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသား တချို့ ထဲမှာလည်းရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့     ABSDF  ( မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။ ထိုင်းနယ်စပ်မှာ ခြစားအကျင့်ပျက်နေတဲ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အ စည်းတွေထဲမှာလည်း ရှိနိုင်တယ်။  လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ် တယ် ။ ဝှက်ဖဲတွေ ရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။

အနိမ့်ဆုံးသဘောတူညီမှု

ရန်သူ့ သူလျှို လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည်စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကိုနားမလည်ပဲ တော် လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက စွပ်စွဲနေမယ် ဆိုရင် “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။ ဘာပဲဖြစ်ဖြစ် အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်တင်ကြရပါလိမ့်မယ်။ မတရားမှုကို မရှုတ်ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ် မသတ်မှတ်နိုင်သလို၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသ ယဖြစ်စရာကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။
လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် ..
၁၉၉၂ ကာလ ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက  ရော်နယ်အောင်နိုင်( ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း ( သေဆုံး)၊ သံချောင်း ( ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊ အာသံ ကုန်းမြင့်ပေါ် မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ လှဆိုင်း ( ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော် တို့ အုပ်စုကို “ ယောင်္ကျား ပီသပါ။ သတ္တိရှိပါ၊ လူထုကို မျက်နှာ ချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။ ဒီလိုလူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေ ကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

မိတ်ဆွေတွေအတွက် ဂတိစကား
ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ ဖြစ်စဉ်တခုလုံးဟာ ကျနော်တို့တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ စနစ်တ ကျလည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့  အချက်ပါ။ နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်။ 
အောင်မိုးဝင်း                                

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း) ကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်။

ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်း မှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ် လုပ်ပေးနေရ သည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။ ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး လူမဆန်စွာ ညှင်းပမ်းနှိပ် စက်ပြီး ထောက်လှမ်းရေး သူလျှို ဟုတ်ပါသည်ဟု မတရားဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ဟုတ်သည်ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့် ထောက်လှမ်းရေးသူလျှို၏ အမည် ကို နှိပ်စက်ပြီး မေးလေတော့သည်။ ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင် ကို ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံ ရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။
ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ ရှိချိန်တွင် ထောက်လှမ်းရေး သူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်း ခံရသော ကျောင်းသား စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက် မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိကတာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF ( မြောက်ပိုင်း) ၏ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ် မတော် ခေါင်းဆောင်ဖြစ်သည့်
(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာ နမှ နှုတ်ထွက် ခဲ့ရသူတဦးဖြစ်ပြီးယ္ခုအခါချင်းမိုင်  နေထိုင်ကာအင်တာနယူးအေဂျင်စီတွင်လုပ်ကိုင်နေသောသူ ဖြစ် သည်။
(၂) သံချောင်း (ခ) စိုးမြင့် ( ၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)
(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)
ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင် တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ
(၁)ဗိုလ်မှူးသံချောင်း(ခ)မြင့်စိုး(ဗဟိုစစ်ရေးတာဝန်ခံ)
(၂)အတွင်းရေးမှူး အောင်နိုင်(ဥက္ကဋ္ဌအဖြစ်ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်) 
(၃)ဗိုလ်ကြီးမျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား 
(၄)တပ်ကြပ်ကြီးသန်းဇော်(မန္တလေးဗဟိုထောက်လှမ်းရေးတာဝန်ခံ)
(၅)တပ်ကြပ်ကြီး ဇော်ဇော်မင်း(မိုးညှင်းဗဟိုထောက်လှမ်းရေး)
(၆)ဒုတပ်ကြပ် အောင်စိုးမြင့်(မိုးညှင်း-ဗဟို ထောက်လှမ်းရေး)
(၇)တပ်ကြပ်ကြီး ကျော်ထင်ဦး(မိုးညှင်းဗဟိုထောက်လှမ်းရေး)                                                                  (၈)ရဲဘော် မောင်ထွေး(ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂  ( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)                                                                 (၃) အောင်သန်း(မိုးညှင်း(၇၀၁)တပ်ရင်းမှူး)
(၄)သက်ထွန်း(မိုးညှင်းတပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူတပ်ခွဲမှူး)
(၆)သိုက်ထွန်းဦး(ရန်ကုန်၅၀၁တပ်ရင်းမှူး)
(၇)ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ)
ထောင်မှူးတာဝန်ခံများ

(၁)ဒုအရာခံဗိုလ် အောင်မင်း(မိုးညှင်း)တပ်ကြပ်ကြီးထိန်လွန်(ဗန်းမော်) 
(၂)တပ်ကြပ်ကြီး အေးမောင်(မိုးညှင်း)၊ရဲဘော်လက်သီး
(၃)တပ်ကြပ်ကြီးတာတီး(မိုးညှင်း)၊တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး
(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ-   သူမ၏တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။
(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်) ( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင်မျိုးဝင်းမှမင်းဘာတတ်နိုင်သေးလဲဟုအငြိုးတကြီးကြိမ်းမောင်းခဲ့) 
(၃)ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)                                                    (၄)ရဲဘော်သက်နိုင်(ရန်ကုန်)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၅)ဗိုလ်သာဓု(ရန်ကုန်(ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၆) ရဲဘော် အောင်ဖိုး  ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)
(၇)ဥက္ကဋ္ဌထွန်းအောင်ကျော်(မန္တလေး)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၈)ရဲဘော်ရန်အောင်(မန္တလေး)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၉)ကိုချိုကြီး(မန္တလေး)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၀)ကိုလှမြင့်(မန္တလေး)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၁)ရဲဘော်မောင်မောင်    ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၂)ရဲဘော် အေးမြင့်(ကသာ)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၃)ရဲဘော် ကျော်ကျော်မင်း(မုံရွာ)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၄)တပ်ကြပ်ကြီး သောင်းမြင့်(စစ်ကိုင်းတိုင်း)( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။
ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး
(၁) ကိုကျော်ဝေ ( မန္တလေး) –
စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသား များလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။
(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)
(၃) ဝင်းနောင် ( ရန်ကုန်)  ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်
(၄) ရန်ရှင်း   ( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)
(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်ဆက်ခံခဲ့ရသည်)

လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး
(၁)ရဲဘော်စိုးမင်းအောင်
(၂)ဗဟိုကော်မတီဝင်ဦးစိန်(ရန်ကုန်)

                                                                    

















(၃)ရဲဘော်ပြည့်စိုးနိုင်(ရန်ကုန်) 
(၄)ရဲဘော် အေးကျော်                                                                                              
(၅) ရဲဘော် ကျော်ဋ္ဌေး                                                                                                  
(၆)ရဲဘော်ကျော်ကျော်ဦး
(၇)ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)                                                                              
(၈)တပ်ကြပ်ကြီး ဇော်ဝင်းချစ်(ဗန်းမော်) 
(၉)ဗဟိုကော်မတီဝင်ခင်မောင်အေး(စစ်ကိုင်း)
(၁၀)ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း(မန္တလေး)
(၁၂)အရှည်ကြီးဝင်းသိန်း
(၁၃)ရဲဘော် စိုးကြီး
(၁၄)ရာကွတ်ဘိုင်(တရုပ်ပြည်၊ယင်ကျန်း)


 စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး

( ၁) ညီညီကျော် ( မန္တလေး)                                                                                                 (၂)ရဲဘော်သက်တင်(ဗန်းမော်)
(၃)ဂမ်လီ(လဇွန်ဂမ်လီ)
(၄) စိုးကြိုင်
မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး
 (၁)တပ်ကြပ်ကြီးခင်မောင်ဇော်(မန္တလေး)ဗဟိုစစ်ရုံးတာဝန်ခံ  
(၂)ရဲဘော်မိုးဇော်ထွန်း(ခ)မိုးကြီး(ရန်ကုန်)                                                                                          (၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင်ခေါ်ဆောင်ထားမည် ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည် ဟု ပြောခဲ့ပါ သည်။ ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက်စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်း သားခေါင်းဆောင်များအား ရှစ်ခိုးငိုယိုတောင်းပန်ကာ မိမိတို့ (၇) ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေး ရန် ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ
(၁)ရဲမေနန်းအောင်ထွေးကြည်(ရန်ကုန်)                                                                            (၂)ရဲဘော်ဝဏ္ဏဇော်(ရန်ကုန်) 
(၃)ခရိုင်မှူးရဲလင်း(ရန်ကုန်(စစ်အစိုးရမှ ထောင်ဒဏ်၇ နှစ်ချမှတ်ခဲ့သည်)
(၄)ရဲဘော်မိုးကျော်သူ(ခ)ဘိုဘို(ရန်ကုန်(စစ်အစိုးရမှ ထောင်ဒစ်၂၁ နှစ်ချမှတ်ခဲ့သည်)
(၅)ရဲဘော်ညီညီအောင်(ခ)ဒိုဇာ(ပဲခူး)
(၆)ကိုညီညီ(မန္တလေး)                                                                                                     (၇)ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)

        


မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ ထောင်အတွင်းတွင် ကျန် ရှိနေသော ကျောင်း သား (၅၆) ဦး ထောင်ဖောက် ထွက်ပြေး လွတ်မြောက် သွားကြသည်။ ထိုညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေး မှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအ ဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။ တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တို့မြှင့်ရယူ လိုက်သော အောင်နိုင် ( ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။
မှတ်မိသလောက်ဆိုလျင် ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။ နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းစာရှာစားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်း ဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆီးခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။
အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။



3 comments:

လင်္ကာ said...

Maung Maung Wann
မနေ့က သူငယ်ချင်း ပန်းချီ ထိန်လင်း ကဖုန်းဆက်ပြောလာတယ်...အရေးကြီးတဲ့ အချက်ပါ....ကိုပေါ်( မင်းကိုနိုင် ) ( ထောင်ထဲမ၀င်ခင် )..ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကိုရှင်းရမယ်...ထွန်းအောင်ကျော်ဟာ တို့လူ....ကျောင်းသားသမဂ္ဂခေါင်းဆောင်အစစ်...လို့ပြောတယ်တဲ့....ခု ကျနော်တို့ ရဲဘော်ကြီးတွေ လွတ်လာပြီ...ရှင်းမယ်.....သူလျှိုဟုတ်လား..မဟုတ်လားဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ သက်သေခံလိမ့်မယ်။ လူထုက တခဲနက်ထောက်ခံနေတဲ့ ဒီလူတွေက သူလျှိုမဟုတ်ပါဘူး...ကျောင်းသားခေါင်းဆောင်အစစ်ပါလို့ သက်သေခံတာကို ငြင်းပယ်ပြီး...သူလျှိုပါလို့ ဆက်သတ်မှတ်ချင်သေးရင်...ကိုယ့်လူတို့...လူထုနဲ့ဝေးရာဆီကိုသာလျှောက်ကြပေတော့.....
28 minutes ago · Like · 9

လင်္ကာ said...

Soe Naing တန့်ဆည်က မြောက်ပိုင်းအေဘီမှာ အသတ်ခံရတဲ့ ကိုကျော်အုန်း၊ ကိုသောင်းမြင့် တို့နဲ့ ပတ်သက်လို့ တခုပြောချင်တယ်။

သူတို့က ကျနော်နဲ့ အပတ်စဉ် (၂) သင်တန်းတပတ်စဉ်တည်းပါ။

ကျနော် 10D နဲ့ အဖမ်းခံရလို့ မန္တလေးနန်းတွင်းထောင် (သီးသန့်ထောင် တိုက် -၁) ရောက်တော့ တန်းစီး ကိုအောင်ဝင်း (၈၈ တုန်းက တန့်ဆည် ရဲစခန်း ဝင်ဆီးလို့ အဖမ်းခံသူ) ဆိုတာ တွေ့တယ်။
ခင်ဗျား ကိုကျော်အုန်းနဲ့ ကိုသောင်းမြင့်ကို သိလားလို့ ကျနော် မေးခဲ့တယ်။
သိတယ် သူတို့ ရဲ့စခန်းဝင်ဆီးတဲ့ထဲပါတယ်။ သူတို့ ၂ ယောက် တောခိုသွားတယ်လို့ ပြန်ပြောပါတယ်။
ကိုညီညီကျော် တန့်ဆည်မှာ အဲဒီလူ ကိုအောင်ဝင် မသေသေးရင် သွားမေးပါ။
10 hours ago · Like · 3

လင်္ကာ said...

Udp Myanmar
ABSDF (မြောက်ပိုင်း)က သမိုင်းသိပါတယ်ဆိုတဲ့ ကျောင်းသားတွေက အစဉ်အလာနဲ. အင်မတန် မွန်မြတ်လှတဲ့ ပြည်ထောင်စုနေ. ဖေဖေါ်ဝါရီလ ၁၂ ရက်နေ.ကိုမှာ ယစ်ပူဇော်သလိုမျိုး ကျောင်းသားတွေ ဒီမိုကရေစီအင်အားစုတွေ လူတွေကို ခေါင်းဖြတ် သတ်ဖြတ်ခြင်းဟာ အတော်ကို ရင့်သီးရာ စော်ကားရာ---ပြည်စုထောင်၏ နေ.ထူးနေ.မြတ်ကို--- အမဲရောင်ဆိုးလိုက်ခြင်းပါ။ ။ နောက် လူသတ်မှုမှာ ခေါင်းဖြတ်တဲ့ Butcher တဦးကို အနှစ် ၂၀ ကြာပြီးတဲ့နောက်မှာ ABSDF က တပ်ဖွဲ.၀င်အဖြစ် ပြန်ပြီး လက်ခံခြင်း တာဝန်ပေးခြင်းဟာလဲ လက်ရှိလောလောဆယ် ABSDF ခေါင်းဆောင်တွေကိုပါ မေးခွန်းထုတ်စရာပါ။ ဒီကိစ္စကို ကြေညာချက် ထုတ်တော့လဲ လူသတ်သမားတွေ တရားခံတွေ သုံးစွဲခဲ့ စွပ်စွဲခဲ့သည့် စကားလုံး အသုံးအနှုန်း ဖြစ်တဲ့ ရန်သူ. "သူလျို.ဖော်ထုတ်မှု" စကားလုံးနဲ. သေသွားသူတွေကို ထပ်ပြီး စော်ကားလိုက်သလို အဲဒီကြေညာချက် စကားလုံးကို လူမသိမှာ လူများများ မကြားမှာ မသိမှာ ဆိုးလို.လားတော့မပြောတတ်ပါ-- DVB သတင်းထောက်တွေ သတင်းကြေညာသူတွေကိုပါ အဲဒီ စကားလုံးတွေ အသုံးအနှုန်းတွေကို စကားလုံးအတိအကျအတိုင်း ကော်ပီလုပ်ပြီး ဖြန်ချီပေးခဲ့ပါသည်။ ။ ဒါပေမယ့် ဒီလူသတ်မှုဟာ အင်တာနက်နဲ. အွန်လိုင်းပေါ်မှာပဲ လူထုသဘောထား ကောက်ခံမှု Public Opinion Poll or Signature Petitions. Signature Campaigns တွေလို ထောက်ခံသူတွေ ကန်.ကွက်သူတွေ ဖာထွေးသူတွေအကြား မဲအနည်းအများနဲ. လူထုသဘောထား စစ်တမ်း ကောက်ခံချက်အရ Online Vertict နဲ. ပြီးသွားမည့် လူသတ်မှု မဟုတ်ပါ။ ABSDF အဖွဲ.၀င်ဟောင်းတွေနဲ. အေဘီ အဖွဲ.အ၀င် မဟုတ်သူတွေအကြား စကားရေလု-Debate လုပ်ပြီး အဖြေရှာတာမျိုးနဲ. အဆုံးသတ်မှာ မဟုတ်ပါ။ နောက်တခုက ABSDF အဖွဲ.က စုံစမ်းရေးကော်မတီဖွဲ.ပြီး တွေ.ရှိချက်ကို လူထုထံ ထုတ်ပြန်ရုံနဲ. ဒီလူသတ်မှုက ရပ်သွားမှာ မဟုတ်--ဒါကြောင့် Online Verdict, Opinion Poll, Signature Petition Compaign မျိုး ABSDF Investigattion Committee's Report ဟာ အခု အရိုးတွန်နေတဲ့ လူသတ်မှုကြီးကို ဆုံးဖြတ်မှာ ရပ်တန်.မှာ မဟုတ်ပဲ ဥပဒေကြောင်းအရ လူသတ်တရားခံတွေ တရားခွင်မှာ ရင်ဆုံးရမှာ ဖြစ်ပါသည်။ ဥပေဒ၏ အဆုံးဖြတ်အချက်နဲ. သေသွားသူတွေ နစ်နာသူတွေအတွက် Justice ရရှိအောင် ဖော်ဆောင်ရမည့် ရာဇ၀တ်မှုဆိုတာ အားလုံးပါ--- Jutsice will previal one day. That one day is coming soon. The dawn of justice is just seconds and minutes, days and months away.
7 hours ago · Like · 2