အင်းစိန်ထောင်(၅)တိုက်မှာ နေခဲ့ရတုန်းက ဦးမင်းသူသင်ပေးခဲ့တဲ့သီချင်းလေးပါ။ ရေချိုးချချိန် ၁၅ မိ နစ်လောက်မှာ သူအခန်းကိုသွား တကြောင်းသင်။ နောက်ပလတ်စတစ်ပေါ်မှာပြန်ရေးပြီးတကြောင်း ကျက်။ နောက် တကြိမ်ရေချိုးချချိန် နောက်တကြောင်း မှတ်။ အဲဒီလိုနဲ့ သီချင်းလေးတပုဒ်ရခဲ့ပါတယ်။
ဦးမင်းသူကကိုအောင်ထွန်းရဲ့ ကျောင်းသားသမိုင်းစာအုပ် နဲ့ ထောင်ကျလာသူပါ။သီချင်း အဆိုကောင်းတဲ့ အပြင် အသံကြားရင် နုတ်စ်ကောက်ရေးနိုင်တဲ့ အထိ ဂီတပါ ရမီရှိတဲ့သူပါ။ ပထမ သူက (၃)တိုက်မှာနေရ ပြီး အဲဒီကမှ ကျနော်တို့  ၅ တိုက်ကိုပြောင်းလာရပါတယ်။ သုံးတိုက်က ဟိုဘက်ဒီဘက် ဘာမှမမြင်ရဘူး လို့ ဆိုတယ်။ အဲဒီကမှကျနော်တို့ ဆီရောက်လာ။ ကျနော်တို့ လူငယ်တွေ နဲ့  တွေ့ ရတော့ သူနည်းနည်းလန်း လာပုံပါပဲ။ သူ၃တိုက်မှာနေတုန်းက တဖက်အခန်းကဒီသီချင်းဆိုသံကိုကြားရပါတယ် တဲ့။ ဘယ်သူ ဆိုမှန်းတော့ သူမသိဘူး။ သူရပြီးသားသီချင်းဆိုတော့ ပြန်အစဖော်ရင်းဖော်ရင်းနဲ့  ဒီသီချင်းအစ အဆုံး သူပြန်ရသွားပါတယ်တဲ့။ ကျနော်လည်းဘာရယ်မဟုတ်ဘူး။ အားလည်းအားနေတာနဲ့ ဒီ သီချင်းလေးလည်း ကြိုက်တာ နဲ့ သူ့ ကို သင်ခိုင်းလိုက်ပါတယ်။
နောက်တော့အင်းစိန်ထောင်မှာဆန္ဒတွေပြ။စစ်ခွေးတိုက်တွေရောက်ကြ။အထုအထောင်းတွေခံကြရ။
ထောင်တွေပြောင်းကြရွှေ့ ကြနဲ့ ။ ဦးမင်းသူကတော့ အင်းစိန်ထောင်မှာပဲကျန်ရစ်ခဲ့တယ်။ကျနော် တို့ သူငယ် ချင်းတစုကတော့ ဟိုရောက်ဒီရောက်။ ဦးမင်းသူသင်ပေးတဲ့သီချင်းလေးကို တခါတလေညည်းဖြစ်ရင်တော့ သူ့ ကိုသတိရမိသား။ နောက်ကျနော် ထောင်ကလွတ် တော့ဦးမင်းသူသတင်းကြားရတာကသူအင်းစိန်ထောင် ထဲမှာပဲဆုံးသွား တယ် တဲ့ ။ ကျနော့်အတွက်တော့ ဒီသီချင်းက မှတ်မှတ်ရရပါပဲ။
ထောင်တွေပြောင်းကြရွှေ့ ကြနဲ့ ။ ဦးမင်းသူကတော့ အင်းစိန်ထောင်မှာပဲကျန်ရစ်ခဲ့တယ်။ကျနော် တို့ သူငယ် ချင်းတစုကတော့ ဟိုရောက်ဒီရောက်။ ဦးမင်းသူသင်ပေးတဲ့သီချင်းလေးကို တခါတလေညည်းဖြစ်ရင်တော့ သူ့ ကိုသတိရမိသား။ နောက်ကျနော် ထောင်ကလွတ် တော့ဦးမင်းသူသတင်းကြားရတာကသူအင်းစိန်ထောင် ထဲမှာပဲဆုံးသွား တယ် တဲ့ ။ ကျနော့်အတွက်တော့ ဒီသီချင်းက မှတ်မှတ်ရရပါပဲ။
သီချင်းကထောင်ကျတယောက်အကြောင်းပါ။
...ကျနော် ထောင်ကလွတ်တော့ဇာတိ မြို့ လေးဆီပြန်ခဲ့ပါတယ်။ရထားပေါ်ကအဆင်းကြည့်လိုက်တော့ မြို့ လေးက အရင်အတိုင်း ပါပဲ။ ဘာမှမပြောင်းလဲ။
ဘူတာရုံမှာ အမေရယ်၊အဖေရယ်ကျနော့်ကိုလာကြိုနေကြတယ်။
ချစ်ရတဲ့ မေရီက ရွှေဝါရောင်ဆံပင် တလွင့်လွင့် နဲ့ ချယ်ရီရောင်သွေး နုတ်ခမ်းနဲ့ အပြေးလာကြိုနေလို့ ။
ဒါတွေဟာ အိမ်ရဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ ထိတွေ့ လိုက်ရသလိုပါပဲ။
ကျနော့်ကိုလာကြိုကြတဲ့ သူတို့ ရဲ့ အပြုံးတွေ၊ လက်ကမ်းကြိုမှုတွေ ဒါတွေအားလုံးဟာ
အိမ်ရဲ့ မြက်ခင်းစိမ်းစိမ်းတွေနဲ့  ထိတွေ့ လိုက်ရသလိုပါပဲ။
ဆေးသားတွေကွဲအက်ခြောက်သွေ့ နေပေမယ့် ကျနော့်အိမ်က အရင်အတိုင်းရှိနေဆဲ..
ငယ်ငယ်က ကစားနေကြ၀က်သစ်ချပင်အိုကြီးကလည်း အရင်နေရာမှာပဲ
လမ်းကလေးအတိုင်း ကျနော်နဲ့  မေရီနဲ့ အတူတူလမ်းလျှောက်သွားကြ
ရွှေဝါရောင်ဆံပင်တလွင့်လွင့်နဲ့ ၊ချယ်ရီသွေးနုတ်ခမ်းနဲ့ မေရီ...
ဒါတွေအားလုံးဟာ အိမ်ရဲ့ မြက်ခင်းစိမ်းစိမ်းကိုထိတွေ့ ရသလိုပါ....
နိုးလာလို့  ဘေးဘီလှည့်ကြည့်လိုက်တော့
နံရံလေးဘက်ပတ်လည်မှာကာဆီးထား
ဒီတော့မှ ကျနော်အိပ်မက်မက်နေတာပါလား သိလိုက်ရ
ဒါတွေတကယ်မဟုတ်ပါလား။
ကျနော်အိပ်မက်မက်နေတာပါလား....
ဦးမင်းသူကောင်းရာသုဂတိလားပါစေ။
ကျနော်အိပ်မက်မက်နေတာပါလား....
ဦးမင်းသူကောင်းရာသုဂတိလားပါစေ။
No comments:
Post a Comment